Connect with us

Europe

“Nord Stream 1” သဘာဝဓါတ်ငွေ့ပိုက်လိုင်းပို့လွှတ်မှု ပြန်လည်စတင် ၊ ယူကရိန်းနှင့်ဆွေးနွေးမှုတံခါး မပိတ်ထားသေးဟု ရုရှား ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားသဘာဝဓါတ်ငွေ့ကုမ္ပဏီ Gazprom အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

“Nord Stream 1” သဘာဝဓါတ်ငွေ့ပိုက်လိုင်းအား ၁၀ ရက်ကြာ ပြင်ဆင်မှုလုပ်ငန်းများ ဇူလိုင် ၂၁ ရက်တွင် ပြီးဆုံးခဲ့ရာ ယင်းနေ့အစောပိုင်းတွင် ဓါတ်ငွေ့ပို့လွှတ်မှုများ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ ရုရှားနှင့်ယူကရိန်းသည် တွေ့ဆုံဆွေးနွေးမည့် အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း ၊ တွေ့ဆုံဆွေးနွေးရေးတံခါးကို ပိတ်ထားပြီဟူ၍ ရုရှားဘက်ကမည်သည့်အခါမျှ မပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံ သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဆိုသည်။

___ ရုရှားနိုင်ငံသည် “Nord Stream 1” သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို နည်းပညာအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ဂျာမနီသို့ ဓါတ်ငွေ့ပို့လွှတ်မှုများ ပြန်လည်စတင်ခဲ့ကြောင်း ရုရှားသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ လက်ရှိတွင် နေ့စဉ် ဓါတ်ငွေ့ပံ့ပိုးမှုပမာဏသည် ကုဗမီတာ ၆၇ သန်း ရှိရာ အပြည့်အဝလည်ပတ်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုလိုအပ်သေးကြောင်း Nord Stream သဘာဝဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ဂျာမနီနိုင်ငံ စွမ်းအင်ကြီးကြပ်စီမံရေးဌာန ဖက်ဒရယ်ကွန်ရက်အေဂျင်စီ တာဝန်ခံ Klaus Mueller က လက်ရှိ ဓါတ်ငွေပံ့ပိုးမှုပမာဏသည် ၃၀ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းရကြောင်း ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က သဘာဝဓါတ်ငွေ့ကိုအသုံးချပြီး သက်ဆိုင်ရာနိုင်ငံများကို ရုရှားက ဖိအားပေးသည်ဟူသော ပြစ်တင်စွပ်စွဲချက်ကို ငြင်းပယ်ခဲ့သည်။

___ ရုရှားနှင့်ယူကရိန်းအကြား တွေ့ဆုံဆွေးနွေးမည့်အခွင့်အလမ်းများ ရှိနေဆဲဖြစ်ပြီး ရုရှားဘက်က တွေ့ဆုံဆွေးနွေးမှုတံခါးပိတ်ထားမည်ဟု မည်သည့်အခါမျှ မပြောကြားခဲ့ကြောင်း ၊ သို့သော် လက်ရှိအခြေအနေအရ ရုရှားနှင့် ယူကရိန်းကြားတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုက အဓိပ္ပါယ်မရှိကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ပြောဆိုခဲ့ကြောင်း Rossiya Segodnya သတင်းအေဂျင်စီ၏ ဇူလိုင် ၂၁ ရက် ဖော်ပြချက်များအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု၏ နောက်ဆုံးရလဒ်သည် နှစ်ဘက်စလုံးက သဘောတူညီချက်ကို အကောင်အထည်ဖော်လိုသည့်ဆန္ဒပေါ်တွင် မူတည်ရာ ယူကရိန်းအာဏာပိုင်များက ထိုသို့ ဆန္ဒမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

___ ရုရှားတပ်များက ဒွန်းနက်စ်(Donetsk)၊ ခါကိဗ်(Kharkiv)၊ ဇာပိုရေဇီးယား(Zaporizhzhia)စသည့် ဒေသများရှိ ယူကရိန်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားတပ်များသည် ဇူလိုင် ၁၆ ရက်တွင် ပစ်မှတ်တိကျမှု မြင့်မားသော လက်နက်များဖြင့် အိုဒက်ဆာပြည်နယ် Kostiantynivka ရှိ ယူကရိန်းတပ်များ ယာယီအခြေစိုက်ရာ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ နိုင်ငံခြားကြေးစားစစ်သား ၁၂၀ အပါအဝင် လက်နက်ကိုင် ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ၊ ဇူလိုင် ၁၇ ရက်တွင် မိုင်လ်ကိုလိုင်ဗ်(Mykolaiv)မြို့ရှိ ယူကရိန်းစစ်တပ် ယာယီစခန်းတစ်ခုကို ပစ်မှတ်တိကျမှုမြင့်မားသော လက်နက်ဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၃၂၀ ကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

___ အခြားနိုင်ငံများရှိ ယူကရိန်းနိုင်ငံကိုယ်စားလှယ်များက ထိရောက်သည့် လေကြောင်းကာကွယ်ရေးစနစ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏ကြေညာချက်ကို ယူကရိန်းသမ္မတရုံး ဝက်ဘ်ဆိုက်က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားတပ်များက ဆူးမီ(Sumy)၊ ခါကိဗ်(Kharkiv)၊ လူးဟန့်စ်ခ်(Luhansk)၊ ဒွန်းနက်စ်(Donetsk)စသည့် ဒေသများကို အကြီးကျယ် ပစ်ခတ်တိုက်ခိုက်နေကြောင်း Ukrinform သတင်းအေဂျင်စီက ဇူလိုင် ၂၁ ရက်တွင် ယူကရိန်းဒေသအသီးသီး စစ်ဘက်ဆိုင်ရာဌာနများ၏ သတင်းများကို ကိုးကား၍ ဖော်ပြထားသည်။ ယူကရိန်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရုရှားတပ်များက ဘာ့ခ်မတ်(Bakhmut)ဘက်သို့ ဦးတည်မှုက အပြောင်းအလဲမရှိခဲ့သလို Uglegorskဓါတ်အားပေးစက်ရုံကို သိမ်းပိုက်နိုင်ခြင်းလည်းမရှိကြောင်း သိရသည်။

___ ယူကရိန်းစီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် သုံးပုံတစ်ပုံ ကျုံ့သွားကြောင်း၊ အကယ်၍ ပင်လယ်နက်ပိတ်ဆို့မှုကို ဖယ်ရှားမည်ဆိုပါက ယူကရိန်းစီးပွားရေးသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း အမျိုးသားဘဏ် ဥက္ကဋ္ဌ Shevchenkoက ