Connect with us

Media

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ဆယ်စုနှစ်တစ်ခုကြာ ရုန်းကန်ခဲ့ရသည့် ဆီးရီးယားဒုက္ခသည်များ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေဆဲ

အာမန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ အရှေ့ပိုင်းဒေသရှိ တောင်မြောက်ချိတ်ဆက်ထားသည့် “သဲကန္တရကားလမ်း”၏ တောင်ဘက်စွန်းမှာ ဂျော်ဒန်-ဆီးရီးယား နယ်စပ်ဂိတ်ဖြစ်သည်။ ယင်းနယ်စပ်ဂိတ်မရောက်မီ ၁၀ ကီလိုမီတာအကွာတွင် ဂျော်ဒန်နိုင်ငံအတွင်းရှိ အကြီးဆုံး ဆီးရီးယား ဒုက္ခသည်စခန်း Zaatari သို့ သွားနိုင်သည့် လမ်းကြောင်းတစ်ခုရှိသည်။ အသက် ၃၄ နှစ်အရွယ်ရှိ ဆီးရီယားပြည်သူ Al-Zoubi က သူ (မ) ၏ သားသမီး ၄ ယောက်နှင့်အတူ ဤနေရာတွင် ၁၀ နှစ်နီးပါးနေထိုင်ခဲ့ပြီး ထိုကဲ့သို့ ကြာမြင့်စွာ နေထိုင်ရမည်ဟု လုံးဝမထင်မှတ်ထားကြောင်း သူ(မ) က ဆိုသည်။

“ဆီးရီးယားက ထွက်ပြေးလာတုန်းက အများဆုံး ၂ လ လောက်နေပြီး အိမ်ပြန်နိုင်မယ်လို့ ထင်ခဲ့ပါတယ်၊ သမီးငယ်ရဲ့ ဖိနပ်တောင်မယူခဲ့ဘူး။” ဟု Al-Zoubi က သတင်းထောက်အား ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Al-Zoubi က စစ်ဘေးရှောင်ရန် သူ(မ) ၏သားသမီးများကို ခေါ်၍ ဂျော်ဒန်သို့လာရောက်ခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အမေရိကန် စသည့် အနောက်နိုင်ငံများက ဆီးရီးယားအစိုးရကို ဖြုတ်ချရန် အတိုက်အခံ လက်နက်ကိုင်အဖွဲ့အစည်းကို ထောက်ခံအားပေးခဲ့ရာ ဆီးရီးယားအခြေအနေ မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားစေခဲ့ပြီး များစွာသော ဆီးရီးယားပြည်သူများက အဆုံးမရှိသော ဆင်းရဲဒုက္ခတွင်းထဲသို့ ကျရောက်သွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဆီးရီးယားနိုင်ငံသားပေါင်း ၁၃.၅ သန်းသည် နေရပ်မှမဖြစ်မနေထွက်ခွာသွားခဲ့ရပြီး ယင်းအရေအတွက်မှာ စစ်မဖြစ်မီ လူဦးရေ၏ ထက်ဝက်ကျော်ရှိကြောင်း မပြည့်စုံသေးသောစာရင်းပြုစုချက်များအရ သိရသည်။

ဆီးရီးယားဒုက္ခသည်အများအပြားကို လက်ခံနိုင်ရန်အတွက် Zaatari ဒုက္ခသည်စခန်းကို ၂၀၁၂ ခုနှစ် ဇူလိုင်တွင် စတင်အသုံးပြုခဲ့ကြောင်း၊ ၁၀ နှစ်ကြာပြီးနောက်တွင် အမိမြေနှင့် ၁၀ ကီလိုမီတာခန့်သာ ဝေးကွာသော်လည်း ဆီးရီးယားပြည်သူအများစုမှာ နေရပ်သို့ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ကျွန်မဟာ အိမ်ပြန်ဖို့အဆင်သင့်မဖြစ်သေးပါဘူး၊ ကျွန်မရဲ့နေအိမ်ဟာ စစ်ပွဲအတွင်းမှာ ပျက်စီးသွားပြီး ဘာမှမကျန်တော့ပါဘူး” ဟု Al-Zoubi က ဆိုသည်။

