Connect with us

Europe

ကုန်ကျစရိတ်သက်သာရန် အစိုးရဝန်ထမ်း အလုပ်အကိုင်နေရာ ၉၀,၀၀၀ ကျော်ကို လျှော့ချရန် ဗြိတိန် ဝန်ကြီးချုပ်က တောင်းဆို

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မေ ၁၂ ရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တာဝန်တစ်ရပ် ပေးအပ်ခဲ့သည်။ ဗြိတိန်၏ လက်ရှိ “နေထိုင်မှုစရိတ်အကျပ်အတည်း”ကို ဖြေလျှော့ရန် အစိုးရအနေဖြင့် အခွန်လျှော့ချရေးမူဝါဒကို အကောင်အထည်ဖော်နိုင်ခြင်းအတွက် အစိုးရဝန်ထမ်းအင်အား ၅ ပုံ တစ်ပုံ၊ အလုပ်အကိုင်နေရာ ၉၁,၀၀၀ ခန့်ကို လျှော့ချရန်အတွက် နည်းလမ်းရှာဖွေရန် တာဝန်ပေးခဲ့သည်။

ဘောရစ်ဂျွန်ဆင်က ထိုနေ့တွင် လူနေမှုစရိတ်လျှော့ချရန်နှင့် ကုန်စျေးနှုန်းမြင့်တက်ခြင်းကို မည်သို့ ထိန်းချုပ်မည်ဆိုသည့် ဆွေးနွေးမှုတစ်ရပ်တွင် အထက်ပါအကြံပြုချက်ကို အဆိုပြုခဲ့ပြီး ဝန်ကြီးများအနေဖြင့် တစ်လအတွင်း ဝန်ထမ်းအင်အားလျှော့ချခြင်းနည်းလမ်းကို တင်ပြရန် တောင်းဆိုထားကြောင်း ဗြိတိန်မီဒီယာက သတင်းဖော်ပြထားသည်။
ဂျွန်ဆင်သည် အစိုးရဝန်ထမ်းအင်အားအရေအတွက်ကို ၂၀၁၆ ခုနှစ် မတိုင်မီကာလသို့ ပြန်လည်ရောက်ရှိရန် လိုလားကြောင်း သတင်းအချက်အလက်များအရ သိရသည်။ ၎င်း၏အဆိုအရ ၂၀၁၆ ခုနှစ်ကတည်းက ဗြိတိန်တွင် အချိန်ပြည့် အစိုးရဝန်ထမ်း အရေအတွက်သည် ၄၇၅,၀၀၀ အထိ တိုးလာကြောင်း သိရသည်။

ဂျွန်ဆင်က “Daily Mail” အင်တာဗျူးဖြေကြားစဉ် “အစိုးရအသုံးစရိတ်ကို လျှော့ချနိုင်မှသာ လူနေမှုစရိတ်ကို လျှော့ချနိုင်မည်” ဟုပြောကြားခဲ့သည်။ အစိုးရဝန်ထမ်း အလုပ်အကိုင်နေရာ ၅ ပုံ ၁ ပုံကို လျှော့ချပြီးနောက် အစိုးရသည် နှစ်စဉ် စတာလင်ပေါင် ၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၂၇ ဘီလီယံခန့်) သက်သာနိုင်မည်ဖြစ်ကြောင်းနှင့် အခွန်လျှော့ချရေးမူဝါဒကို အကောင်အထည်ဖော်နိုင်သည့် ဘဏ္ဍာငွေလည်းရှိမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် နေ့စဉ်ဘဝလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် ငွေကြေးပိုမိုရှိလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၎င်းက အစိုးရဌာနအသီးသီးအား ဝန်ထမ်းသစ်ခေါ်ယူမှုကို ရပ်တန့်ရန်နှင့် လက်ရှိမလိုအပ်သည့် လစ်ဟာနေသော အလုပ်နေရာများကို ဖြုတ်ပစ်ရန် တောင်းဆိုထားသည်။
အစိုးရဝန်ထမ်း၏ ပရော်ဖက်ရှင်နယ်နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းသမဂ္ဂ FDA က ဂျွန်ဆင်၏ ဝန်ထမ်းလျှော့ချမှု အဆိုပြုချက်ကို ဆန့်ကျင်ပြီး ယင်းအဆိုပြုချက်က အစိုးရအတွက် ကုန်ကျစရိတ် သက်သာမှု မရှိစေမည့်အပြင် နိုင်ငံကူးလက်မှတ်လုပ်ဆောင်ခြင်း၊ နယ်စပ်၊ ဆေးဘက်ဆိုင်ရာစသည့်အစိုးရဌာန၏ လုပ်ငန်းထိရောက်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Belfast Telegraph က သတင်းဖော်ပြထားသည်။

