Connect with us

Asia

ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့သွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြောကြား

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအတွက် ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က ဧပြီ ၃၀ ရက်တွင် အစ္စလာမ်မာဘတ်မြို့ရှိ တရုတ်သံရုံး၌ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂၁ ရက်တွင် ကျင်းပသည့် တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၁) နှစ်မြောက် နှစ်ပတ်လည်သို့ ပေးပို့သည့် မိန့်ခွန်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ထို့နေ့တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၁) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့သည်။ ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Marriyum Aurangzeb က အခမ်းအနားသို့ တက်ရောက်ပြီး Shehbaz Sharif ၏ မိန့်ခွန်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ပါကစ္စတန်-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ပြီးကတည်းက နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မာပြီး တိုးတက်မှုရရှိခဲ့ကြောင်း Shehbaz Sharif က ပြောကြားခဲ့သည်။ ပါကစ္စတန်အနေဖြင့် ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့ရန် အမြဲကြိုးပမ်းနေကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းတည်ဆောက်မှု တွန်းအားပေးလုပ်ဆောင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချကာ စီမံကိန်းအသစ်များပေါင်းစည်း၍ စင်္ကြံအတွက် အားအင်ပိုမိုဖြည့်တင်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံသားများကို တိုက်ခိုက်ခဲ့သည့် တရားခံကို ဥပဒေစက်ကွင်းထဲ အရောက်ပို့နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၏ လုံခြံရေးအာမခံရန် လုံခြုံရေးအခြေခံအဆောက်အအုံတည်ဆောက်မှု တိုးတက်ကောင်းမွန်အောင် မိမိကိုယ်တိုင် ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတာဝန်ခံ Pang Chunxue က မိန့်ခွန်း‌ပြောကြားရာတွင် နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ပါကစ္စတန် ဆက်ဆံရေး ထွန်းကားမှုအားအင်ကို အမြဲထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေသတွင်းသာယာဝပြောစေရန် နှစ်နိုင်ငံမှ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အမြင့်ဆုံးအဆင့်ထိ တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ်အင်စတီကျု့ မှ ကျောင်းကြိုးယာဉ်တစ်စီး အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ပါကစ္စတန်ရှိ နယ်ပယ်အသီးသီးမှ ဝမ်းနည်းပူဆွေးမှုကို လာရောက်ထုတ်ဖော်ပြသခဲ့သည်။ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ပျက်ပြားစေရန် ကြိုးပမ်းမှုမှန်သမျှ အောင်မြင်မည်မဟုတ်ဟု တရုတ်က ယုံကြည်ကြောင်း၊ ပါကစ္စတန်ရှိ ကွန်ဖြူးရှပ် အင်စတီကျု့သည် ဒေသခံကျောင်းသားများအား တရုတ်ဘာသာစကားကို ဆက်လက်သင်ကြားပေးမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးလာမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပါကစ္စတန်သည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ယုံကြည်မှု၊ ရာသီအချိန်အခါမရွေး မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနီးကပ်ခိုင်မာရန် အလေးထားကြောင်း Aurangzeb က အဆိုပါပွဲ၌ သတင်းထောက်များ ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ပါကစ္စတန်အနေဖြင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားဖြည့်ကာ နှစ်နိုင်ငံနှင့် ဒေသတွင်း သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် နှစ်နိုင်ငံသည် ၁၉၅၁ ခုနှစ် မေ ၂၁ ရက်တွင် သံတမန်ဆက်ဆံရေးကို တရားဝင် ထူထောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
(Chinese Version)
巴基斯坦总理表示致力于将巴中友谊与互信推向新高度
新华社伊斯兰堡5月21日电(记者蒋超)巴基斯坦总理夏巴兹·谢里夫21日在就中巴建交71周年的书面致辞中表示,巴方致力于将巴中友谊与互信推向新高度。
当天,中国驻巴基斯坦大使馆举行庆祝中巴建交71周年仪式。巴新闻和广播部长玛丽尤姆·奥朗则布出席并宣读了夏巴兹·谢里夫的书面致辞。
夏巴兹·谢里夫说,巴中建交以来,两国关系不断得到巩固和发展。巴方始终致力于将巴中友谊和互信推向新高度。巴方决心加快中巴经济走廊项目建设,期待整合新项目,为走廊建设注入更多力量。巴方誓将袭击中国公民的罪魁祸首绳之以法,并由本人亲自监督提升安防基础设施建设,全力确保在巴中国公民的安全。
中国驻巴基斯坦大使馆临时代办庞春雪在仪式上致辞表示,无论国际风云如何变幻,中巴关系始终保持蓬勃发展的活力。两国致力于将中巴经济走廊建设提升至更高水平,造福地区繁荣发展。卡拉奇大学孔子学院班车遭遇恐袭后,巴社会各界纷纷前来慰问。中方相信,任何破坏中巴友好合作的图谋都注定要失败。在巴孔子学院将继续通过多种方式向当地学生教授中文,两国民心将更加紧密相连。
奥朗则布在活动现场接受记者采访时说,巴方珍视巴中两国人民相互尊重、紧密牢固的全天候友谊。巴方愿不断巩固两国友谊,不断加强各领域合作,促进两国和本地区繁荣发展。
1951年5月21日,中巴两国正式建立外交关系。(完)
图说- 4月30日,巴基斯坦总统阿尔维在伊斯兰堡中国驻巴使馆吊唁簿上留言。 巴基斯坦总统阿尔维4月30日赴中国驻巴基斯坦使馆,吊唁卡拉奇大学孔子学院班车遭遇恐怖袭击事件中遇难的中方人员。 新华社记者 蒋超 摄