Connect with us

Eastern Europe

ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဟု ပူတင်ပြောကြား

ရုရှားသမ္မတ ပူတင်အား မေ ၉ ရက်က ရုရှားနိုင်ငံမြို့တော် မော်စကို၌ ကျင်းပသည့် စစ်ရေးပြ အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့တွင် ပူတင်က စိန့်ပီတာစဘတ်မြို့သို့အလည်အပတ်ရောက်ရှိနေသည့် ဘီလာရှဇ်သမ္မတ Lukashenko နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုဒ်က သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာ ပြတ်လပ်မှု၊ နေတိုးတပ်ဖွဲ့ လေကြောင်းလေ့ကျင့်မှုနှင့် ရုရှား-ဘီလာရုဇ် မဟာမိတ်၏ အမျိုးသားလုံခြုံရေးစသည့် ကိစ္စရပ်များကို နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြသည်။

ဘီလာရုဇ်နယ်စပ်အနီး အမေရိကန်နှင့် နေတိုးတပ်ဖွဲ့၏ နျူကလီးယား ဒုံးကျည်ထိပ်ဖူးတင်ဆင်ထားသည့် လေယဉ်များ ပျံသန်းလေ့ကျင့်မှုနှင့် ပတ်သက်၍ပြောကြားရာတွင် ပူတင်က တန်ပြန်အစီအမံများ လုပ်ဆောင်ရန် မလိုအပ်သော်လည်း ရုရှား-ဘီလာရုဇ် မဟာမိတ်နိုင်ငံနှင့် အခြားစုပေါင်းလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို အာမခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ .

လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်ထံ သမားရိုးကျဒုံးကျည်နှင့် နျူးကလီယားဒုံးကျည် အပါအဝင် ပဲ့ထိန်းဒုံးကျည်နှင့် ခရုစ်ဒုံးကျည်စသည်တို့ကို သယ်ဆောင်နိုင်သည့် 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိဘီလာရုဇ်စစ်တပ် အသုံးပြုနေသည့် Su-25 တိုက်လေယာဉ်များကို ရုရှားစက်ရုံ၌ အဆင့်မြှင့်တင်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

သမားရိုးကျနှင့် နျူကလီးယားဒုံးကျည်များအပါအဝင် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် “Iskander-M” ဒုံးကျည်စနစ်အား လာမည့်လအနည်းငယ်တွင် ရုရှားနိုင်ငံက ဘီလာရုဇ်ထံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားစက်ရုံတွင် လက်ရှိ Belarusian စစ်တပ်မှ အသုံးပြုနေသော Su-25 တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

ဘီလာရုဇ်အနေဖြင့် အရာအားလုံးကို ကိုင်တွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း Lukashenko က ပြောကြားခဲ့သည်။ ဘီလာရုဇ်သည် လစ်သူယေးနီးယားနှင့် ပိုလန်အစိုးရမှ လက်ခံကျင့်သုံးသည့် ထိပ်တိုက်ရင်ဆိုင်မှုဆိုင်ရာ မူဝါဒအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

Iskander ဒုံးကျည်သည် လက်ရှိရုရှားစစ်တပ်၌ အသုံးပြုနေသည့် အဆင့်မြင့်ဆုံး စစ်ဆင်ရေးမဟာဗျူဟာမြောက် ဒုံးကျည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ယင်းဒုံးကျည်အား ရန်သူ့ဒုံးကျည်စနစ်များ၊ တာဝေးပစ်အမြောက်စနစ်များ၊ လေဆိပ်များနှင့် ကွပ်ကဲရေးစခန်းစသည့် မြေပြင်ပစ်မှတ်များကို ဖျက်ဆီးရာတွင် အဓိကအသုံးပြုကြောင်း သိရသည်။ ပစ်လွှတ်မှုယာဉ်တစ်စီးတွင် ဒုံးကျည် ၂ စင်းသယ်ဆောင်နိုင်ပြီး ယင်းဒုံးကျည်နှစ်စင်းသည် တစ်မိနစ်အတွင်း ပစ်မှတ် ၂ ခု ပစ်ခတ်တိုက်ခိုက်နိုင်သည့် ပိုမိုလျင်မြန်သော၊ ရှာဖွေရန်ခတ်ခဲသော၊ အလိုက်သင့်သုံးစွဲနိုင်မှုရှိသော ရုရှားစစ်တပ်၏ အရေးကြီးသည့် ခေတ်မီစက်ကိရိယာဖြစ်ကြောင်း သိရသည်။ (Xinhua)

#Russia, #Belarus, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ဘီလာရှဇ်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(Chinese Version)
普京:俄罗斯将向白俄罗斯提供“伊斯坎德尔-M”导弹系统
新华社莫斯科6月25日电(记者耿鹏宇)俄罗斯总统普京25日表示,俄方未来几个月内将向白俄罗斯提供“伊斯坎德尔-M”导弹系统。
据克里姆林宫网站消息,普京当天在圣彼得堡与到访的白俄罗斯总统卢卡申科举行会晤。双方讨论了世界市场粮食和化肥供应短缺、应对北约训练飞行及俄白联盟国家安全等问题。
在谈及美国及北约飞机在白俄罗斯边境附近进行携带核弹头的训练飞行时,普京表示,没有必要采取对等举措,但必须确保俄白联盟国家和其他集体安全条约组织国家的安全。
普京说,俄方未来几个月内将向白俄罗斯提供“伊斯坎德尔-M”导弹系统,该系统可搭载弹道导弹和巡航导弹,包括常规导弹和核导弹。他还提议在俄工厂为白俄罗斯军队正在使用的苏-25战机进行升级改造。
卢卡申科说,白俄罗斯应做好应对一切的准备。白方对立陶宛和波兰政府奉行的对抗政策感到担忧。
据报道,“伊斯坎德尔”导弹是俄军现役最先进的战役战术导弹,主要用于摧毁敌方导弹系统、远程火炮系统、机场、指挥所等地面目标,每台发射车可携带两枚导弹,可在一分钟内完成对两个目标的攻击,具有高度灵活性、隐蔽性和适应性,是俄军重要的现代化装备。(完)
图说- 5月9日,在俄罗斯首都莫斯科,俄罗斯总统普京(前)在阅兵式后走过红场。新华社记者 苑欣芳 摄