Connect with us

Europe

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူပေါင်းသောင်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

ပြင်သစ်နိုင်ငံ တောင်ပိုင်း Var ဒေသတွင် တောမီးလောင်ကျွမ်းနေသည်ကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Gironde ဒေသတွင် မကြာသေးမီက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သြဂုတ် ၁၁ ရက်ညပိုင်းအထိ သစ်တော ဟက်တာပေါင်း ၇,၄၀၀ နီးပါး (၁၈,၃၀၀ ဧက နီးပါး) ပျက်စီးခဲ့ကြောင်းနှင့် လူပေါင်းသောင်းချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ တောမီးကို တုံ့ပြန်ရန် နိုင်ငံတစ်ဝန်းရှိ မီးသတ်သမားပေါင်း ၁၀,၀၀၀ ကျော်ကို စေလွှတ်ပြီးဖြစ်ကြောင်း ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က သြဂုတ် ၁၁ ရက်တွင် ဆိုရှယ်မီဒီယာ၌ ‌ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းက ဂျာမနီ၊ ဂရိ၊ ပိုလန်၊ ရိုမေးနီးယားနှင့် သြစတြီးယား စသည့်နိုင်ငံများမှ အချိန်မီပေးအပ်သော မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေး ကူညီမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ် ၁၉ ခုတွင် သြဂုတ် ၁၁ ရက်က အပူချိန်မြင့်မားမှု လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် တောမီးသတိပြုရန် အစိုးရက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)
法国西南部发生森林火灾 上万人被疏散
新华社巴黎8月11日电法国西南部吉伦特地区近日发生森林火灾,截至11日晚,已造成近7400公顷森林被毁,上万人被迫疏散。
法国总统马克龙11日在社交媒体上发文说,全国已动员1万多名消防人员全力应对这场森林火灾。他同时对德国、希腊、波兰、罗马尼亚和奥地利等国及时提供灭火救灾援助表示感谢。据报道,法国西南部19个省份11日发布橙色高温预警,政府呼吁居民保持高度警惕严防森林火灾。(完)
图说- 2021年8月18日,人们在法国南部的瓦尔地区观察山火燃烧升起的浓烟。