Connect with us

Europe

ယူကရိန်းမှ ပထမဆုံး စားနပ်ရိက္ခာထောက်ပံ့ရေး သင်္ဘော အာဖရိကသို့ ထွက်ခွာ

ယူကရိန်းမှ ထွက်ခွာလာသော ဒုတိယအသုတ် စားနပ်ရိက္ခာတင် သင်္ဘော တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဘော့စ်ပရ်စ်ရေလက်ကြား ပင်လယ်နက် ပင်လယ်ဝအနီးသို့ ရောက်ရှိလာသည်ကို ဩဂုတ် ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်ပြီးနောက်ပိုင်း ပထမဆုံးစားနပ်ရိက္ခာထောက်ပံ့ရေးသင်္ဘောကြီးသည် ပင်လယ်နက်ဆိပ်ကမ်းမှ အာဖရိကသို့ ထွက်ခွာသွားပြီဖြစ်ရာ ဂျုံတန်ချိန် ၂၃,၀၀၀ ခန့် တင်ဆောင်သွားကြောင်း ယူကရိန်အခြေခံအဆောက်အအုံရေးရာဌာနက ဩဂုတ် ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောကြီးသည် Pivdennyiဆိပ်ကမ်းမှ ထွက်ခွာပြီး အရှေ့အာဖရိကနိုင်ငံ ဂျီဘူတီသို့ သွားရောက်၍ အီသီယိုးပီးယားနိုင်ငံအတွက် စားနပ်ရိက္ခာအကူအညီများပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ယင်းစားနပ်ရိက္ခာထောက်ပံ့ရေးသင်္ဘောအပြင် ယင်းနေ့တွင် အခြား စားနပ်ရိက္ခာတင် သင်္ဘော ၄ စီး ပင်လယ်နက် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ်လပိုင်းတွင် ပင်လယ်နက်ဆိပ်ကမ်းမှ ထွက်ခွာသော စားနပ်ရိက္ခာတင် သင်္ဘောအစီးရေ ၂၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လကုန်တွင် ရုရှား၊ ယူကရိန်းတို့က ပင်လယ်နက်ဆိပ်ကမ်း လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပသယ်ယူပို့ဆောင်ရေးကိစ္စရပ်တွင် ကုလသမဂ္ဂ၊ တူရကီတို့နှင့်အတူ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ရာ ယခုလ ၁ ရက်တွင် ပထမဆုံး စားနပ်ရိက္ခာတင်သင်္ဘော “Lazzoni”ယူကရိန်းနိုင်ငံ အိုဒက်ဆာဆိပ်ကမ်းမှ ထွက်ခွာနိုင်ခဲ့သည်။ သဘောတူညီချက်အရ ယူကရိန်းမှ ထွက်ခွာမည့် သို့မဟုတ် ယူကရိန်းသို့ သွားရောက်မည် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးသင်္ဘောများသည် စတုတ္ထဘက် ကိုယ်စားလှယ်အဖွဲ့က ဖွဲ့စည်းသော ပူးတွဲညှိနှိုင်းဆောင်ရွက်ပေးရေးစင်တာက စစ်ဆေးပြီးမှသာ သွားလိုရာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

ယူကရိန်းသည် စက်တင်ဘာတွင် လယ်ယာထွက်ကုန် တန်ချိန် ၃ သန်း တင်ပို့နိုင်မည် ဖြစ်ရာ အနာဂတ်တွင် လစဉ် တန်ချိန် ၄ သန်း တိုးလာနိုင်ကြောင်း ယူကရိန်းအခြေခံအဆောက်အအုံရေးရာ ဒုတိယဝန်ကြီး Yuriy Vaskovက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသည် ယခုလတွင် လယ်ယာထွက်ကုန် တန်ချိန် ၆ သိန်း တင်ပို့ပြီးဖြစ်ကြောင်းနှင့် လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း လယ်ယာထွက်ကုန်တင်ဆောင်ရန်နှင့်တင်ပို့ရန်အတွက် သင်္ဘောအစီးရေ ၃၀ ၏လျှောက်ထားမှုကို လက်ခံရရှိထားကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

ယူကရိန်းသို့ သွားရောက်သော စားနပ်ရိက္ခာတင် သင်္ဘော ၄ စီး သည် ဩဂုတ် ၁၆ ရက်တွင် ပူးတွဲညှိနှိုင်းဆောင်ရွက်ရေးစင်တာ၏ စစ်ဆေးမှုကို ခံယူရကြောင်း မီဒီယာများက ဖော်ပြထားသည်။ (Xinhua)
————————————–

首艘粮食援助船离开乌克兰前往非洲
2022-08-17 10:05:52 分类: 社会
新华社北京8月17日电 乌克兰基础设施部16日通报,乌克兰危机升级以来的首艘粮食援助船已经离开黑海港口前往非洲,运送大约2.3万吨小麦。
根据通报,这艘船从皮夫坚内港出发,前往东非国家吉布提,为埃塞俄比亚送去粮食援助。
土耳其国防部16日说,除了这艘粮食援助船,当天另有4艘运粮船从黑海港口出发。8月以来,从黑海港口出发的运粮船已有20余艘。
8月6日,从乌克兰出发的第二批运粮船抵达土耳其伊斯坦布尔的博斯普鲁斯海峡黑海入海口附近。新华社记者沙达提摄
7月下旬,俄罗斯、乌克兰就黑海港口农产品外运问题与联合国、土耳其签署协议,首艘运粮船“拉佐尼”号本月1日从乌克兰敖德萨港出发。根据协议,所有从乌克兰出发或前往乌克兰的运粮船需在接受四方代表组建的联合协调中心检查后才能驶往目的地。
乌克兰基础设施部副部长尤里•瓦西科夫16日说,乌克兰9月可出口300万吨农产品,未来可能增至每月400万吨。据他透露,乌克兰本月已出口农产品60万吨,并且已经收到大约30艘船今后两周前往乌克兰港口装载并外运农产品的申请。
另据多家媒体报道,四艘前往乌克兰的运粮船16日将接受联合协调中心检查。(郑昊宁)