Connect with us

Europe

ရုရှား-ယူကရိန်း ပဋိပက္ခမှ ရိုက်ခတ်သည့် ကမ္ဘာ့ဘဏ္ဍာရေး ဂယက်လှိုင်း_____ဘဏ္ဍာရေးစည်းစနစ် အထိနာခြင်းနှင့်အတူ အမေရိကန်ဒေါ်လာ စံထားနေရာယူမှု တိုက်စားခံရ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ငွေလဲစင်တာတစ်ခုရှေ့တွင် ဖြတ်သန်းသွားသူများအား မတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

“ပိတ်ဆို့အရေးယူမှုက ရူဘယ်ငွေအပေါ် အထိနာစေသင့်သော်လည်း အဘယ်ကြောင့် ရူဘယ်ငွေလဲနှုန်းက နှစ်လအတွင်း စံချိန်တင်မြင့်မားခဲ့သလဲ”ဟု 《Fortune》 ဂျာနယ်ဝက်ဘ်ဆိုက်၏ ဆောင်းပါးတစ်ပုဒ်တွင် မေးခွန်းထုတ်ခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခအရှိန်မြင့်တက်လာပြီးနောက်ပိုင်း အမေရိကန်စသည့် အနောက်နိုင်ငံများက ရုရှားအပေါ် အဆုံးစွန်သော ဘဏ္ဍာရေးပိတ်ဆို့မှုများ လုပ်ဆောင်ကာ ရုရှားအား ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြင်ပသို့ ပထုတ်ရန် ကြိုးပမ်းခဲ့ရာတွင် ကာလတစ်ခုအတွင်း ရုရှား ရူဘယ်ငွေဈေး အရှိန်ဖြင့် ထိုးကျခဲ့သည်။ ထို့နောက် ရုရှားဘက်က တန်ပြန်ပိတ်ဆို့မှုများ ဖော်ဆောင်ခဲ့ရာ ရူဘယ်နှင့် အမေရိကန်ဒေါ်လာ ငွေလဲဈေးမှာ တစ်လျှောက်လုံး အားကောင်းခဲ့ပြီး ဆုံးရှုံးမှုအားလုံးကို လျင်မြန်စွာ ပြန်လည် အဖတ်ဆယ်နိုင်ခဲ့သည်။

စစ်ရေးအားပြိုင်မှု၏နောက်ကွယ်တွင် ပြင်းထန်သည့် ဘဏ္ဍာရေး တိုက်ပွဲကလည်း အသံတိတ် ရှေ့ဆက်နေသည်။ ကမ္ဘာတစ်ဝန်းလုံး၏အတိုင်းအတာကို ကြည့်မည်ဆိုလျှင် ပိတ်ဆို့မှုနှင့် တန်ပြန်ပိတ်ဆို့မှု၏ ဆက်တိုက် ရိုက်ခတ်မှုတွင် နိုင်ငံတကာဈေးကွက် မငြိမ်မသက် လှုပ်ခတ်မှုများ ဖြစ်နေသလို ကမ္ဘာ့ဘဏ္ဍာရေးစနစ် အထိနာပြီး အမေရိကန် ဒေါ်လာ စံထား အမြစ်တွယ်နေမှုမှာ တိုက်စားခံရသည့်အနေအထား ဖြစ်သည်။

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟိုင်အန်းမြို့ရှိ ဘဏ်တစ်ခုတွင် ဘဏ်ဝန်ထမ်းတစ်ဦးက ငွေကြေးရေတွက်နေသည်ကို ဧပြီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ရိုက်ခတ်ခံရ