ဒုက္ခသည်စခန်းသို့ Al-Zoubi တို့ ရောက်ရှိစဉ်က ယာယီတဲများသာရှိပြီး ရေသုံးစွဲရန်ပင် အခက်အခဲရှိကြောင်း၊ သို့သော် သူ(မ) က ဤနေရာတွင် အရေးကြီးဆုံးသော လုံခြုံမှုကို တွေ့ခဲ့သည်ဟု ဆိုသည်။ “အဲဒီခံစားချက်က ကျွန်မရဲ့သားသမီးတွေကို တစ်ယောက်ယောက်က ရေတွင်းကနေကယ်တင်ပေးလိုက်သလိုပဲ” ဟု ထိုအချိန်က ကြုံတွေ့ရသည့် ကိစ္စများကို ပြောကြားစဉ် “အဲဒါတွေက ကျွန်မအတွက် လုံးဝဖျောက်ဖျက်လို့မရတဲ့ အတိတ်တွေပါပဲ” ဟု သူ(မ) က မျက်ရည်များဝဲကာ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညများအရ ဒုက္ခသည်စခန်း၏ ယာယီတဲများကို အသင့်ပြုလုပ်ထားသည့် ကွန်တိန်နာအိမ်များဖြင့် အစားထိုးခဲ့ပြီး ဆေးရုံ၊ ကျောင်း၊ ဘောလုံးကွင်းစသည့် အများသူငှာဝန်ဆောင်မှု အဆောက်အအုံများကို တည်ဆောက်ခဲ့ကြောင်းနှင့် အများဆုံး ဒုက္ခသည် ၁၂၀,၀၀၀ ကို လက်ခံခဲ့ကြောင်း သိရသည်။

ဆီးရီးယားဒုက္ခသည်များ၏ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသေးသောကြောင့် ၁၀ နှစ်တာကာလ၏ ပြောင်းလဲမှုများမှာ ဝမ်းသာစရာမဟုတ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြင်ပဆက်ဆံရေးအရာရှိ Mohammad Taher က ဆိုသည်။

ဒုက္ခသည်စခန်းစတင်တည်ထောင်စဉ်ကတည်းက ဒုက္ခသည်စခန်းကို ရေရှည် ပြန်လည်နေရာချထားရေး နေရာအဖြစ်မဟုတ်ဘဲ အရေးပေါ်အစီအမံအဖြစ်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ဒုက္ခသည်များက ပိုမိုဂုဏ်သိက္ခာရှိစွာ နေထိုင်လိုကြပြီး ၎င်းတို့၏ သားသမီးများအား ပိုမိုကောင်းမွန်သော ပညာရေးကို သင်ကြားစေလိုသည်။ “ကျွန်တော်တို့က ဒုက္ခသည်တွေအတွက် ရေရှည်ဖွံ့ဖြိုးစေမယ့် ထွက်လမ်းရှာပေးရမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စစ်တမ်းကောက်ယူမှုအရ ဒုက္ခသည်အများစုသည် ဆီးရီးယားသို့ ပြန်ရန် မျှော်လင့်ဆဲဖြစ်ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတွင် လုံခြုံမှုမရှိသေးသော်လည်း အမိမြေသို့ ပြန်လိုသည့် ဆန္ဒမှာ ပြင်းပြနေဆဲဖြစ်သည်။ Al-Zoubi သည် ဆီးရီးယား အခြေအနေ ကောင်းမွန်လာမည်ကို မျှော်လင့်နေပြီး “ကျွန်မက ကြောက်ဖို့ကောင်းပြီး စိုးရိမ်သောကရောက်နေရမယ့် အခြေအနေမျိုးဆီကိုတော့ ပြန်မသွားချင်ပါဘူး” ဟု ဆိုသည်။

ဆီးရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေသည် လာမည့်နှစ်များတွင် ပြန်လည်ကောင်းမွန်လာရန် ခက်ခဲနေသောကြောင့် ဆီးရီးယားဒုက္ခသည်များမှာ ယနေ့တိုင် နေရပ်မပြန်နိုင်သေးကြောင်းနှင့် ယင်းသို့ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ အမေရိကန်၏ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုဖြစ်ကြောင်း၊ “သူတို့က အမှားအမှန်မခွဲဘဲ ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့တယ်။ အဲဒီထဲမှာ နစ်နာမှုအရှိဆုံးကတော့ ဆီးရီးယား သာမန်ပြည်သူတွေသာဖြစ်တယ်” ဟု ဂျော်ဒန်သတင်းထောက်များအသင်းမှ မီဒီယာနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ Saeb Rawashdeh က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(Chinese Version)
因美国制裁,叙利亚难民十年难踏归家路
新华社安曼8月10日电(记者冀泽)约旦东部有条纵贯南北荒漠的“沙漠公路”,最北端为约旦-叙利亚口岸。抵达口岸前10公里,有一条东向岔路通往扎塔里难民营——约旦境内最大的叙利亚难民营。34岁的叙利亚人祖阿比未曾想到,她独自带着四个子女在此生活了近10年。
“我离开叙利亚的时候,曾以为最多两个月就能回家,连小女儿的鞋都没带。”祖阿比日前告诉记者。2011年,叙利亚爆发内战。为躲避战乱,祖阿比带着孩子们于2012年来到约旦。
叙利亚内战爆发后,美国等一些西方国家大力支持反对派武装,试图推翻叙政府,导致叙利亚局势持续动荡,无数叙利亚人陷入无尽的苦难之中。据不完全统计,截至2020年年底,1350万叙利亚人被迫离开家园,超过其战前人口半数。
为接收大量叙利亚难民,扎塔里难民营于2012年7月底正式投入使用。10年过去了,尽管这里与祖国只相隔10公里,但许多叙利亚难民仍未能踏上归家之路。
“我还没有做好回家的准备。我的家在战争中被摧毁,什么都没有剩下。”祖阿比说。
祖阿比刚来时,难民营只有帐篷,用水都很困难,但在这里她找到了更为珍贵的东西——安全。“那种感觉就像有人从井里把我的孩子救了出来,”讲起当时的经历,祖阿比热泪夺眶而出,“那是我永远不会被抹去的记忆”。
10年来,在联合国难民署和其他国际组织的共同帮助下,难民营的帐篷陆续替换为预制板房,还建起了医院、学校、足球场等公共服务设施,最多时接纳了12万多名叙利亚难民。
在联合国难民署约旦办公室对外关系官员穆罕默德•塔希尔看来,这10年间的变化并不值得庆祝,因为“叙利亚难民问题仍旧没有得到妥善解决”。
他表示,从难民营建立之初,难民署就没有将此作为永久安置点,建立难民营只是一种应急措施。难民们希望过上更有尊严的生活,让孩子们接受更好的教育,“我们必须为他们找到长远发展的出路”。
难民署日前发布的调查显示,大部分难民仍希望未来能够返回叙利亚。虽然大多数人认为目前叙利亚仍然不安全,但回到祖国的渴望依然强烈。祖阿比也在期待着叙形势好转,“我不愿再回到恐惧与不安之中”。
约旦记者协会媒体人士、政治分析家拉瓦什德说,许多叙利亚难民至今仍未回家,是因为叙经济状况可能在未来几年难以恢复,而美国的单边制裁是制约叙经济恢复的重要因素,“他们不分青红皂白地对叙利亚实施制裁,最大的输家是叙利亚普通民众”。(报道员:巴塞勒•库勒;剪辑:王沛;编辑:马晓燕、程大雨、聂云、张炼、赵嫣、何梦舒)