Connect with us

Africa & Middle East

ဆီးရီးယား၌ တူရကီစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နိုင်ခြေရှိသည်ကို အီရန် စိုးရိမ်

အီရန်နိုင်ငံ သမ္မတ အီဗရာဟင်ရိုင်စီ (အလယ်)၊ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (ဝဲ) နှင့် တူရကီ သမ္မတ အာဒိုဂန်တို့ အီရန်နိုင်ငံ တီဟီရန်မြို့၌ ဇူလိုင် ၁၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ပိုင်နက်နယ်မြေ၌ တူရကီနိုင်ငံ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နိုင်ခြေရှိသည့်အပေါ် အီရန်က စိုးရိမ်မိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

Hossein Amir-Abdollahian က ထိုနေ့တွင် မြို့တော် တီဟီရန်သို့ အလည်အပတ်ရောက်ရှိသည့် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Faisal Mekdad နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် အီရန်က တူရကီ၊ ဆီးရီးယားတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ အမြဲလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယားအား စစ်ပွဲနှင့် စစ်ရေးဆိုင်ရာပဋိပက္ခများမှ လွတ်မြောက်ရန် အကူအညီပေးရေးနှင့် ဆီးရီးယားနိုင်ငံရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် အီရန်၊ ရုရှားနှင့် တူရကီ ခေါင်းဆောင်တို့က ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဆီးရီးယားပြဿနာဆိုင်ရာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)
伊朗对土耳其可能在叙利亚发动军事行动表示担忧
新华社德黑兰7月20日电(记者高文成)伊朗外长阿卜杜拉希扬20日表示,伊朗对土耳其可能在叙利亚领土上发动军事行动表示担忧。
阿卜杜拉希扬当天在首都德黑兰与到访的叙利亚外长梅克达德举行的联合记者会上表示,伊朗一直与土耳其和叙利亚进行对话和磋商。伊朗、俄罗斯和土耳其领导人19日晚就叙利亚问题举行三方会谈,试图帮助叙利亚摆脱战争和军事冲突,同时解决叙利亚的政治问题。
图说 – 7月19日,在伊朗首都德黑兰,伊朗总统莱希(中)、俄罗斯总统普京(左)和土耳其总统埃尔多安在会谈前合影。(新华社发,伊朗总统网站供图)