ရုရှား အထူးစစ်ဆင်ရေး စတင်လုပ်ဆောင်သည့်အချိန်မှစ၍ အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ရုရှားအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှု များစွာ မြှင့်တင် ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်ရှိ ရုရှားနိုင်ငံပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ ရုရှား၏ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ စတာလင်ပေါင်နှင့် ဂျပန်ယန်းငွေ အသုံးပြု၍ ကုန်သွယ်ရေးလုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ခြင်း ၊ ရုရှားဘဏ်အချို့အား ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ် (SWIFT) မှ ဖယ်ထုတ်ခြင်းအပြင် ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုကို ပိတ်ဆို့၍ ၎င်းနှင့်ကုန်သွယ်ရေးလုပ်ဆောင်ရန် တားမြစ်ခြင်း စသည်တို့ ပါဝင်ခဲ့သည်။ အမေရိကန်အစိုးရက ရုရှားအား အမေရိကန်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းဌာနများတွင် အပ်နှံထားသော နိုင်ငံခြားငွေဖြင့် ကြွေးမြီပြန်ဆပ်ခြင်းကို တားမြစ်ထားပြီး ရုရှားဘီလျံနာများ၏ ပြည်ပပိုင်ဆိုင်မှုများကို နိုင်ငံပိုင်သိမ်းရန် ဥပဒေပြု၍ စီစဉ်ခဲ့သည်။

ပိတ်ဆို့မှုကြောင့် ရုရှား ရူဘယ်ငွေနှင့်အမေရိကန်ဒေါ်လာ၏ ငွေလဲဈေးနှုန်းမှာ မတ်လ လဆန်းက ကာလတစ်ခုအတွင်း ရူဘယ် ၁၅၀ ဝန်းကျင်လျှင် ၁ ဒေါ်လာထိ ကျဆင်းသွားသလို စတော့ရှယ်ယာများ ထိုးဆင်းသွားမှုကြောင့် အရောင်းအဝယ်များ ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ရုရှားဗဟိုဘဏ်က အခြေခံအတိုးနှုန်းများ တိုးမြင့်ပေးခဲ့ပြီး “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံနှင့်ဒေသများ”၏ သဘာဝဓါတ်ငွေ့ ကုန်သွယ်မှုကို ရူဘယ်ငွေနှင့်ပေးချေရန် တောင်းဆိုခဲ့သည်။ ဘဏ္ဍာရေးတည်ငြိမ်ရေးနည်းလမ်းများ တွန်းအားပေးဆောင်ရွက်ခြင်းကြောင့် ရူဘယ်ငွေနှင့် အမေရိကန်ဒေါ်လာ၏ငွေလဲနှုန်း ပြန်လည်တွန်းကန်လာရာ မေလလယ်ပိုင်းတွင် ရူဘယ် ၇၀ လျှင် ၁ ဒေါ်လာနှုန်းဖြင့် စံချိန်တင်ခဲ့သည်။ ရုရှားစတော့ဈေးကွက်သည်လည်း မတ်လကုန်တွင် အရောင်းအဝယ်ပြန်ဖြစ်လာပြီး တန်ပြန်တွန်းကန်တိုးတက်မှုများ ရှိခဲ့သည်။

ရုရှားဘဏ္ဍာရေးဈေးကွက် ယာယီ တည်ငြိမ်သွားသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြည့်မည်ဆိုလျှင် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ၏ ရိုက်ခတ်မှုကြောင့် နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်ရင်ဆိုင်ရသည့်အန္တရာယ်ကမူ လျော့ကျခြင်းမရှိဘဲ ပို၍တိုးနေခဲ့သည်။

ယခုနှစ် မတ်လတွင် အမေရိကန် ပြည်ထောင်စု အရန်ငွေစနစ် (Fed) က အတိုးနှုန်းကာလစက်ဝန်းကို စတင်ခဲ့ရာ ငွေကြေးဖောင်းပွမှုအခြေအနေ ဆိုးဝါးလာခြင်းနှင့်အတူ ပို၍ပြင်းထန်သည့်အတိုးနှုန်းထားမူဝါဒသုံးရန် အချို့ Fed အရာရှိများက ထောက်ခံကြကြောင်း သိရသည်။

