Connect with us

Europe

ယူကရိန်းရှိ အမေရိကန်၏ ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုများသည် “ငြိမ်းချမ်းသော” သဘောသဘာဝရှိကြောင်းကို သက်သေပြနိုင်သော အထောက်အထားမရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အား ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ယူကရိန်းရှိ အမေရိကန်၏ ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုများသည် ၎င်းတို့ဆိုသည့်အတိုင်း “ငြိမ်းချမ်းမှု”နှင့် “အများပြည်သူ အကျိုး” ဟူသော သဘောသဘာဝရှိကြောင်းကို သက်သေပြနိုင်သည့် အထောက်အထားမရှိဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဇူလိုင် ၁၈ ရက်တွင် “Izvestia” ၌ ဆောင်းပါးရေးသားဖော်ပြခဲ့သည်။နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကမ္ဘာအနှံ့ရှိ အမေရိကန်၏ ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုများ အထူးသဖြင့် ရုရှားနှင့် အိမ်နီးချင်းဖြစ်သည့် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများရှိ အမေရိကန်၏ စစ်ရေးအသွင်ဆောင်သော ဇီဝဗေဒဆိုင်ရာ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း Lavrov က ဆောင်းပါးတွင်‌ ရေးသားဖော်ပြထားသည်။ အမေရိကန်သည် “ငြိမ်းချမ်းရေး” အမည်ခံဖြင့် “ဇီဝလက်နက်များဖန်တီးရန်” အန္တရာယ်အရှိဆုံး ရောဂါပိုးများကို စမ်းသပ်နေကြောင်း ထောက်ပြသည့် အထောက်အထားများ ပိုမိုများပြားလာသည်ဟု ၎င်းကဆိုသည်။ (Xinhua)

—————————-

(Chinese Version)
俄外长:没有证据表明美国在乌军事生物实验具有“和平”性质
新华社莫斯科7月18日电(记者刘恺)俄罗斯外交部长拉夫罗夫18日在《消息报》发表署名文章说,没有证据表明美国在乌克兰的军事生物实验具有其所声称的“和平”和“民用”性质。
拉夫罗夫在文中表示,应该密切关注美国在世界各地尤其是在俄罗斯近邻的原苏联各加盟共和国的军事生物活动。越来越多的证据表明,美国打着“和平”的幌子对最危险的病原体进行实验,“以便制造生物武器”。
图说- 这张1月14日的视频截图显示,俄罗斯外交部长拉夫罗夫在莫斯科召开年度记者会。新华社发