Connect with us

North America

အမေရိကန် ဗိုလ်ကျ ကျင်းပသည့် ထိပ်သီးအစည်းအဝေးနှင့် မအောင်မြင်သော ဘက်ရွေးရပ်တည်ရေး လှုံ့ဆော်မှု

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးကို မေ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများနှင့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုမည် ဖြစ်ကြောင်း အစည်းအဝေးကာလတွင် အမေရိကန်နိုင်ငံက ကြေညာခဲ့သည်။ဤအစည်းအဝေးကို အမေရိကန် အစိုးရက လပေါင်းများစွာကပင် ချဲ့ကားပြောဆိုနေသည်မှာ “သမိုင်းတွင်”နေသော်လည်း သရော်ဖွယ်ဖြစ်သည်က အာဆီယံနိုင်ငံများ၏ အချက်အချာစီးပွားရေးလိုအပ်ချက်အပေါ် လက်တွေ့တုန့်ပြန်မှုမရှိခြင်း ဖြစ်ကြောင်း သုံးသပ်သူအချို့က ထောက်ပြသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ဘက်က “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ကို ဆက်လက်တွန်းအားပေးပြီး ဒေသတွင်းနိုင်ငံများအကြား တစ်ဖက်တစ်ချက် ထိတ်တိုက်ဖြစ်စေရန် လှုံ့ဆော်လိုခြင်းဖြစ်သော်လည်း ကြိုးပမ်းမှုက အချည်းနှီးသာ ဖြစ်ရာ သက်ဆိုင်ရာ လုပ်ဆောင်ချက်များက ၎င်း၏ ကမ္ဘာ့ဗိုလ်နေရာ အရှိန်အဝါကျဆင်းလာမှုကို တားဆီးမရ ဖြစ်နေသည်။

ဗိုလ်ကျကျင်းပသည့် အစည်းအဝေး၊ ဟန်လုပ်ခြင်းသာ ဖြစ်

ဤတစ်ကြိမ်အစည်းအဝေးပြင်ဆင်မှု အဆင်ပြေချောမွေ့မှုမရှိခဲ့ပေ။ ထိုမတိုင်မီ အစည်းအဝေးကို မတ် ၂၈ ရက်မှ ၂၉ ရက်တွင် ကျင်းပမည်ဟု အမေရိကန်က တစ်ဖက်သတ်ကြေညာခဲ့ရာ ထိုဗိုလ်ကျသည့် လုပ်ဆောင်မှုက အာဆီယံနိုင်ငံ ခေါင်းဆောင်များ၏မနှစ်မြို့မှုကြောင့် နောက်ဆုံးတွင် အစည်းအဝေးကာလကို နောက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။

အစည်းအဝေးအစီအစဉ် ၂ ရက်ကို ကြည့်မည်ဆိုလျှင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မေ ၁၂ ရက်တွင် ကျင်းပသော ကြိုဆိုပွဲ ညစာစားပွဲနှင့် မေ ၁၃ ရက် ညနေတွင် ကျင်းပသော အာဆီယံနိုင်ငံခေါင်းဆောင်များနှင့်အဖွဲ့လိုက်တွေ့ဆုံခဲ့သည်။
အမှန်အစင်စစ်အားဖြင့် ဘိုင်ဒန်နှင့် ရပ်ဝေးမှ ခရီးနှင်လာသော အာဆီယံနိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံသည့်အချိန်မှာ ၃ နာရီခွဲခန့်သာ ရှိရာ “အရေးကြီးမိတ်ဖက်”ဟုဆိုနေသူအတွက် စိတ်အားထက်သန်မှု ပြည့်ဝခြင်း မရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် လက်ထောက်ဝန်ကြီး Kao Kim Hournက အာဆီယံနိုင်ငံ ခေါင်းဆောင်များကို လေးစားမှုနှင့် တန်းတူရည်တူ ဆက်ဆံသင့်ကြောင်း၊ အကယ်၍ အမေရိကန်အစိုးရအနေဖြင့် အာဆီယံနှင့်ဆက်ဆံရေး အမှန်တကယ်မြှင့်တင်လိုပါက ဘိုင်ဒန်က ထိပ်သီးအစည်းအဝေးတွင် အချိန်ပိုပေးသင့်ပြီး အာဆီယံခေါင်းဆောင်များနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုစီစဉ်ပေးရန် မတွန့်ဆုတ်နေသင့်ကြောင်း ပြောကြားခဲ့သည်။

ဤတစ်ကြိမ်အစည်းအဝေးတွင် အမေရိကန်မှ အာဆီယံနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများအတွက် ကန်ဒေါ်လာ သန်း ၁၅၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၁၂ ရက်တွင် မိတ်ဆက် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ ကျင်းပသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို မိန့်ခွန်းပြောကြားနေသည်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းတို့အနက် အာဆီယံနိုင်ငံများ ကာဗွန်လျော့နည်းရေး ၊ သန့်စင်စွမ်းအင်အခြေခံအဆောက်အအုံတည်ဆောက်မှုအတွက် ဒေါ်လာသန်း ၄၀ ၊ အာဆီယံနိုင်ငံများ ပင်လယ်ပြင်လုံခြုံရေးကာကွယ်ရန်နှင့် တရားမဝင်ငါးဖမ်းမှုတိုက်ဖျက်ရေးတရားဥပေဒစိုးမိုးရေးစွမ်းရည် မြှင့်တင်ရန်အတွက် ဒေါ်လာ သန်း ၆၀ ၊ အရှေ့တောင်အာရှနိုင်ငံများ သို့ ကိုဗစ်ကပ်ရောဂါစသည့် ပြည်သူ့ကျန်းမာရေးအကျပ်အတည်းဖြေရှင်းရေးအတွက် ဒေါ်လာ ၁၅ သန်း ၊ အာဆီယံနိုင်ငံများ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဒေါ်လာ ၆ သန်း၊ အခြား ငွေကြေးများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်ရေးနှင့်လူမှုယဉ်ကျေးမှုဖလှယ်ရေးစသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတဘိုင်ဒန်အား ဝါရှင်တန်မြို့ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိမ်ဖြူတော်အရာရှိ၏ မေ ၁၂ ရက် ကပြုလုပ်သည့် အထက်ပါပူးပေါင်းဆောင်ရွက်မှုအစီအစဉ် သတင်းမီဒီယာမိတ်ဆက်ပွဲအဖွင့်တွင် အဆိုပါစီမံကိန်းများနှင့်သက်ဆိုင်သော ငွေကြေးပမာဏစုစုပေါင်းကို ပြောကြားရန် မေ့လျောခဲ့ရာ သတင်းထောက်များမေးမြန်းမှာသာ ပြန်လည် ဖြည့်စွက်ပြောကြားခဲ့ပြီး ၎င်းမှာ ဖြစ်ခဲလှသော လစ်ဟာမှုတစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့သည်။

Center for a New American Security(CNAS)၏ အမှုဆောင် အရာရှိချုပ် Richard Fontaineက ယင်းငွေကြေးပမာဏက အမေရိကန်အတွက် အကျပ်ရိုက်စေမည့် နှိုင်းယှဉ် ပြောဆိုမှု ဖြစ်လာစေကြောင်း၊ မကြာသေးမီကပင် အမေရိကန် အောက်လွှတ်တော်က ကန်ဒေါ်လာ ဘီလီယံ ၄၀ ယူကရိန်းသို့ ကူညီပေးရန် ခွင့်ပြုခဲ့ကြောင်း ဆိုသည်။

ယူကရိန်းကို အမေရိကန် ကူညီပံ့ပိုးပေးသည်နှင့်နှိုင်းယှဉ်လျှင် အမေရိကန်အနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ်အလေးထားခြင်းမဟုတ်သည်ကို ပေါ်လွင်စေကြောင်း ကမ္ဘောဒီးယားနိုင်ငံ BELTEI International University ၏ အကြီးတန်း ပါမောက္ခ Joseph Matthewsက ယူဆသည်။ အထူးသဖြင့် လက်ရှိ ကပ်ရောဂါရိုက်ခတ်မှုဒဏ်ကို ဆိုးဝါးစွာခံနေရာမှ စီးပွားရေး ပြန်လည်ရှင်သန်ရေးအတွက် အာဆီယံ၏ကြိုးပမ်းမှုကို ဘယ်လောက်မျှ ကူညီထောက်ပံ့ခြင်း မရှိခဲ့ကြောင်း၊ ၎င်းမှာ နှစ်ဖက်အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ရန် အစီအစဉ်ရေးဆွဲမှု လက်တွေ့လိုအပ်ချက်များ ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် အမေရိကန်အနေဖြင့် အာဆီယံနိုင်ငံများ၏ အဓိကလိုအပ်ချက်တောင်းဆိုမှုကို ရှောင်ကွင်းခဲ့သည်။
အာဆီယံနိုင်ငံများ၏ အဓိကလိုအပ်ချက်မှာ အမေရိကန်အနေဖြင့် အာဆီယံကုန်စည်ပစ္စည်းများ၏ ဈေးကွက်ဝင်ရောက်မှုကို ချဲ့ထွင်ပေးရန် ဖြစ်သော်လည်း ဘိုင်ဒန်အစိုးရအနေဖြင့် ပြည်တွင်း မဲဆန္ဒကြောင့် စဉ်းစားပေးမည် မဟုတ်ကြောင်း Brookings Institution အဆင့်မြင်သုတေသီ Jonathan Stromseth၏ မေ ၁၁ ရက်တွင် ထုတ်ပြန်သည့် ဆောင်းပါး၌ ထောက်ပြထားသည်။