အချို့သောစီးပွားရေးအစုအဖွဲ့နိုင်ငံများက ငွေကြေးမူဝါဒ စတင် တင်းကျပ်လာခြင်းကြောင့် နိုင်ငံတကာဘဏ္ဍာရေးစရိတ်မြင့်တက်လာပြီး ဘဏ္ဍာရေးအန္တရာယ်ဆိုးဝါးစေရာ အချို့နိုင်ငံများ၌ ကြွေးမြီ အကျပ်အတည်းဆိုက်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သော 《ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင်ခံစာ》 တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ၏ ငွေကြေးမူဝါဒ တင်းကျပ်မှုကြောင့် ထွန်းသစ်စ ဈေးကွက် စီးပွားရေးအစုအဖွဲ့နိုင်ငံများတွင် ယခုကာလအတွင်း သိသာထင်ရှားသော ငွေအရင်းအနှီးများ ပြည်ပသို့ စီးဆင်းခြင်း(Capital outflow)၊ မိမိနိုင်ငံ၏ငွေကြေးတန်ဖိုး ကျဆင်းခြင်း ၊ ကြွေးမြီပြန်ဆပ်ရန် ဝန်ဖိအား ပို၍များလာခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Shaktikanta Das က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ငွေကြေးမူဝါဒ ချိန်ညှိမှုကြောင့် ပူပန်ကြရကြောင်း ပြောကြားခဲ့သည်။ ထွန်းသစ်စဈေးကွက် စီးပွားရေးအစုအဖွဲ့နိုင်ငံများအားလုံး ငွေအရင်းအနှီးများ ပြည်ပသို့ စီးဆင်းခြင်းနှင့် ငွေချေးစာချုပ်အထွက်နှုန်းမြင့်မားမှုစသည့် လက္ခဏာရှိ အန္တရာယ်ဝဲဂယက်တွင် တဝဲလည်လည် ဖြစ်နေခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံစီးပွားရေးအစုအဖွဲ့များက ငွေကြေးမူဝါဒတင်းကျပ်ခြင်းကြောင့် ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံတွေ့ရသော စီးပွားရေးအန္တရာယ်ထပ်တိုးလာစေရာ ချေးငွေစရိတ် မြင့်တက်ခြင်း၊ ငွေအရင်းအနှီး ပြင်ပသို့ စီးဆင်းခြင်း စသည်တို့ ပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ယူဆသည်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ရိုက်ကူးသော ရူဘယ်ငွေသားနှင့်အကြွေစေ့များအား မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်ဒေါ်လာ စံထားနေရာယူမှု တိုက်စားခံရ

အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် ဘဏ္ဍာရေးပိတ်ဆို့မှုနှင့် ဘဏ္ဍာရေးကဏ္ဍဖယ်ကျဉ်မှု အဆုံးစွန်နည်းလမ်းများ ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ပျက်စီးစေသလို နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ပြောင်းလဲရန် တွန်းအား ဖြစ်စေသည်။ ထိုသို့ နိုင်ငံတကာငွေကြေးစနစ် ၊ ကမ္ဘာ့ဘဏ္ဍာရေးအခင်းအကျင်း နက်ရှိုင်းစွာ ပြောင်းလဲရန် တွန်းအားဖြစ်စေခြင်းသည်လည်း အမေရိကန်ဒေါ်လာ စံထားနေရာယူ အမြစ်တွယ်နေမှုအတွက် တိုက်စားမှုဖြစ်စေသည်။

