Connect with us

Africa & Middle East

တရုတ်ဈေးကွက်သို့ အာဖရိက၏ အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ရေး အားပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက တရုတ်-အာဖရိက လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အလေးထားရာ အာဖရိက လယ်ယာထွက်ကုန် တင်သွင်းမှုကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “မကြာသေးမီက ကင်ညာနိုင်ငံရဲ့ ထောပတ်သီးတွေ တရုတ်နိုင်ငံကို တင်သွင်းလို့ရသွားတယ်။ ဒီအပေါ် အများက လိုလိုလားလားကြိုဆိုကြတယ်။ အာဖရိကဘက်ကလည်း လယ်ယာထွက်ကုန်ပစ္စည်းတွေ ပိုမိုများပြားစွာ တရုတ်ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ မျှော်လင့်ကြတယ်။ ဒီအပေါ် တရုတ်ဘက်က ဘယ်လို ဆောင်ရွက်မှုတွေ ရှိပါသလဲ။ ဒါ့အပြင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၈ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးမှာ တရုတ်ဘက်က အာဖရိက လယ်ယာထွက်ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံကို တင်သွင်းဖို့ အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်လိုက်တယ်လို့ ကြေညာခဲ့တာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဒီအခြေအနေနဲ့ပတ်သတ်လို့ နောက်တစ်ဆင့် မိတ်ဆက်ပြောကြားပေးလို့ရမလား”ဟု မေးမြန်ခဲ့ခြင်း ဖြစ်သည်။

ထိုမေးမြန်းမှုအပေါ် ဝမ်ဝန်ပင်းက တရုတ်နိုင်ငံအစိုးရသည် တရုတ်-အာဖရိက လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အလေးထားရာ အာဖရိကလယ်ယာထုတ်ကုန် တင်သွင်းရေးအတွက် တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး ကျင်းပသည့်အချိန်မှစပြီး ကင်ညာ၊ တောင်အာဖရိက၊ ဘီနင်၊ အီဂျစ် စသည့် အာဖရိက နိုင်ငံ ၁၄ နိုင်ငံ၏ လယ်ယာထွက်ကုန် စားသောက်ကုန်ပစ္စည်းများက တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် အာဖရိက လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့သည် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ရာ ယခုနှစ်များတွင် အာဖရိကမှ တရုတ်နိုင်ငံသို့ တင်ပို့သော လယ်ယာထွက်ကုန်ပစ္စည်းသည် နှစ်စဉ် ပျမ်းမျှ ၁၁.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ်တွင် အာဖရိက၏ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုပမာဏသည် ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၈ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် တရုတ်နိုင်ငံက အာဖရိကလယ်ယာထွက်ကုန်ပစ္စည်းများများအတွက် အစိမ်းရောင်လမ်းကြောင်းဖွင့်လှစ်သည်ဟု ကြေညာခဲ့ကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံ အကောက်အခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ကလည်း လက်တွေ့ကျ ဖော်ဆောင်နိုင်မည့် တင်သွင်းရေးဆိုင်ရာ အဆင်ပြေလွယ်ကူစေသော နည်းလမ်းများကို သတ်မှတ်ခဲ့ပါကြောင်း၊ ပထမအနေဖြင့် အာဖရိကနိုင်ငံများက အဆိုပြုသော လယ်ယာထွက်ကုန်ပစ္စည်း တင်သွင်းရန်လျှောက်ထားမှုကို ဦးစားအပေးအနေဖြင့် ထည့်သွင်းစဉ်စားကာ သက်ဆိုင်ရာနည်းပညာအချက်အလက်များ၌ ထည့်သွင်းပြီး အန္တရာယ်သုံးသပ်မှုများကို ချက်ချင်း စတင်ကာ ရောဂါစစ်ဆေးမှုလုပ်ငန်းဆောင်တာများကို လျင်မြန်စွာ တွန်းအားပေး လုပ်ဆောင်ခြင်း၊ ဒုတိယအနေဖြင့် နိုင်ငံတူ၊ အလားတူစီမံထားသော လယ်ယာထွက်ကုန်ပစ္စည်းများ သို့မဟုတ် နိုင်ငံမတူ အမျိုးအစားတူ လယ်ယာထွက်ကုန်ပစ္စည်းများကို အန္တရာယ်ထိန်းချုပ်နိုင်မှုအခြေအနေတွင် တစ်ပေါင်းတည်းသုံးသပ်မှုများလုပ်ဆောင်ကာ တင်သွင်းရေးလုပ်ငန်းဆောင်တာများ လျင်မြန်စေရန် လုပ်ဆောင်ခြင်း ၊ တတိယအနေဖြင့် အာဖရိကနိုင်ငံများတွင် တင်သွင်းခွင့်ရပြီးသော လယ်ယာထွက်ကုန်ပစ္စည်းများ၏ လုပ်ငန်းများ မှတ်ပုံတင်မှုအဆင်ပြေလွယ်ကူစေရေး ဗွီဒီယိုဖြင့် စစ်ဆေးခြင်း သို့မဟုတ် စာရွက်စာတမ်း စစ်ဆေးခြင်းသည့် အဆင်ပြေလွယ်ကူစေသောနည်းလမ်းများကို အသုံးပြု၍ သုံးသပ်မှုနှင့်မှတ်ပုံတင်မှုလုပ်ငန်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး စသည်တို့ကို လုပ်ဆောင်ထားကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံသက်ဆိုင်ရာဌာန တွေကလည်း တရုတ်-အာဖရိက ကျန်းမာရေးနှင့်ဇီဝကမ္မဗေဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပမှာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ အာဖရိက ဒေသထွက် လယ်ယာထုတ်ကုန်ပစ္စည်းတွေ ပိုမိုများပြားစွာ တရုတ်ဈေးကွက်ကို အဆင်ပြေချောမွေ့ဝင်ရောက်နိုင်ရန် အားပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“နှစ်ဘက်စလုံးရဲ့ အတူတကွ ကြိုးပမ်းမှုမှာ တရုတ်-အာဖရိက လယ်ယာထွက်ကုန် စားသောက်ကုန်ပစ္စည်း ကုန်သွယ်ရေးပိုပြီး စည်ပင်ဝပြောလာမယ် ၊ တရုတ်-အာဖရိက ပြည်သူတွေအတွက် ပိုမိုလက်တွေ့ကျတဲ့အကျိုးစီးပွားတွေ ရရှိလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