ဘက်ရွေးရပ်တည်ရေး လှုံ့ဆော်မှု ဖြစ်မြောက်ရန် ခဲယဉ်း

ဤတစ်ကြိမ်အစည်းအဝေးတွင် တွန်းအားပေးနေသည့် အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများအပေါ်ထားရှိသည့် အမေရိကန်၏ သဘောထားကလည်း ခန့်မှန်းရခက်သည်။

အိမ်ဖြူတော်၏ မိတ်ဆက်ပြောကြားချက်များအရ ဒေသတွင်း နိုင်ငံများ ပင်လယ်ပြင်လုံခြုံရေး တရားဥပဒေစိုးမိုးမှု လေ့ကျင့်ရေးပလက်ဖောင်းကို ကူညီပေးရန်အတွက် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က အရှေ့တောင်အာရှနှင့် အိုရှန်းနီးယား ပင်လယ်ကျွန်းစုဒေသများသို့ ကင်းလှည့်သင်္ဘောများ ဖြန့်ကျက်သွားမည် ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်က အရှေ့တောင်အာရှနိုင်ငံများသို့ သင်္ဘောနှင့် ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးရေးကို ဦးစားပေးဆောင်ရွက်ကာ “အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ရေးနှင့်ပွင့်လင်းရေး”ဟုဆိုသည့် ယင်းဒေသ ပင်လယ်ကမ်းရိုးတန်းနိုင်ငံများ၏ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် လေ့ကျင့်ရေးအရာရှိများကို စေလွှတ်၍ အရှေ့တောင်အာရှနိုင်ငံများ ရေကြောင်း ဥပဒေစိုးမိုးရေးဌာများ၏ တရားဥပဒေစိုးမိုးရေးစွမ်းရေးကို ကူညီမြှင့်တင်ပေးမည် ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်၏ ဤလှုပ်ရှားမှု ရည်ရွယ်ချက်က တရုတ်ကို ဦးတည်သည်မှာ သိသာထင်ရှားကြောင်း ၊ သို့သော် အာဆီယံနိုင်ငံများက ဘက်ရွေးမရပ်တည်လိုကြခြင်းကြောင့် ၎င်း၏အကြံအစည် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း သုံးသပ်သူအချို့က ဆိုသည်။

အစည်းအဝေးခရီးစဉ်မတိုင်မီ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံသည် အမေရိကန် အပါအဝင် မိတ်ဖက်အားလုံးအတွက် တံခါးဖွင့်ထားကြောင်း၊ အရှေ့တောင်အာရှနိုင်ငံအနေဖြင့် အခြားနိုင်ငံနှင့်ဆက်ဆံရေးကို မထိခိုက်သော အခြေအနေတွင် အမေရိကန်နှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လိုကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ Panyapiwat Institute of Management(PIM) ၊ တရုတ်-အာဆီယံ သုတေသနစင်တာ ညွှန်ကြားရေးမှူး ထန်းကျစ်မိန်က အာဆီယံနိုင်ငံများ ဘက်ရွေးမရပ်တည်လိုခြင်းမှာ ၎င်းတို့၏နိုင်ငံခြားရေးမူဝါဒနှင့်အမေရိကန်၏ပထဝီမဟာဗျူဟာအကြား အခြေခံကွဲပြားမှုကြောင့် ဖြစ်ပြီး နိုင်ငံရေးကဏ္ဍတွင် “အမေရိကန် ဗဟိုပြု”သည့် ဒေသရေးရာမူဘောင်နှင့်”အာဆီယံ ဗဟိုပြု”သည့် ဒေသရေးရာမူဘောင်ကြားတွင် ပဋိပက္ခ ရှိနေခြင်း၊ စီးပွားရေးကဏ္ဍတွင် အမေရိကန်က တရုတ်ကို ကမ္ဘာ့ကုန်စည်ထောက်ပို့ရေးကွင်းဆက်က ဖယ်ထုတ်ရန် တစ်ဖက်သတ်ဆန္ဒရှိနေမှုနှင့် တရုတ်နိုင်ငံသည် အာဆီယံ၏အကြီးဆုံးကုန်သွယ်ဖက် ဖြစ်နေသည့် အမှန်တရားကြားတွင် မလျော်ညီမှုများ ရှိနေခြင်း၊ လုံခြုံရေးကဏ္ဍတွင် အာဆီယံနိုင်ငံများက အမေရိကန်မဟာဗျူဟာ၏ စစ်တုရင်ထဲကနယ်ရုပ်မဖြစ်လိုခြင်းကြောင့် ဖြစ်သည်ဟု ယူဆသည်။