တစ်ဖက်တွင်လည်း ပိတ်ဆို့အရေးယူမှုများက အမေရိကန်ဒေါ်လာသုံးစွဲရန် အကန့်အသတ်ဖြစ်စေသည်။ အမေရိကန် ပစိဖိတ်ဖိုရမ် သုတေသသီ Akhil Ramesh က ရုရှား၏ ဂျုံနှင့်စွမ်းအင် တင်သွင်းမှုကို အဓိကအားထားနေရသည့် နိုင်ငံများအတွက် အစားထိုးနည်းလမ်းနှင့် ကုန်စည်ထောက်ပို့ရေးကွင်းဆက် အစားထိုးတည်ဆောက်ရန် ကြိုပမ်းခြင်းက အချိန်နှင့်အရင်းအနှီးလိုအပ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့တွင် အများစုက မတူညီသည့်ယန္တရားမှတစ်ဆင့် အနောက်နိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့မှုကို ရှောင်ကွင်းကြမည်ဖြစ်ရာ ကုန်သွယ်ရေးလွယ်ကူရန်နည်းလမ်းနှင့် မိမိနိုင်ငံငွေကြေးကို ကန်ဒေါ်လာသို့ မလဲလှယ်တော့သည့် ကုန်သွယ်မှုများ ပါဝင်လာမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ပထမ လက်ထောက်-ဦးဆောင်ညွှန်ကြားရေးမှူး Gita Gopinath က ရုရှားအပေါ် အနောက်နိုင်ငံများ၏ ဘဏ္ဍာရေးပိတ်ဆို့မှုက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကို “အပိုင်းအစ” ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ “အချို့နိုင်ငံတွေက ဘယ်လိုငွေကြေးမျိုးနဲ့ စာရင်းရှင်းတမ်းလုပ်မယ်ဆိုပြီး ဆွေးနွေးနေတာကို ကျွန်မတို့ တွေ့နေရပါပြီ” ဟု ၎င်းက ဆိုသည်။

တစ်ဖက်တွင်လည်း ပိတ်ဆို့အရေးယူမှုက အမေရိကန် ဒေါ်လာ၏ လုံခြုံစိတ်ချမှုအပေါ် သံသယ ဖြစ်စေသည်။ အနောက်နိုင်ငံများက ပိတ်ဆို့ထားသော ရုရှားနိုင်ငံခြားအရန်ငွေအရင်းအနှီးသည် ကန်ဒေါ်လာ ဘီလီယံရာနှင့်ချီရှိရာ ကမ္ဘာ့ဈေးကွက်အတွင်း ယုံကြည်မှုဆက်ဆံရေး အခြေခံကို လှုပ်ခတ်စေခြင်းကြောင့် နိုင်ငံသီးသီးက အရန်ငွေအရင်းအနှီးလုံခြုံရေးနှင့် အန္တရာယ်ကွေကွင်းရေး ရွေးချယ်မှုအတွက် ပို၍ သတိထားလာကြသည်။

လက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ နိုင်ငံတကာအရန်ငွေအရင်းအနှီး၏ ၇၈ ရာခိုင်နှုန်းသည် နိုင်ငံခြားငွေပိုင်ဆိုင်မှုများ ဖြစ်ကြောင်း The Wall Street Journal ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

ထိုစုဆောင်းထားသောငွေကြေးများသည် “စုဘူးထဲက စုငွေ” အဖြစ် ကာလကြာရှည် ရှုမြင်ထားကြသော်လည်း ယခုကာလများအတွင်း အနောက်နိုင်ငံများ၏ ဆက်တိုက်ပိတ်ဆို့မှုများက ၎င်း၏ နိုင်ငံခြားအရန်ငွေကို အချိန်မရွေး “လုယူခံရ”နိုင်ကြောင်း ဖော်ပြနေသည်။ ကုမ္ပဏီလုပ်ငန်းများအတွက်ဆိုရလျှင်လည်း ထို့အပေါ် စိုးရိမ်ကြောင့်ကြမှု ရှိနေသည်။

“ဘယ်နိုင်ငံက ကုမ္ပဏီလုပ်ငန်းပဲ ဖြစ်ပါစေ၊ တစ်ချိန်ချိန်မှာ ဝါရှင်တန်ရဲ့ပိတ်ဆို့မှု ပစ်မှတ် ဖြစ်လာနိုင်တယ်၊ အခု သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်မှာ ထားရှိဖို့ရာ အဖန်တလဲလဲ စဉ်းစားစရာ ဖြစ်လာစေတယ်” ဟု အမေရိကန် နယူးယောက်မြို့တက္ကသိုလ် (CUNY) ဧည့်ပါမောက္ခလည်းဖြစ် ၊ ကမ္ဘာ့ဘဏ်ရှိ ယခင် စီးပွားရေးပညာရှင်လည်း ဖြစ်သူ Branko Milanovic က ဆိုသည်။

