Connect with us

Africa & Middle East

အီရန်ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီနှင့် ရုရှား သမ္မတ ပူတင် တွေ့ဆုံဆွေးနွေး၊ အီရန်-ရုရှား စုစည်းမှုဖြင့် အနောက်နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးမှုကို အားပြိုင်ခုခံ

အီရန်နိုင်ငံ တီဟီရန်မြို့တွင် အီရန်သမ္မတ အီဗရာဟင်ရိုင်စီ ၊ ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် တူရကီနိုင်ငံ သမ္မတ အာဒိုဂန် တို့ တွေ့ဆုံဆွေးနွေးနေသည်ကို ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီသည် အီရန်သို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် ဇူလိုင် ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov တို့ တီဟီရန်မြို့တွင် ဇွန် ၂၃ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

အမေရိကန်စသည့် အနောက်နိုင်ငံများ၏ဖိအားရှိနေသည့်ကြားမှ ပူတင်၏ ယခုအကြိမ် လာရောက်လည်ပတ်မှုက ဗိုလ်ကျစိုးမိုးမှုအာဏာကို နှစ်နိုင်ငံ တစ်ဆင့်တိုး အားပြိုင်ခုခံခြင်းနှင့် ပူပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို အားဖြည့်ခြင်းဖြစ်ကြောင်း အီရန် သုံးသပ်ချက်များက ကျယ်ကျယ်ပြန့်ပြန့်ယူဆကြသည်။

ခါမေနီ နှင့် ပူတင် ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်၍ ၎င်းတို့နှစ်ဦး ရယ်မောနေသည့် ဓါတ်ပုံများကို ခါမေနီ၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုမတိုင်မီ ခါမေနီသည် မေလက လာရောက်လည်ပတ်သည့် ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှားအယ်လ် နှင့်သာ လက်ဆွဲနှုတ်ဆက်ဖူးရာ ၎င်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း တွေ့မြင်ရခဲသောအခြေအနေဖြစ်သည်ကို ကာတာ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား စသည့် မီဒီယာများ သတိထားမိကြသည်။

အီရန်နှင့်ရုရှား နှစ်နိုင်ငံစလုံးသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုခံရသည့် နောက်ခံအခြေအနေမျိုးတွင် နှစ်ဘက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစလုံးအတွက် အထူးအရေးကြီးပြီး အလွန်အကျိုးရှိကြောင်း ခါမေနီက ဆိုသည်။ “နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓါတ်ငွေ့စတဲ့ကဏ္ဍတွေရဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေကို ဆက်လက်ရှေ့တိုးပြီး အဆုံးထိ ဖော်ဆောင်သင့်တယ်” ဟု ၎င်းက အထူး ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းတွင်ပင် အီရန်နှင့်ရုရှား စွမ်းအင်လုပ်ငန်းကြား အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ တန်ဖိုးရှိသော သဘောတူညီချက် ရရှိခဲ့ရာ အီရန်၏ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်တူးဖော်ရေးအများအပြားလည်း ပါဝင်ကြောင်း သိရသည်။

သုံးသပ်သူများက ရုရှားသည် ယူကရိန်းတွင် အထူးစစ်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း အနောက်နိုင်ငံများနှင့် စွမ်းအင်ကဏ္ဍအားပြိုင်မှုများ လုပ်ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ စွမ်းအင်ကဏ္ဍအခင်းအကျင်းက ရုရှားအပေါ် သက်ရောက်မှု အားကောင်းစေနိုင်ကြောင်း ထောက်ပြကြသည်။ အီရန်သည် အရှေ့အလယ်ပိုင်းဒေသ စွမ်းအင်နိုင်ငံကြီးဖြစ်ရာ ရုရှားအနေဖြင့် ယခုလို အချိန်အခါတွင် အီရန်နှင့် စွမ်းအင်ကဏ္ဍ အားဖြည့်ပူးပေါင်းဆောင်ရွက်ခြင်းက အနောက်နိုင်ငံများနှင့် စွမ်းအင်ကဏ္ဍအားပြိုင်မှုအခင်းအကျင်းအတွက် ထည့်သွင်းစဉ်းစားခြင်း ဖြစ်ကြောင်း သိရသည်။

