Connect with us

North America

အမေရိကန် သမ္မတ ဘိုင်ဒန်က ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေတစ်ရပ် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေတစ်ရပ်ကို အမေရိကန် သမ္မတ ဘိုင်ဒန်က ဩဂုတ် ၁၆ ရက်တွင် အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးခဲ့သည်။ ယင်းဥပဒေတွင် လာမည့် ၁၀ နှစ်တာကာလ၌ ကန်ဒေါ်လာ ၄၃၀ ဘီလီယံခန့်ကို ရာသီဥတုကဏ္ဍနှင့်သန့်စင်စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် အသုံးပြုသွားမည် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါဥပဒေအရ ဖက်ဒရယ်အစိုးရသည် ရာသီဥတုနှင့်သန့်စင်စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ်လာ ၃၇၀ ဘီလီယံခန့်၊ ဆေးဝါးများ၏ဈေးနှုန်း လျော့နည်းစေရန် နှင့်ဆေးကုသမှုအာမခံချက်ပို၍ အားကောင်းစေရန်
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၆၄ ဘီလီယံခန့် ရင်းနှီးမြုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေတွင် အနာဂတ် ၁၀ နှစ်တာကာလတွင် ဘဏ္ဍာရေးဝင်ငွေ ကန်ဒေါ်လာ ၇၄၀ ဘီလီယံ နီးပါး ရရှိရေး ကြိုးပမ်းရန် အချို့ကုမ္ပဏီလုပ်ငန်းကြီးများအပေါ် အနိမ့်ဆုံးအခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခြင်း စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

လွှတ်တော်အခွန်နှင့် ရသုံးမှန်းခြေငွေစာရင်းရုံး၏သုံးသပ်ချက်များကို ကိုးကား၍ ဒီမိုကရက်တစ်ပါတီက အဆိုပါဥပဒေသည် ဖက်ဒရယ်လိုငွေပြမှု ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်ကို လျှော့ချမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က ယင်းဥပဒေအား ဆက်တိုက် အတည်ပြုခဲ့သည်။ လွှတ်တော်နှစ်ရပ် မဲခွဲဆုံးဖြတ်ရာတွင် ပါတီနှစ်ခု၏ရပ်တည်ချက်က ဆိုးဝါးစွာ ကွဲလွဲမှုရှိခဲ့ရာ ဒီမိုကရက်တစ်ပါတီအမတ်များက တစ်ခဲနက် ထောက်ခံကြသော်လည်း ရီပက်ဘလစ်ကန်အမတ်များက တစ်ဦးတစ်ယောက်မျှ ထောက်ခံမဲမပေးခဲ့ကြကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီက ယင်းဥပဒေသည် ငွေကြေးဖောင်းပွမှု၊ လိုငွေပြမှုကို လျှော့ချနိုင်သည်ဟု ဆိုသော်လည်း ဝေဖန်သုံးသပ်သူများက ငွေကြေးဖောင်းပွခြင်းကို ထိန်းချုပ်မှုက လက်တွေ့တွင် သိသာထင်ရှားမှုရှိမည်မဟုတ်ဟု ယူဆကြသည်။
အမေရိကန် ငွေကြေးဖောင်းပွမှုသည် လွန်ခဲ့သည့် တစ်နှစ်ကျော်မှစ၍ အရှိန်မြင့်တက်လာခဲ့ခြင်း ဖြစ်ရာ ယခုနှစ် မတ်လမှစပြီး စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI)သည် ကာလတူထက် ၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အမေရိကန် အလုပ်သမားရေးရာဌာန၏ ဩဂုတ် ၁၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇူလိုင်လ စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI)သည် ကာလတူထက် ၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားရာ ထိုကဲ့သို့သောအခြေအနေတွင် အမေရိကန်ပြည်သူလူထု၏ ဝယ်လိုအားမှာ အကန့်အသတ်ရှိနေကြောင်း သိရသည်။ (Xinhua)
………………………………………………..

(Chinese  Version)
(经济)美国总统拜登签署《通胀削减法案》
新华社华盛顿8月16日电(记者熊茂伶)美国总统拜登16日在白宫签署《通胀削减法案》。法案包括未来十年投入约4300亿美元用于气候和清洁能源以及医疗保健领域等内容。
根据该法案,联邦政府将在气候和清洁能源领域投资约3700亿美元;在医疗保健领域投入约640亿美元,以降低处方药价格、强化医疗保障。法案包括对部分大企业征收15%最低税等内容,致力于在未来十年内创造近7400亿美元财政收入。
民主党援引国会税收和预算办公室的分析说,该法案将使联邦赤字削减3000多亿美元。
本月早些时候,国会参议院、众议院先后通过该法案。两院投票中,两党立场严重分裂。民主党议员一致赞成,共和党议员无人投支持票。
虽然民主党声称该法案能缓解通胀、削减赤字,但批评者认为抑制通胀实质作用并不显著。
美国通胀自一年多前开始加速上升,今年3月以来,消费者价格指数(CPI)同比涨幅均超过8%。美国劳工部10日公布的数据显示,7月CPI同比上涨8.5%。在此背景下,美国民众购买力受到制约。(完)

1. 这是8月16日在美国首都华盛顿拍摄的白宫。新华社记者 刘杰 摄