Connect with us

Politics, Law & Military

တရုတ်နှင့် အာဆီယံက ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ယုံကြည်မှုနှင့် အားအင်များ ပံ့ပိုးပေးကြောင်း ဝမ်ရိပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်းပြောကြားနေသည်ကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထရေးအတွက် ပထမဦးစွာ ကပ်ရောဂါသက်ရောက်မှုကို အရှိန်မြှင့်တင် ကျော်လွှားရမည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများက ထိရောက်သည့် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ရာ ကပ်ရောဂါပြန့်ပွားမှုကို ပထမဦးစွာ ထိန်းချုပ်နိုင်ခဲ့ပြီး စီးပွားရေး လျင်မြန်စွာ ပြန်လည်နာလန်ထူရေးအတွက် လိုအပ်သော အခြေအနေကို ဖန်တီးပေးကာ ကမ္ဘာအတွက် တန်ဖိုးရှိသည့် ယုံကြည်မှုကို ဖြည့်သွင်းပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

—————————
(Chinese Version)
王毅:中国和东盟为全球复苏提供信心和动能
新华社雅加达7月11日电(记者余谦梁)
王毅说,全球经济复苏,首先需要加快克服疫情冲击。中国和东盟国家开展了卓有成效的抗疫合作,最先控制住了疫情蔓延,为经济快速复苏创造了必要条件,也为世界注入了宝贵的信心。
图说- 7月11日,中国国务委员兼外长王毅在位于雅加达的东盟秘书处发表政策演讲并答问。新华社记者徐钦摄