Connect with us

Africa & Middle East

အာဖဂန်နစ္စတန် ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများပြန်ပေးရန် အမေရိကန်အား ပညာရှင် ၇၀ ကျော် တိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံ၊ Paktika ပြည်နယ် သဘာဝဘေးဒဏ်သင့်ဒေသရှိ ကလေးများအား ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရ အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့်ရှိသော အာဖဂန်ဗဟိုဘဏ်ပိုင်ဆိုင်မှုကို ချက်ချင်းပြန်ပေးရန် စီးပွားရေးပညာရှင်များနှင့် အခြားနယ်ပယ်များမှ ပညာရှင် ၇၀ ကျော်က တိုက်တွန်းထားသည့် စာလွှာကို အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ထံ သြဂုတ် ၁၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ဤအိတ်ဖွင့်ပေးစာကို အမေရိကန် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ သုတေသနစင်တာ ပညာရှင်အဖွဲ့အစည်းမှ စီစဉ်‌ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ပညာရှင်များက အာဖဂန်နစ္စတန်တွင် ဖြစ်ပွားလျက်ရှိသော စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးများ အထူးသဖြင့် အမေရိကန်မူဝါဒက ထိုသို့ဖြစ်ပွားခြင်းကို တွန်းအားပေးနေသည့် အခန်းကဏ္ဍမှပါဝင်ခြင်းကို အလွန်ပင်စိုးရိမ်ကြောင်း ပေးစာတွင် ဖော်ပြထားသည်။ ၎င်းတို့က အမေရိကန်အစိုးရအနေဖြင့် သက်ဆိုင်ရာ အစီအမံများ ချက်ချင်းလုပ်ဆောင်ရန် “အာဖဂန်ဗဟိုဘဏ်အား ၎င်း၏ နိုင်ငံတကာ အရန်ငွေများ ရုပ်သိမ်းရေးကို ခွင့်ပြုပေးရမယ်” ဟု တိုက်တွန်းခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
逾70名学者呼吁美国政府归还阿富汗央行资产
新华社华盛顿8月11日电70多名经济学家及其他领域学者10日致信美国总统拜登和美国财政部长耶伦,呼吁美国政府立即全额归还被美冻结的约70亿美元阿富汗中央银行外汇资产。
这封公开信由美国智库经济与政策研究中心组织撰写。在信中,学者们对阿富汗正在发生的经济和人道主义灾难,特别是美国政策在其中发挥的推动作用深感担忧。他们敦促美国政府立即采取行动,“首先是允许阿富汗央行收回其国际储备”。(完)
图说- 7月18日,在阿富汗帕克提卡省受灾地区,儿童坐在帐篷前。 新华社发(萨巴文摄)