အမေရိကန် နိုင်ငံရေးသမားအချို့က “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ဖြင့် တရုတ်၏ ယင်းဒေသအပေါ် သက်ရောက်မှုအရှိန်အဝါကို ကန့်သတ်ချင်ကြကြောင်း၊ သို့သော်လည်း ကုန်သွယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ဘက်ပေါင်းစုံအပြန်အလှန်အကျိုးဖြစ်အောင် မြှင့်တင်ခြင်းနှင့် ပဋိပက္ခကို ရှောင်ရှားခြင်းကသာ ပို၍ လက်တွေ့ကျပြီး ဖော်ဆောင်နိုင်မည့် နည်းလမ်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ Carnegie Endowment for International Peace(CEIP)၏ ထူးချွန်သုတေသီ Douglas H. Paal က ဆိုသည်။

ဗိုလ်ကျစိုးမိုးမှုအာဏာအရှိန်အဝါ ကျဆင်းလာခြင်းက ပြောင်းလဲ၍မရ

ရုရှား-ယူကရိန်း ပဋိပက္ခက အာရှ-ပစိဖိတ်ဒေသများအပေါ် အမေရိကန်၏ အာရုံစိုက်မှု လျော့ကျသွားခြင်းမရှိကြောင်း အမေရိကန်အနေဖြင့် ဤတစ်ကြိမ်အစည်းအဝေးမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ ဖော်ပြလိုသည့် တစ်ချိန်တည်းမှာပင် အာဆီယံနိုင်ငံများကို ချဉ်းကပ်၍ ရုရှားကို ဆန့်ကျင်ရန်၊ တရုတ်ကို တားဆီးရန် စည်းရုံးခြင်း ဖြစ်ကြောင်း သုံးသပ်သူအချို့က ဆိုသည်။
သို့သော်လည်း အခြားနိုင်ငံအပေါ် ဖိအားပေးအကျပ်ကိုင်လိုသော အမေရိကန်၏ လုပ်ရပ်မှာ ကျဆုံးမည် ဖြစ်သလို အမေရိကန်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုအာဏာအရှိန်အဝါ ကျဆင်းလာခြင်းက ပြောင်းလဲ၍မရသည့် အခြေအနေဖြစ်နေပြီ ဖြစ်သည်။

မလေးရှားနိုင်ငံ နိုင်ငံရေးလေ့လာသုံးသပ်သူ Azmi Hassanက အမေရိကန်အနေဖြင့် ပထဝီနိုင်ငံရေးရှုထောင့်က ထိန်းချုပ်လိုရာ ထိုမတိုင်မီ ရုရှား-ယူကရိန်း ပဋိပက္ခတွင် အာဆီယံအပေါ် ဖိအားပေးခြင်းကလည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ အာဆီယံအနေဖြင့်ဆိုလျှင် စီးပွားရေးကဏ္ဍကသာ အရေးကြီးဆုံးဖြစ်နေကြောင်း ဆိုသည်။