Peter G. Peterson Institute နိုင်ငံတကာ စီးပွားရေး သုတေသနဌာန အဆင့်မြင့် သုတေသီ Gary Hufbauer ကလည်း ရေရှည်ကြည့်မည်ဆိုလျှင် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှု သိသိသာသာကျယ်ပြန့်လာခြင်း၊ ဘဏ္ဍာရေးပိတ်ဆို့မှုကို အလွဲသုံးစားပြုခြင်းနှင့် ဥရောပငွေ စသည့် အရန်ငွေကြေး မြင့်မားလာခြင်းတို့သည် အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုအတွက် စိန်ခေါ်မှု ဖြစ်စေကြောင်း ဆိုသည်။

Akhil Ramesh ကလည်း ကမ္ဘာကြီး ဘက်စုံပွင့်လင်းလာခြင်းနှင့်အတူ အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံ မဟုတ်တော့ခြင်းကြောင့် အမေရိကန်ဒေါ်လာ၏အင်အားနှင့်အဆင့်က လျော့နည်းလာသည်ဟု ယူဆထားသည်။ “ပြဿနာက ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်မှာ ကန်ဒေါ်လာ ဦးဆောင်တဲ့အနေအထား ဘယ်အချိန်မှာ ဆုံးရှုံးမလဲဆိုတာဖြစ်ပြီး ဆုံးရှုံးမှာလားလို့ မေးခွန်းထုတ်ရမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။

အမှန်စင်စစ်တွင်မူ ယခုနှစ်ပိုင်း အမေရိကန်ကန်ဒေါ်လာ၏အဆင့်နေရာသည် လျော့ကျနေပြီးဖြစ်ရာ ရုရှား-ယူကရိန်း ပဋိပက္ခနောက်ပိုင်း အနောက်နိုင်ငံများ၏ အဆုံးစွန် ပိတ်ဆို့အရေးယူမှုများက ဤဖြစ်စဉ်ကို ပို၍လျင်မြန်စေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စတုတ္ထ သုံးလပတ်၌ ကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များ၏ နိုင်ငံတကာအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာသည် ၅၈.၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၂၆ နှစ်တာကာလအတွင်း အနိမ့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
ယခုကာလများအတွင်း အမေရိကန်၏ ခိုင်မာသောမဟာမိတ်ဖြစ်သည့် အစ္စရေးက နိုင်ငံခြားငွေအမျိုးအစား များပြားစေရန်အလို့ငှာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကနေဒါဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေများကို ၎င်း၏ နိုင်ငံခြားအရန်ငွေအဖြစ် ထည့်သွင်းလိုက်သလို တစ်ချိန်တည်းတွင်ပင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေပမဏကို လျှော့ချမည် ဖြစ်သည်။

