Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့အား ဗီဇာထုတ်ပေးရန် အမေရိကန်ကို ရုရှားတောင်းဆို

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် Anatoly Antonov အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
စက်တင်ဘာလတွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်နိုင်ရန် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်များအား ဗီဇာထုတ်ပေးရန် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက အမေရိကန်အား တောင်းဆိုထားကြောင်း ရုရှားသံအမတ် Anatoly Antonov က သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂရုံးချုပ်ရှိရာနိုင်ငံ၏ တာဝန်ဝတ္တရားကို ဆောင်ရွက်ကာ Sergey Lavrov နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် ဗီဇာအမြန်ဆုံးထုတ်ပေးရန် ရုရှားကတောင်းဆိုကြောင်း Antonov က Ruassia-24 ရုပ်သံလိုင်း၏ အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။ အမေရိကန်က ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းခရီးစဉ် အပါအဝင် လုပ်ငန်းဆိုင်ရာ ခရီးစဉ်များအပေါ် အဆင်မပြေမှုများ ဖန်တီးခဲ့ကြောင်း Antonov ကဆိုသည်။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပစဉ် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်အားလုံး အမေရိကန်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန်အတွက် အမေရိကန်ဘက်မှ အာမခံရန် ရုရှားက အခိုင်အမာတောင်းဆိုကြောင်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်များ၏ ဗီဇာကိစ္စရပ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် ညှိနှိုင်းရန် Antonov က သြဂုတ် ၁၈ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဌာနသို့ ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။

၁၉၄၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော “ကုလသမဂ္ဂဌာနချုပ်ဆိုင်ရာ ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံကြား သဘောတူညီချက်” ပါ သက်မှတ်ချက်အရ အမေရိကန်သည် အိမ်ရှင်နိုင်ငံအဖြစ် အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ ဝန်ထမ်းများအတွက် အခမဲ့ဗီဇာများကို အမြန်ဆုံးထုတ်ပေးခြင်းဆိုင်ရာ တာဝန်ဝတ္တရားများ ဆောင်ရွက်သင့်ကြောင်း ပါဝင်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျင်းပခဲ့သော ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရုရှားကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်အများအပြားက ဗီဇာ အချိန်မီ မရရှိခဲ့သောကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)
俄罗斯要求美国为俄外长和俄方代表团发放签证以出席联合国大会
新华社莫斯科8月17日电(记者黄河)俄罗斯驻美国大使安东诺夫17日说,俄驻美大使馆已要求美方向俄外长拉夫罗夫及俄方代表团成员发放签证,以便于他们出席9月份举行的第77届联合国大会。
安东诺夫在“俄罗斯-24”电视台一档节目中表示,俄方要求美方履行作为联合国总部所在国的义务,立即向拉夫罗夫及俄方代表团成员发放签证。安东诺夫说,美国一再为俄方的工作访问制造麻烦,包括在联合国的工作访问。俄方坚决要求美方确保出席第77届联合国大会的俄方代表团全体成员顺利入境美国。安东诺夫还表示,他将于18日再次前往美国国务院,就俄方代表团的签证问题与美方进行交涉。
1947年生效的《联合国和美国关于联合国总部的协定》规定,美国作为东道国需承担的相关义务包括免费并尽快向会员国有关公务人员发放签证。2019年9月第74届联合国大会召开期间,俄罗斯代表团多名成员因未及时拿到签证而不能与会。(完)