Connect with us

Africa & Middle East

တရုတ်နိုင်ငံက တရုတ်-ပါကစ္စတန်ကြား ဆက်ဆံရေး ပျက်ပြားစေမည့် ကြံစည်ကြိုးပမ်းမှုအားလုံးကို ပြတ်ပြတ်သားသားဟန့်တားရန် ပါကစ္စတန်နှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဝမ်ရိပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၁ ရက်က ပေကျင်းမြို့မှ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၁၁ ရက်တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ လုံခြုံရေးဆိုင်ရာ အမြင်ချင်းဖလှယ်ခဲ့ပြီး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၆ ရက်က ပါကစ္စတန်နိုင်ငံကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ်အင်စတီကျု့ မှ ကျောင်းကြိုးယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ပါကစ္စတန်သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်အားလုံးက အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြောင်းနှင့် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Shahbaz Sharif ကိုယ်တိုင်က ပထမအချိန်တွင် တရုတ်သံရုံးသို့သွားရောက်ကာ ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ပြသခဲ့သည်။ ထို့ပြင် ပါကစ္စတန် အစိုးရက ပါကစ္စတန်ရှိ တရုတ် နိုင်ငံသားများ၏ လုံခြုံရေးအာမခံချက်ကို ယခင်က မရှိဖူးသည့် အဆင့်အထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအပေါ် တရုတ်နိုင်ငံမှ အပြုအဝအသိအမှတ်ပြုကြောင်း ဝမ်ရိကပြောကြားခဲ့သည်။

လွန်ခဲ့သည့် ကာလများအတွင်း ပါကစ္စတန်၌ တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုရှိခဲ့ကြောင်း၊ တရုတ်ခေါင်းဆောင်က ယင်းအပေါ် အလေးထားကြောင်း၊ တရုတ်လှုမူရေးအသိုက်အဝိုင်းက ယင်းအပေါ် အာရုံစိုက်ဂရုပြုကြောင်း၊ တရုတ်အစိုးရက ယင်းအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။အကြမ်းဖက်အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ပါကစ္စတန်အစိုးရ၏ ယုံကြည်စိတ်ချရမှုကို အားနည်းစေရန်နှင့် တရုတ်နှင့် ပါကစ္စတန်အကြား ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကို ပျက်ပြားစေရန်ဖြစ်သည်။ နှစ်ဘက်စလုံးမှ ခိုင်မာပြီး ထိရောက်သော စီမံချက်များဖြင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ လက်ရှိလုပ်ဆောင်ရမည့် အရေးကြီးသော အချက်မှာ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးရှာဖွေပြီး ၎င်းအား အရေးယူရန်ဖြစ်သည်။

ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေး၊ အချိန်နှင့်တစ်ပြေးညီ လုံခြုံရေးသတိပေးချက်များနှင့် လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များကို ဖြည်းဆည်းရန် နှစ်ဘက်စလုံးမှ တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်သည်။ ပါကစ္စတန်အနေဖြင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် “ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ အဖွဲ့အစည်းနှင့် စီမံကိန်းများ လုံခြုံရေးအတွက် အားဖြည့်စီမံချက်”ကို အရှိန်မြင့် အကောင်အထည်ဖော်သင့်သည်။ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်အကြမ်းဖက် တိုက်ဖျက်ရေးအား ထောက်ခံပေးမည်ဖြစ်ကြောင်းနှင့် တရုတ်-ပါကစ္စတန်ကြား ဆက်ဆံရေး ပျက်ပြားစေမည့် ကြံစည်ကြိုးပမ်းမှုအားလုံးကို ပြတ်ပြတ်သားသားဟန့်တားရန် ပါကစ္စတန်နှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံကလည်း ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ်အင်စတီကျု့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Bilawal က ပြောကြားခဲ့သည်။ တရုတ်ညီအကိုမောင်နှမများကို တိုက်ခိုက်ခြင်းက ပါကစ္စတန်ပြည်သူများအား တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း၊ ပါကစ္စတန်က အကြမ်းဖက်လုပ်ရပ်အားလုံးကို ဆန်ကျင့်ကြောင်းနှင့် ယင်းအမှုကို သေချာစွာစုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူအား ဥပဒေစက်ကွင်းထဲ အရောက်ပို့နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အကြမ်းဖက်သမား၏ ရည်ရွယ်ချက်မှာ ပါကစ္စန်-တရုတ် ချစ်ကြည်ရေးကို ဖျက်ဆီးရန်ဖြစ်ကြောင်းနှင့် ပါကစ္စတန်မှ ၎င်းတို့ ရည်ရွယ်ချက်ကို ဟန့်တားသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီများနှင့် ဥပဒေစိုးမိုးရေးအေဂျင်စီများက ပြစ်မှုကျူးလွန်သူအား အပြစ်ပေးအရေးယူရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အစွမ်းကုန်လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အကောင်းဆုံးမိတ်ဆွေဖြစ်ပြီး ပါကစ္စတန်ဘက်မှလည်း ပါကစ္စတန်ရှိ တရုတ် နိုင်ငံသားအားလုံး လုံခြုံရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်ကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
王毅:中方愿同巴方一道,坚决挫败一切破坏中巴关系的图谋

新华社北京5月11日电 5月11日,国务委员兼外长王毅同巴基斯坦外长比拉瓦尔举行视频会晤时,专门就在巴中国公民安全问题交换意见,达成了共识。

王毅指出,4月26日,卡拉奇大学孔子学院班车遭遇恐怖袭击后,巴总统、总理、议长、各党派领导人及各界人士一致谴责恐袭,夏巴兹•谢里夫总理和你本人第一时间到中国驻巴使馆吊唁,致信中国领导人表示慰问。巴内阁还决定将保障在巴中国公民安全提升至前所未有程度。中方对此予以充分肯定。

王毅强调,过去一段时间巴基斯坦接连发生针对中国在巴人员的恐袭事件,造成严重伤亡,中国领导人对此极为重视,中国社会对此高度关注,中国政府对这一暴行予以强烈谴责。恐怖势力的目的就是削弱巴政府公信力,就是破坏中巴传统友好。双方应立即行动起来,采取坚决有效措施加以应对。当务之急是加快查案追凶,尽快予以严惩。双方要有针对性地提升在巴中方人员、机构和项目的安全保护,及时安全预警,堵塞安保漏洞。希望巴方加快落实《维护中方人员、机构和项目在巴安全的加强版工作方案》,切实保障中巴经济走廊和在巴中国人员、机构和项目安全,坚决防止再次发生类似事件。中方将继续支持巴方提升反恐能力,愿同巴方携手努力,坚决挫败一切破坏中巴关系的图谋。

比拉瓦尔表示,巴方对卡拉奇孔子学院恐袭事件予以最强烈谴责。对中国兄弟姐妹的袭击就是对巴人民的袭击。巴坚定反对一切恐怖行径,定将此案查得水落石出,定将所有犯罪分子绳之以法。恐怖分子针对的目标是巴中友好,巴方绝不会让他们得逞。巴情报机构和执法机构正夜以继日工作,将竭尽所能惩治犯罪分子,并全力防止类似事件再次发生。中国是巴最好的朋友,巴方愿进一步提高反恐能力,确保所有在巴中国公民的安全。