ဘရာဇီး ဗဟိုဘဏ်၏ ယခုနှစ် မတ်လကုန်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဘရာဇီးနိုင်ငံခြားအရန်ငွေအတွက် အမေရိကန်ဒေါ်လာကို ၈၆.၀၃ ရာခိုင်နှုန်းမှ ၈၀.၃၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ယူရိုငွေကို ၇.၈၅ ရာခိုင်နှုန်းမှ ၅.၀၄ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပြီး တရုတ်ယွမ်ငွေကို တတိယအကြီးဆုံး နိုင်ငံခြားငွေအရင်းအနှီးအဖြစ် ၁.၂၁ ရာခိုင်နှုန်းမှ ၄.၉၉ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုမှတစ်ဆင့် တွေ့မြင်ရသည်မှာ အမေရိကန် ဦးဆောင်သောအနောက်နိုင်ငံများ၏ ရုရှားအပေါ် အဆုံးစွန် ဘဏ္ဍာရေးပိတ်ဆို့မှုက အမေရိကန်ကိုယ်တိုင် ပြန်လည်တိုက်စားမှုခံနေရပြီး အမေရိကန်ဒေါ်လာ စံထားနေရာယူမှု အမြစ်တွယ်နေခြင်းကို ယိမ်းယိုင်စေရာ နိုင်ငံတကာအရန်ငွေ ငွေကြေးအခင်းအကျင်း အမျိုးအစားစုံလင်စေမှုအရှိန်ကို မြှင့်တင်စေခဲ့သည်။ Calderwood Capital ကုမ္ပဏီ hedge fund မန်နေဂျာ Dylan Grice က ရုရှားအပေါ် အနောက်နိုင်ငံများ၏ ဘဏ္ဍာရေးပိတ်ဆို့မှုက ယခင်ကမရှိခဲ့ဖူးသော “ကျယ်ကျယ်ပြန့်ပြန့် ငွေကြေးလက်နက်အသွင်ပြောင်းခြင်း” ဖြစ်ကြောင်း ၊ သို့သော် “ဒီဖဲချပ်က တစ်ခါပဲသုံးလို့ရမယ်၊ ဒါက ငွေကြေးသမိုင်းရဲ့အချိုးအကွေ့၊ ကန်ဒေါ်လာစံထားနေရာယူမှုရဲ့ အဆုံးသတ် ဖြစ်တယ်” ဟု ဆိုသည်။ (Xinhua)