ခါမေနီသည် “အမေရိကန်ဒေါ်လာအသွင် ပပျောက်ရေး”ကို အားပေးသူဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတွင် မိမိနိုင်ငံ၏ငွေကြေး သို့မဟုတ် အခြားငွေကြေးဖြင့် အမေရိကန်ဒေါ်လာကို အစားထိုးရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ “အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့စီးပွားရေးအရောင်းအဝယ်မှ ပျောက်ဆုံးသွားသင့်တယ်၊ အချိန်ကြာလာတာနဲ့အမျှ ဒါကဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ခါမေနီဝက်ဘ်ဆိုက်အရ ၎င်း၏ထိုသဘောထားအမြင်အပေါ် ပူတင်၏ တုံ့ပြန်မှုကို ရရှိခဲ့သည်။ အမေရိကန်သည် ကန်ဒေါ်လာကို အခြားနိုင်ငံမှ လုယူရန် နှင့် ယင်းနိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန် ကိရိယာအဖြစ် သဘောထားကြောင်း၊ ၎င်းမှာ ကမ္ဘာတစ်ဝန်း ကန်ဒေါ်လာအပေါ် ယုံကြည်မှု ပျက်ပြားစေရုံသာမက အခြားနိုင်ငံများ ငွေကြေး အစားထိုးအသုံးပြုမှုအတွက် တွန်းအားဖြစ်စေကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထိုမတိုင်မီ ရုရှား သမ္မတ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ရုရှားအနေဖြင့် အီရန်နှင့် ကုန်သွယ်ရေးတွင် ကန်ဒေါ်လာအသုံးပြုမှုကို ဖြည်းဖြည်းချင်း စွန့်လွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် အီရန်ရီယယ်ငွေနှင့် ရုရှားရူဘယ်လ်ငွေ လဲလှယ်မှုမှာ ဇူလိုင် ၁၉ ရက်တွင် စတင်ပြီဖြစ်ကြောင်း အီရန်ဗဟိုဘဏ် ဥက္ကဋ္ဌ Ali Saleh-Abadi က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ခါမေနီက မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့(NATO)စသည့် အနောက်နိုင်ငံအင်အားစုများကိုလည်း ဝေဖန်ခဲ့သည်။ “စစ်ပွဲက ရန်လိုမှု၊ ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတာပါ၊ စစ်မက်ကြောင့် ပြည်သူလူထု အတိဒုက္ခရောက်နေတာကို အီရန်အနေနဲ့ မမြင်တွေ့လိုပါဘူး။ ဒါပေမဲ့ ယူကရိန်းအရေးမှာ ရုရှားက မစတင်ဘူးဆိုရင်လည်း တစ်ဘက်က စပြီး တိုက်ခိုက်မှာပဲ”ဟု ၎င်းက ဆိုသည်။

အနောက်အုပ်စုက အင်အားကြီးပြီး လွတ်လပ်သည့် ရုရှား၏တည်ရှိမှုကို ဆန့်ကျင်သည်ဟု ၎င်းက ပူတင်ကို ပြောကြားခဲ့သည်။ NATOသည် အန္တရာယ်များသည့် အစုအဖွဲ့ဖြစ်ပြီး “အကယ်၍ NATO ချဲ့ထွင်မှုလမ်းကြောင်းပွင့်သွားရင် အကန့်အသတ်မဲ့ဖြစ်သွားနိုင်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် စသည့် အနောက်နိုင်ငံများ၏ လိမ်ညာလှည့်ဖြားမှုကို သတိချပ်ရန်လိုအပ်သည်ဟု ခါမေနီက ယူဆသည်။ ၎င်း၏အမြင်တွင် အမေရိကန်များသည် “ကျူးကျော်မှု၊ လှည့်ဖြားမှု”ရှိရာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရသည့် အကြောင်းအရင်းတစ်ရပ်မှာ အမေရိကန်မူဝါဒလှည့်ဖြားမှုကြောင့် ဖြစ်ပြီး ပူတင်လက်ထက်တွင် ရုရှားသည် လွတ်လပ်မှုကို ထိန်းသိမ်းထားသည်ဟု ယူဆကြောင်း ခါမေနီက ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ အီရန်နှင့်ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်စေသည့် အဓိကအကြာင်းတရားဖြစ်စေပြီး “အမေရိကန် ဖိအားကို အားပြိုင်ခုခံသည့် အင်အားကြီးမဟာမိတ်”ဖြစ်စေကြောင်း အီရန် တီဟီရန်တိုင်းမ် သတင်းစာ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်သည့် အီရန်-ရုရှား အနောက်အုပ်စုဆန့်ကျင်ရေးမိတ်ဖက်ဆက်ဆံမှု အမြင်သစ်သို့ လျှောက်လှမ်းခြင်း ဟူသော ဆောင်းပါးတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ သံတမန်ရေးနှင့်နိုင်ငံရေးဆက်ဆံမှုစသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး အီရန်နှင့်ရုရှား အဆင့်မြင့်အရာရှိများက ယခုလပိုင်းများအတွင်း ဆက်တိုက်နှီးနွယ်ဖလှယ်မှုများ ရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ ပူတင်က အီရန်သို့ လာရောက်လည်ပတ်သည့်ကာလအတွင်း နှစ်ဘက်အကြား သဘောတူညီချက်အသစ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံကြား လိုအပ်သည့် နိုင်ငံရေးနှင့်စီးပွားရေးဆက်သွယ်မှုများ၊ ချဲ့ထွင်မှုများ ဆောင်ရွက်ကာ အမေရိကန် ပိတ်ဆို့အရေးယူခြင်း၏ သက်ရောက်မှုကို အားပြိုင်ခုခံသွားမည်ဟု အလေးထားပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