FDA ၏အမြင်အရ ၂၀၁၆ ခုနှစ်မှစတင်ကာ အစိုးရဝန်ထမ်းအရေအတွက် သိသိသာသာတိုးလာမှုသည် ယခင်က မကြုံဖူးသည့် ကိစ္စရပ်ကြီးနှစ်ခုဖြစ်သည့် ဗြိတိန်၏ “Brexit” နှင့် ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်ပြည်သူများ၏ လူနေမှုစရိတ် မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က BBC ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဆီစျေးမြင့်တက်မှုကြောင့် အကျိုးအမြတ်အများအပြားရရှိခဲ့သည့် ဗြိတိန်စွမ်းအင်ကုမ္ပဏီများအပေါ် ” Windfall profits Tax “ကောက်ခံရန် ဖြစ်နိုင်ခြေရှိသော်လည်း “လက်တွေ့ကျသော” အစီအမံများကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျွန်ဆင်ကမူ လုပ်ငန်းကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံလိုလားမှု ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဤအဆိုပြုချက်ကို ကန့်ကွက်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

省支出 英国首相要求砍掉9万公务员岗位
新华社北京5月13日电 英国首相鲍里斯•约翰逊12日给内阁大臣们下了一个任务:想办法裁减五分之一、大约9.1万个公务员岗位,以节省财政开支,从而让政府有余力推行减税政策,缓解英国当前“生活成本危机”。
英国媒体报道,约翰逊当天在一场讨论如何降低生活成本、抑制物价飙涨势头的内阁会议上提出这项建议,要求各部大臣在一个月内呈交裁员方案。
消息人士披露,约翰逊希望数年内公务员队伍规模恢复到2016年前水平。按照他的说法,自2016年以来,英国全职政府公务员人数增长至47.5万人。
约翰逊接受《每日邮报》采访时说:“我们必须削减政府开支,才能减低生活成本。”裁减五分之一公务员岗位后,政府每年可以节省大约35亿英镑(约合42.7亿美元)支出,就有财力推行减税政策,让民众有更多钱满足日常生活需求。
他要求各政府部门停止招新,裁撤当前非必须保留的空缺岗位。
《贝尔法斯特电讯报》报道,公务员中专业技术及管理人员的工会组织FDA反对约翰逊裁员提议,称其“考虑不慎”,非但不会给政府节省开支,反而可能影响护照办理、边境、医疗等公务部门办事效率。
在FDA看来,2016年以来公务员人数大增是因为两大“史无前例的事件”:英国“脱欧”和新冠疫情。
英国民众生活成本近来大幅上升的主要原因之一是石油、天然气价格高涨。
财政大臣里希•苏纳克接受英国广播公司采访时表示,不排除对因油气价格飙涨而大赚的英国能源企业征收“暴利税”的可能性,但会“务实”以待。约翰逊则反对这一提议,担心征税举措会打击企业扩大投资的意愿。(沈敏)
图说1- 5月5日,英国首相、保守党领袖鲍里斯•约翰逊在伦敦一家投票站投票后准备离开。新华社发(蒂姆•爱尔兰摄)