———————–

外交部发言人:支持更多非洲优质特色农食产品进入中国市场
新华社北京8月16日电(记者冯歆然)外交部发言人汪文斌16日表示,中国政府重视加强中非农业合作,积极推进自非洲进口农产品。将支持和便利更多非洲优质特色农食产品进入中国市场,为中非人民带来更多实实在在的实惠。
当日例行记者会上,有记者问:前不久,肯尼亚牛油果实现对华出口,反响热烈。非方期待有更多农产品进入中国市场。请问中方在这方面将采取什么措施?此外我们还注意到中非合作论坛第八届部长级会议上,中方宣布为非洲农产品输华建立“绿色通道”。请问中方能否进一步介绍有关情况?
汪文斌说,中国政府重视加强中非农业合作,积极推进自非洲进口农产品。2018年中非合作论坛北京峰会以来,肯尼亚、南非、贝宁、埃及等14个非洲国家的25种农食产品已完成输华准入。中国是非洲农产品出口第二大目的地国,近年来非洲对华农产品出口年平均增速达11.4%。2021年,非洲对华农产品出口额同比增长18.2%。
汪文斌表示,在去年11月举行的中非合作论坛第八届部长级会议上,中方宣布为非洲农产品输华建立“绿色通道”。中国海关总署积极落实,制定了切实可行的准入便利举措:一是对非洲国家提出的农产品准入申请予以优先考虑,在收到相关技术资料后,立即启动风险分析,加快推动检疫准入工作;二是对某些来自同一国家、加工工艺相近的农产品,或来自不同国家的同一种农产品,在风险可控的前提下,合并实施风险评估,加快准入流程;三是对非洲国家已获准入农产品的企业便利注册,采用视频检查或文件审查等灵活方式,加快评估和注册等。“据了解,中方主管部门还将举办中非卫生与植物卫生合作论坛,支持和便利更多非洲优质特色农食产品进入中国市场。”
“我们相信,在双方共同努力下,中非农食产品贸易必将繁荣发展,为中非人民带来更多实实在在的实惠。”汪文斌说。(完)
1. 8月2日,在位于肯尼亚利穆鲁镇的桑瑞普工厂,员工将牛油果整理装箱。