Connect with us

North America

ပွာတိုရီကိုအနီးရေပြင်၌ လှေတိမ်းမှောက်မှု ဖြစ်ပွားပြီး လူ ၁၁ ဦးသေဆုံး

ပွာတိုရီကိုအနီးရေပြင်တွင် အခင်းဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ပွာတိုရီကိုအနီးရေပြင်တွင် မေ ၁၂ ရက်က လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦးသေဆုံးကာ အခြား ၃၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုနေ့ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။

ပွာတိုရီကိုအနီးရေပြင်တွင် အခင်းဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပွာတိုရီကိုအနီးရေပြင်တွင် အခင်းဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါလှေသည် ပွာတိုရီကို desecheo ကျွန်း မြောက်ဘက် ရေမိုင် ၁၀ (၁၉ ကီလိုမီတာခန့်) မိုင်အကွာ ရေပြင်တွင် တိမ်းမှောက်ခဲ့ကြောင်းနှင့် လူ ၃၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၂၀ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါလှေသည် ဒိုမီနီကန်နိုင်ငံမှ ခရီးစတင်ခဲ့ပြီး ပွာတိုရီကိုအနောက်ဘက်ကမ်းသို့ ဦးတည်ကြောင်းနှင့် လိုက်ပါလာသူအများစုက ဟေတီမှဖြစ်ပြီး တရားမဝင်ရွှေ့ပြောင်းသူများဖြစ်နိုင်ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ လက်ရှိတွင် လှေပေါ်၌ စုစုပေါင်း လိုက်ပါလာသူဦးရေကို မသိရသေးကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ပွာတိုရီကိုသည် ကာရေဘီယံရှိ အမေရိကန်၏ပြည်ပနယ်မြေတစ်ခုဖြစ်ပြီး ပွာတိုရီကိုတွင် အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့များ တပ်စွဲစခန်းချထားခြင်းဖြစ်သည်။ (Xinhua)

…………………………………………
(Chinese Version)
波多黎各附近海域翻船事故致11人死亡
新华社华盛顿5月12日电(记者孙丁)美国海岸警卫队12日傍晚通报说,波多黎各附近海域当天发生一起翻船事故,至少11人遇难,另有31人获救。
据通报,船只倾覆在波多黎各德塞切奥岛北部约10海里(约合19公里)海域,31名获救者中包括11名女性和20名男性。
据美国海岸警卫队一名发言人介绍,涉事船只从多米尼加起航,目的地是波多黎各西岸,船上大部分人来自海地,疑似为非法移民。目前尚不清楚翻船时船上的总人数,搜救工作仍在进行中。
波多黎各是美国在加勒比海地区的海外领土,美国海岸警卫队在波多黎各设有站点。(完)
图说1- 5月12日,直升机在波多黎各附近海域的翻船事故现场救援。新华社发(美国海岸警卫队供图)
图说2- 5月12日,救援人员在波多黎各附近海域的翻船事故现场工作。新华社发(美国海岸警卫队供图)
图说3- 5月12日,救援人员在波多黎各附近海域的翻船事故现场工作。新华社发(美国海岸警卫队供图)