……………………….
(Chinese Version)

观天下·伊俄关系 | 哈梅内伊见普京 伊俄“抱团”抵抗西方霸权
2022-07-21 10:05:37
图片轮播
新华社德黑兰7月21日电(记者高文成)伊朗最高领袖大阿亚图拉哈梅内伊19日与到访的俄罗斯总统普京会面。
伊朗舆论普遍认为,在美国等西方国家的压力下,普京这次访问进一步强化了两国反抗霸权、加强合作的共识。
哈梅内伊网站发布多幅照片显示,哈梅内伊与普京亲切握手,两人满脸笑意。
7月19日,在伊朗首都德黑兰,伊朗总统莱希(中)、俄罗斯总统普京(左)和土耳其总统埃尔多安在德黑兰举行会谈。新华社发
卡塔尔半岛电视台等媒体注意到,哈梅内伊先前只在叙利亚总统巴沙尔5月到访时与他握手,这是新冠疫情暴发以来的罕见情形。
哈梅内伊说,在伊朗和俄罗斯都受到西方制裁背景下,双边经济合作对两国都至关重要且非常有益。他特别提到,“两国在石油和天然气等领域的众多谅解备忘录和合同应予以跟进并执行到最后”。
当天早些时候,伊朗与俄罗斯能源企业达成总额大约为400亿美元的协议,涵盖伊朗多个油气田的开发。
分析人士指出,俄罗斯在乌克兰发起特别军事行动后,与西方展开能源博弈,中东地区能源格局对俄罗斯的影响增强。伊朗是中东地区能源大国,俄罗斯此时与伊朗加强能源合作,有为与西方能源博弈布局的考量。
哈梅内伊推崇“去美元化”,呼吁在全球贸易中以本国货币或其他货币替代美元。他说:“美元应该逐渐从全球交易中消失,随着时间推移,这可能实现。”
据哈梅内伊网站,这一看法得到普京的呼应。普京说,美国把美元当作掠夺他国并对其施加制裁的工具,这不仅破坏全球对美元的信任,还促使其他国家使用替代货币。俄总统新闻秘书德米特里·佩斯科夫先前说,俄罗斯将逐渐在与伊朗的贸易中放弃使用美元。
伊朗央行行长阿里·萨利赫阿巴迪19日说,伊朗外汇市场当天启动伊朗里亚尔/俄罗斯卢布货币交易。
谈及乌克兰局势,哈梅内伊批评北大西洋公约组织等西方势力。他说:“战争是充满敌意、严酷的事情,伊朗从不愿意看到民众受到战争折磨。但是,就乌克兰问题,如果俄罗斯不主动出手,对方也会开战。”
他对普京说,西方反对强大、独立的俄罗斯存在。北约是一个“危险实体”,“如果为北约(扩张)打开道路,它将没有限制”。
6月23日,伊朗外长阿卜杜拉希扬(右)在德黑兰会见到访的俄罗斯外长拉夫罗夫。新华社发
哈梅内伊认为,有必要对美国等西方国家的欺骗保持警惕。在他看来,美国人“既具有侵略性、又具有欺骗性”,苏联解体原因之一是被美国政策所欺骗。俄罗斯在普京执政期间保持了独立性。
伊朗《德黑兰时报》20日刊发题为《伊朗-俄罗斯反西方伙伴关系进入新视野》的文章说,西方对两国施加制裁是两国拉近关系的主要因素,促使两国组成“对抗美国压力的强大联盟”。
文章说,伊朗与俄罗斯高级官员数月来持续互动,以巩固两国在能源、交通运输以及外交和政治关系等各领域的合作。普京访问伊朗期间,双方达成了新共识,强调有必要采取措施扩大两国间的政治和经济联系,以抵消美国制裁影响。