……………………………………………………….
(Chinese Version)
(国际观察)俄乌冲突“世界冲击波”之金融篇——金融秩序遭遇重创 美元霸权受到反噬
2022-05-13 09:13:04 分类: 宏观经济
新华社北京5月13日电(国际观察)俄乌冲突“世界冲击波”之金融篇——金融秩序遭遇重创 美元霸权受到反噬
新华社记者樊宇
“制裁本该重创卢布,为什么卢布汇率反而创两个月新高?”美国《财富》杂志网站一篇文章提出这样一个问题。
俄乌冲突升级以来,美国等西方国家对俄罗斯实施极端金融制裁措施,试图将俄隔绝于全球金融体系之外,导致俄卢布汇率一度暴跌。然而,在俄方采取一系列反制行动后,卢布对美元汇率一路走强,很快收复全部失地。
在军事较量背后,激烈的金融搏杀正以无声的方式上演。从全球范围来看,在制裁与反制裁的持续冲击下,国际市场剧烈动荡,全球金融秩序遭受重创,美元霸权的根基正在受到反噬。
(小标题)冲击国际金融秩序
俄特别军事行动开始以来,美国及其盟友大幅升级对俄金融制裁措施,包括冻结俄大型国有金融机构在美资产,限制俄使用美元、欧元、英镑和日元进行商业交易的能力,将部分俄银行排除在环球银行间金融通信协会(SWIFT)支付系统之外,冻结俄央行资产并禁止与其交易等。美国政府还禁止俄动用存在美国金融机构的外汇来偿还债务,并打算以立法形式为没收俄富豪海外资产的行动授权。
受制裁影响,俄卢布对美元汇率3月上旬一度跌至150左右比1,股市也因暴跌而暂停交易。此后,俄央行大幅上调基准利率,并要求“不友好国家和地区”以卢布结算天然气贸易。在一系列金融稳定措施推动下,卢布对美元汇率强劲反弹,至5月上旬已突破70比1。俄股市也于3月底恢复交易并持续反弹。
虽然俄金融市场暂时稳定下来,但从全球范围来看,在俄乌冲突和西方对俄制裁冲击下,国际金融市场面临的风险有增无减。
美联储自今年3月开启加息周期,随着通胀形势加剧,一些美联储官员表示支持采取更激进的加息策略。国际货币基金组织在日前发布的《世界经济展望报告》中指出,一些经济体开始收紧货币政策以应对通胀问题,这导致国际融资成本上升,金融风险加剧,有可能引发一些国家的债务危机。
在美国货币政策收紧的影响下,不少新兴市场经济体近来出现明显资金外流迹象,本国货币不同程度贬值,债务偿还压力加大。印度央行行长沙克蒂坎塔•达斯表示,全球金融市场对发达国家货币政策的调整感到不安。大多数新兴市场经济体都陷入了以资本外流和债券收益率上升为特征的避险情绪漩涡中。国际货币基金组织总裁格奥尔基耶娃认为,由于发达经济体收紧货币政策,新兴市场和发展中经济体面临的风险增加,包括借贷成本上升、资本外流等。
(小标题)美元霸权受到反噬
西方采取极端措施对俄进行金融制裁和金融孤立,不仅破坏国际金融市场稳定,也成为改变国际金融秩序的催化剂,推动国际货币体系、全球金融格局发生深刻演变,而这也在反噬美元霸权的根基。
一方面,制裁使美元的使用受到限制。美国太平洋论坛研究员阿基尔•拉梅什指出,对于俄罗斯小麦和能源的主要进口国来说,寻找替代方案和建立替代供应链需要时间和资本,因此它们大多选择通过不同机制规避西方对俄制裁,包括采取易货贸易的方式和使用本国货币而非美元进行交易。国际货币基金组织第一副总裁戈皮纳特表示,西方对俄金融制裁可能导致全球金融体系更加“碎片化”。“我们已经看到,一些国家正在就以何种货币进行贸易结算重新谈判。”
另一方面,制裁使美元的安全性受到质疑。西方国家冻结高达数千亿美元的俄外汇储备资产,从根本上动摇了全球市场中的信任关系,让各国更重视储备资产安全性并考虑避险选项。美国《华尔街日报》刊文指出,目前发展中国家78%的国际储备为外汇资产。长期以来,这些储备被视为“存钱罐中的储蓄”,但西方近来一系列制裁措施表明,这些外汇储备可以随时被“夺走”。对于企业来说,也有这方面的担忧。“任何国家的企业在某个时候都可能成为华盛顿的制裁目标。现在,它们在将资产留在美国前会三思而后行。”美国纽约市立大学客座教授、世界银行前经济学家布兰科•米拉诺维奇说。
美国智库彼得森国际经济研究所高级研究员加里•赫夫鲍尔认为,从长期来看,美国政府财政赤字大幅扩张、滥用金融制裁以及欧元等储备货币地位提升,都将对美元地位构成挑战。拉梅什也认为,随着世界走向多极化,美国已不再是世界上最大的贸易国,美元的实力和地位会同步减弱。“问题在于美元将在何时丧失全球货币体系的主导地位,而不在于是否会丧失。”
事实上,近年来美元的地位已经在逐步下滑,而俄乌冲突后西方的极端制裁则加快了这一进程。国际货币基金组织数据显示,2021年第四季度,美元在全球央行国际储备中的份额降至58.81%,创26年来新低。最近,美国的铁杆盟友以色列在历史上首次将加元、澳元、日元和人民币纳入其外汇储备,同时将减持美元和欧元,以使外汇储备多样化。巴西央行今年3月底公布的报告显示,过去一年来,美元在巴西外汇储备中的占比从86.03%降至80.34%,欧元占比从7.85%降至5.04%,而人民币占比则从1.21%上升至4.99%,成为第三大外汇资产。
可见,美国主导西方国家对俄实施的极端金融制裁正在反噬美国自身,导致美元霸权根基失稳,加快国际储备货币格局的多元化。美国考尔德伍德资本公司对冲基金经理迪伦•格莱斯说,西方对俄金融制裁是前所未见的“大规模货币武器化”行动。然而,“这张牌你只能出一次。这是货币史上的一个转折点:美元霸权的终结”。(完)
图说1:3月21日,人们经过埃及开罗的一家货币兑换点。新华社发(艾哈迈德•戈马摄)
图说2:4月26日,江苏省海安市一家银行的工作人员清点美元现钞。新华社发(徐劲柏摄)
图说3:这是3月24日在俄罗斯首都莫斯科拍摄的卢布钞票和硬币。新华社记者白雪骐摄