Connect with us

Europe

တရုတ်ယွမ်ငွေကို ငွေကြေးစနစ်တွင် ထည့်သွင်းရန် ဘီလာရုဇ်ဗဟိုဘဏ် ဆုံးဖြတ်

တရုတ်ယွမ်ငွေနှင့် အမေရိကန်ဒေါ်လာအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ယွမ်ငွေကို ဇူလိုင် ၁၅ ရက်မှစ၍ ငွေကြေးစနစ်၌ ထည့်သွင်းရန် ဆုံးဖြတ်လိုက်ကြောင်း ဘီလာရုဇ်ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်တွင် ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၎င်း၏ငွေကြေးစနစ်တွင်တရုတ်ယွမ်ငွေ၏ပါဝင်မှုက ၁၀ ရာခိုင်နှုန်းရှိပြီး ရုရှားရူဘယ်လ်ငွေက ၅၀ ရာခိုင်နှုန်း၊ အမေရိကန် ဒေါ်လာနှင့် ယူရိုငွေက ၃၀ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး ရှိကြကြောင်း ဘီလာရုဇ်ဗဟိုဘဏ်က ပြောကြားခဲ့သည်။

ဤသို့ဆုံးဖြတ်ရသည့် အဓိကအကြောင်းရင်းမှာ ၂၀၂၂ ခုနှစ် ၎င်းနိုင်ငံအတွင်း နိုင်ငံခြားငွေစတော့အိတ်ချိန်းများ၏ နိုင်ငံခြားငွေလဲလှယ်မှုပမာဏနှင့်ပြည်ပကုန်သွယ်ရေးဖွဲ့စည်းပုံ ပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ဖြစ်ကြောင်း ဘီလာရုဇ်ဗဟိုဘဏ်က ဆိုသည်။

၎င်း၏ငွေကြေးစနစ်တွင် တရုတ်ယွမ်ငွေထည့်သွင်းပြီးနောက် ဘီလာရုဇ်ရူဘယ်လ်ငွေမှ တရုတ်ယွမ်ငွေ၊ အမေရိကန်ဒေါ်လာ၊ ယူရိုငွေနှင့် ရုရှားရူဘယ်လ်ငွေ၏ တရားဝင်ငွေလဲနှုန်းသည် ဘီလာရုဇ်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ရလဒ်များအရ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
白俄罗斯央行决定将人民币纳入货币篮子
2022-07-14 10:58:14
新华社明斯克7月13日电(记者鲁金博)白俄罗斯中央银行13日在官网发布消息说,自7月15日起将人民币纳入其货币篮子。
白俄罗斯央行说,人民币在其货币篮子中的权重将为10%,俄罗斯卢布权重为50%,美元和欧元权重分别为30%和10%。
白央行表示,做出这一决定主要是考虑到2022年该国外汇证券交易所外汇交易额及外贸结构的变化。人民币被纳入其货币篮子后,白俄罗斯卢布兑换人民币、美元、欧元及俄罗斯卢布的官方汇率将根据白俄罗斯外汇证券交易所的交易结果决定。(完)
图说1:资料图,新华社发