အာရှ-ပစိဖိတ်ဒေသအား ထိန်းချုပ်ခွင့် ဆုံးရှုံးသွားမည်ကို အမေရိကန်စိုးရိမ်နေရာ ၎င်းပြည်တွင်းစီးပွားရေးစနစ် မငြိမ်မသက် လှုပ်ခတ်နေသည့် အခြေအနေတွင် နိုင်ငံတကာ၌ အသိုက်အဝန်းငယ်ဖွဲ့၍ ၎င်း၏ဗိုလ်ကျစိုးမိုးမှုနေရာကို ထိန်းသိမ်းထားလိုကြောင်း၊ သို့သော်လည်း ၎င်းမှာ သူ့အရှိန်အဝါကျဆင်းလာခြင်း၏ဖော်ပြမှု ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာရေးရာ သုတေသနစင်တာ သုတေသီ Veronika Saraswatiက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ Thammasat University၊ Pridi Banomyong International College ပါမောက္ခ ယန်ပေါင်ကျွင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုအတွက်ကြည့်မည်ဆိုလျှင် အမေရိကန်အစိုးရက အာဆီယံနိုင်ငံများအပေါ် လုံလောက်သည့်အလေးထားမှုမရှိဘဲ အာဆီယံဒေသ၌ရင်းနှီးမြှုပ်နှံမှုအလွန်နည်းပါးခြင်းအပြင် သက်ဆိုင်ရာ စီးပွားရေးမူဝါဒ လိုအပ်ချက်များ ရှိနေကြောင်း ယူဆသည်။ အာဆီယံနိုင်ငံအများစုကလည်း အရှေ့တောင်အာရှဒေသတွင် အမေရိကန်၏အရှိန်အဝါ ကျဆင်းလာသည်ဟုယူဆကြကြောင်း ဆိုသည်။

အလယ်အလတ်နိုင်ငံနှင့်နိုင်ငံငယ်များက စူပါပါဝါဖိအားနှင့်ရင်ဆိုင်ရသည့်အခါ မဖြစ်မနေ ရွေးချယ်ရမည် ဆိုလျှင် ယင်းရွေးချယ်မှုရလဒ်သည် အင်အားကြီးနိုင်ငံများ၏ မျှော်လင့်ချက်နှင့်ဆန့်ကျင်ဘက်ကို ရွေးချယ်တတ်ကြကြောင်းကို ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် သက်သေပြပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာရေးရာ သုတေသနစင်တာ သုတေသီ Rizal Sukmaက ဆိုသည်။ (Xinhua)

