Connect with us

Social, Education & Health

ပထမ၄လ အတွင်း တရုတ်တစ်နိုင်ငံလုံးရထားလမ်းကဏ္ဍ တွင် ရထားလမ်းကြောင်းသစ်၅၈၁ကီလိုမီတာ ခင်းကျင်းဖောက်လုပ်နိုင်ခဲ့

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းယန်ခရိုင်ရှိ တံတားတစ်စင်းပေါ်၌ ပြေးဆွဲနေသည့် မြန်နှုန်းမြင့်ရထား တစ်စင်းအား ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

ယခုနှစ်စပိုင်းကတည်းက တရုတ်နိုင်ငံရထားလမ်း ဖောက်လုပ်မှုကို သိပ္ပံနည်းကျ စနစ်တကျ တွန်းအားပေးတည်ဆောက်ခဲ့ရာ တရုတ်နိုင်ငံစီးပွားရေးတည်ငြိမ်မှုအတွက် အပြုသဘောဆောင်သော ဝန်ဆောင်မှု ပံ့ပိုးပေးခဲ့သည်။ ဇန်နဝါရီမှ ဧပြီလအထိ တရုတ်နိုင်ငံရထားလမ်းကဏ္ဍတွင် ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၅၇.၄၆ ဘီလီယံရှိရာ ကာလတူထက် ၀.၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး မြန်နှုန်းမြင့်ရထားလမ်း ၃၅၈ ကီလိုမီတာအပါအဝင် ရထားလမ်းကြောင်းသစ် ၅၈၁ ကီလိုမီတာ ခင်းကျင်းဖောက်လုပ်နိုင်ခဲ့ကြောင်း China State Railway Group Co., Ltd. မှ သိရသည်။
ယခုနှစ်အစပိုင်းမှ စတင်၍ China State Railway Group သည် တည်ငြိမ်စွာတိုးတက်မှုကို အဓိကအခြေပြု၍ အားနည်းချက်ကို အားကောင်းအောင် ဖြည့်ဆည်းခြင်း၊ ပစ္စည်းကိရိယာပြန်လည် တပ်ဆင်ခြင်းကို အားဖြည့်လုပ်ဆောင်ပြီး “ရထားလမ်း ဖွင့်လှစ်နိုင်မှု၊ ဖောက်လုပ်နိုင်မှု၊ လုပ်ငန်းစတင်နိုင်မှုတို့ကို အာမခံခြင်း” လုပ်ထုံးအရ စနစ်တကျ ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၎င်းတို့က ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆောက်လုပ်ရေးအဖွဲ့အစည်းအား အရည်အသွေးမြင့်၊ လုံခြုံပြီးသိပ္ပံနည်းကျသော စနစ်ဖြင့် ရထားလမ်း ဖောက်လုပ်မှုကို စနစ်တကျတွန်းအားပေးလုပ်ဆောင်ကာ “တည်ငြိမ်မှု ၆ ချက်” “အာမခံချက် ၆ ချက်” အတွက် လုပ်ဆောင်ရင်း တရုတ်နိုင်ငံစီးပွားရေးတည်ငြိမ်မှုအတွက် ရထားလမ်းကဏ္ဍမှ အကျိုးဆောင်မှုများ ပံ့ပိုးပေးခဲ့သည်။

ရထားလမ်းဖောက်လုပ်ရေးဌာနက ရင်းနှီးမြှုပ်နှံမှုတည်ငြိမ်ရေးကဏ္ဍတွင် ရထားလမ်းဖောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှု များပြားခြင်း၊ အလုပ်အကိုင်လိုအပ်မှု ကြီးမားခြင်း၊ ဆက်စပ်ကွင်းဆက်များပြားခြင်း၊ စီးပွားရေး တိုးတက်မှု ဖော်ဆောင်ရာတွင် ထင်ရှားသော အားသာချက်စသည်တို့ကို အပြည့်အဝ အသုံးချကာ တရုတ်နိုင်ငံ၏ အဓိကကျသော မဟာဗျူဟာမြောက် စီမံကိန်းများ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် စီချွမ်-တိဗက် ရထားလမ်း အရည်အသွေးမြင့် ဆောက်လုပ်ရေး တွန်းအားပေးကာ တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းတွင် ဖော်ပြထားသော စီမံကိန်း ၁၀၂ ခုအနက် ရထားလမ်း နှင့်ပတ်သက်သည့် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်း၊ မြစ်ကြောင်းတစ်လျှောက် အမြန်ရထားလမ်း၊ အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၊ တရုတ်-ဥရောပရထားလမ်းတို့၏ ကုန်စည်သယ်ယူပို့ဆောင်ရေး စွမ်းရည်အဆင့်မြှင့်တင်ပေးနိုင်သည့် သက်ဆိုင်ရာစီမံကိန်း စသည့် အဓိက စီမံကိန်းများကို အရှိန်မြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းများ၊ စီးပွားရေးစျေးကွက် တည်ငြိမ်ရေးအတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

1至4月中国铁路开通新线581公里
新华社北京5月17日电(记者樊曦)记者17日从中国国家铁路集团有限公司获悉,今年以来,铁路建设科学有序推进,积极服务国民经济平稳运行。1至4月,全国铁路累计完成固定资产投资1574.6亿元,同比增长0.6%,已开通新线581公里,其中高铁358公里。
今年以来,国铁集团坚持稳中求进工作总基调,突出补短板、强弱项、重配套,按照“保开通、保在建、保开工”顺序,合理调度、配置建设资源,统筹疫情防控和施工组织,科学有序、安全优质推进铁路建设,为服务“六稳”“六保”、保障国民经济平稳运行作出铁路贡献。
在稳投资方面,铁路部门充分发挥铁路建设投资数量多、用工规模大、关联链条长、拉动经济增长作用明显等优势,聚焦服务国家重大战略实施,高质量推进川藏铁路建设,紧盯国家“十四五”规划纲要确定的102项工程中涉铁项目落地,实施沿江高铁、西部陆海新通道、中欧班列运输能力提升相关项目等重大工程;亚洲最大的铁路枢纽客站,我国第一座采用高速、普速客运车场重叠布置的特大型客站——北京丰台站即将开门迎客。一项项重点工程按下“快进键”,为国家重大战略实施、稳定经济大盘创造了良好条件。(完)
In this aerial photo, a high-speed train runs on the bridge above fields in Binyang County, south China’s Guangxi Zhuang Autonomous Region, April 4, 2022. (Xinhua/Huang Xiaobang)