Connect with us

Asia

သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wickremesinghe ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဝန်ကြီးချုပ် Ranil Wickremesinghe (ယာ) က ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesingheသည် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ဘက်ပေါင်းစုံ ပါတီအသီးသီးပါဝင်သည့် အစိုးရဖွဲ့စည်းရန် သဘောတူညီချက်ရရှိရေးအတွက် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။

ထိုနေ့ နံနက်အစောပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ သီရိလင်္ကာနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mahinda Yapa Abeywardenaက သမ္မတ Gotabaya Rajapaksa ၏ ရာထူးမှ နုတ်ထွက်ကြောင်း စာလွှာကို လက်ခံရရှိကြောင်းနှင့် ရာထူးမှ နုတ်ထွက်ခြင်းသည် ဇူလိုင် ၁၄ ရက်မှ စတင်အသက်ဝင်ကြောင်း ပြောကြားခဲ့သည်။ အခြေခံ ဥပဒေအရ သမ္မတသစ် ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများစတင်ပြီဖြစ်ကြောင်း၊ Wickremesingheက ယာယီသမ္မတအဖြစ်တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသတ်မှတ်ချက်များအရ Wickremesingheသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးကို ရည်ညွှန်းခန့်အပ်ရမည် ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုင်ရာသတ်မှတ်ချက်များအရ ရာထူးတာဝန်ကာလမပြီးဆုံးမီ သမ္မတက ရာထူးမှနုတ်ထွက်ခဲ့လျှင် ၎င်း၏ကျန်ရှိသော တာဝန်ထမ်းဆောင်မှုကာလအတွက် လွှတ်တော်အနေဖြင့် သမ္မတအသစ် ရွေးချယ်မှုကို တတ်နိုင်သမျှလျင်မြန်စွာ ဆောင်ရွက်ရမည် ဖြစ်ပြီး သမ္မတအသစ်မရွေးချယ်မီ၊ ဝန်ကြီးချုပ်မှ သမ္မတရာထူးအာဏာကို ကျင့်သုံးရမည် ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာ လွှတ်တော်က ယခုလ ၂၀ ရက်တွင် သမ္မတအသစ် ရွေးကောက်တင်မြှောက်မည် ဖြစ်ပြီး သမ္မတအသစ်က ပါတီအသီးသီပါဝင်သော အစိုးရဖွဲ့စည်းရန် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mahinda Yapa Abeywardenaက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် ဇူလိုင် ၉ ရက်က ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့သည်။ ထိုနေ့ ညနေပိုင်းတွင် ကျင်းပသည့် အရေးပေါ်နိုင်ငံရေးပါတီ အစည်းအဝေးတွင် နိုင်ငံရေးပါတီခေါင်းဆောင်အများစုက သမ္မတနှင့်ဝန်ကြီးချုပ်ကို ရာထူးမှချက်ချင်းနုတ်ထွက်ရန်နှင့် ပါတီအသီးသီးပါဝင်သောကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။

Rajapaksa သည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် စစ်လေယာဉ်စီး၍ သီရိလင်္ကာမှ ထွက်ခွာပြီး မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ စင်ကာပူသတင်းမီဒီယာများ၏ ဖော်ပြမှုများအရ Rajapaksaသည် ဇူလိုင် ၁၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်မှ စင်ကာပူသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
(国际)斯里兰卡总理维克拉马辛哈宣誓就任临时总统
2022-07-15 22:33:45 分类: 政治法律
新华社科伦坡7月15日电(记者车宏亮)斯里兰卡总理办公室15日表示,总理维克拉马辛哈已宣誓就任临时总统。他随后发表电视讲话,呼吁各方就组建各党派参与的政府达成协议。
当天早些时候,斯里兰卡议长阿贝瓦德纳在新闻发布会上说,他已收到总统戈塔巴雅·拉贾帕克萨的辞职信,辞职从14日起生效。根据宪法,推举新总统的程序启动。维克拉马辛哈出任临时总统,行使总统职权。
根据宪法规定,维克拉马辛哈将指定一名内阁部长代行总理职务。
根据斯宪法有关条款规定,总统未完成任期而辞职,议会应尽早选举产生新总统,完成剩余任期。新总统产生前,由总理行使总统职权。
阿贝瓦德纳11日说,斯议会将于本月20日选举产生新总统,新总统将负责组建各党派参与的政府。
斯里兰卡首都科伦坡9日爆发抗议活动。在同日下午举行的紧急政党会议上,多数政党领导人要求总统和总理立即辞职,并尽快组建各党派参与的临时政府。
拉贾帕克萨13日凌晨乘军机离开斯里兰卡、抵达马尔代夫。据新加坡媒体报道,拉贾帕克萨14日晚从马尔代夫飞抵新加坡。(完)
1. 7月15日,在斯里兰卡科伦坡,总理维克拉马辛哈(右)宣誓就任临时总统。新华社发(斯里兰卡总理办公室供图)