——————————————
(Chinese Version)
美办峰会霸道待客 挑动对立不得人心
2022-05-15 19:20:57
新华社华盛顿5月14日电(记者邓仙来)美国—东盟领导人会议12日至13日在美国首都华盛顿举行。美国在会议期间宣布将投资1.5亿美元用于与东盟国家开展多领域合作。
分析人士指出,美国政府数月来炒作这次会议具有所谓“历史性意义”,但讽刺的是,美国对东盟国家的关键经济诉求几乎未做实质性回应。同时,美方继续推销其“印太战略”,意欲挑起地区国家间的对立。但美方企图注定失败,相关做法也无法阻止其全球霸权的衰落。
这是2月21日在美国首都华盛顿拍摄的白宫。(新华社记者刘杰摄)
霸道办会走形式
本次会议的筹备过程并不顺利。此前,美国单方面宣布会议在3月28日至29日举行,这一霸道做派引发多个东盟国家领导人不满,最终美方不得不推迟会期。
从两天的会议日程来看,美国总统拜登只出席了12日的欢迎晚宴和13日下午与东盟领导人的集体会见。满打满算,拜登与千里迢迢来参会的东盟国家领导人见面时间仅约3个半小时。美方对其口中“重要伙伴”的招待着实难言热忱。
柬埔寨首相助理大臣高金华表示,东盟国家领导人应该得到尊重及平等对待,如果美国政府确实希望提升与东盟的关系,那么拜登应该在峰会上多花时间,而不是连与东盟国家领导人的双边会见都不愿意安排。
白宫12日介绍了此次会议上美国提出的与东盟国家的1.5亿美元投资合作项目。其中,4000万美元用于建设清洁能源基础设施,以帮助东盟国家减少碳排放;6000万美元用于提高东盟国家维护海上安全和“打击非法捕鱼”的执法能力;1500万美元用于帮助东南亚国家应对新冠疫情等公共卫生危机;600万美元用于促进东盟国家数字经济发展;其他资金用于环境保护、交通基础设施建设和人文交流等合作项目。
颇为讽刺的是,白宫官员12日就上述合作计划向媒体吹风时,在开场白中甚至“忘记”介绍合作项目涉及的资金总额。在媒体记者就此提问时,这位官员才做出补充说明,并承认出现这一疏忽实属“罕见”。美国智库新美国安全中心首席执行官理查德•方丹说,这一金额注定会引来令美方尴尬的比较。不久前,美国国会众议院批准了400亿美元的对乌克兰援助。
柬埔寨贝尔泰国际大学资深教授约瑟夫•马修斯认为,相较美国对乌克兰的援助,可以看出美国并未真正重视与东盟的合作。尤其是当下东盟正努力恢复遭疫情严重冲击的经济,而美国没有提供多少帮助,这让双方计划建立的全面战略伙伴关系缺少实质性内容。
此外,美国还回避东盟国家的核心需求。美国智库布鲁金斯学会高级研究员乔纳森•斯特罗姆塞特11日发表文章指出,东盟国家一个关键诉求是美国扩大对东盟商品的市场准入,但拜登政府出于对国内选票的考虑,不会给予考虑。
2021年12月10日,顾客在美国纽约一家超市选购商品。 (新华社记者王迎摄)
挑动对立难奏效
美国在此次会议上推出的与东盟国家合作项目难掩美方叵测居心。
据白宫介绍,美国海岸警卫队将向东南亚和大洋洲地区部署一艘巡逻舰,作为协助域内国家进行海上安全执法训练的平台。同时,美国将把向东南亚国家提供舰船和额外国防设备作为优先事项,以增强该地区沿海国家的海洋执法能力,促进所谓“印太地区自由与开放”。此外,美国国务院和海岸警卫队将首次从美国本土派遣教官,帮助东南亚国家海洋执法部门提高“执法能力”。
分析人士指出,美方这些动作的目的不言自明,其针对中国的意图明显,但东盟国家并不愿选边站队,美方企图注定无法实现。
图为2019年8月8日的资料照片,在印度尼西亚首都雅加达,印尼总统佐科在东盟秘书处新大楼落成典礼上讲话。(新华社发,印度尼西亚外交部供图)
印尼总统佐科在启程前说,印尼打算强调,东盟对包括美国在内的所有伙伴都保持开放。东南亚国家打算在不损害与其他国家关系的情况下发展与美国的关系。
泰国正大管理学院中国—东盟研究中心主任汤之敏认为,东盟国家不愿选边站队缘于其外交政策与美国的地缘战略有根本性分歧:在政治上,“以美国为中心”的区域架构与“以东盟为中心”的区域架构之间存在冲突;在经济上,美国企图将中国排除在全球供应链之外的一厢情愿,与中国是东盟最大贸易伙伴这一现实之间存在冲突;在安全上,东盟国家不希望成为美国战略棋盘上的棋子。
美国卡内基国际和平基金会杰出研究员道格拉斯•帕尔对新华社记者说,一些美国政客欲借“印太战略”限制中国在这一地区的影响力,但促进各方在贸易和人道主义等领域达成互利成果并避免发生冲突,才是更现实且更可取的做法。
霸权衰落不可逆
分析人士指出,美国希望通过此次会议向东盟国家表明,俄乌冲突不会降低美国对亚太地区的关注,同时拉拢东盟国家抗俄、遏华。然而,美方施压胁迫他国的做法注定失败,美国霸权衰落已是不可逆趋势。
1月19日,美国总统拜登在华盛顿白宫召开记者会(视频截图)。(新华社发)
马来西亚政治分析人士阿兹米•哈桑表示,美国欲从地缘政治角度来搞操控,此前在俄乌冲突问题上对东盟施压但并未成功。从东盟的角度看,经济议题才是最重要的。
印尼战略与国际问题研究中心研究员韦罗妮卡•萨拉斯瓦蒂说,美国害怕失去在亚太地区的控制权。在国内经济体系动荡的情况下,美国欲采取在国际上搞“小圈子”的方式来维持其霸权地位,但这正是其走向衰落的表现。
泰国法政大学比里•帕侬荣国际学院教授杨保筠认为,在东盟大多数成员国看来,美国政府对东盟国家的重视程度不足,对东盟地区资金投入太少并且缺乏相应的经济政策。多数东盟国家认为,美国在东南亚地区的影响力正趋于衰落。
印尼战略与国际问题研究中心资深研究员里扎尔•苏克玛说,全球地缘政治的发展历史已经证明,当中小国家面临超级强权施压而不得不做出选择时,其选择结果往往与强权国家的期望相反。(参与记者:王亚光、王媛媛、汪奥娜、吴长伟、毛鹏飞)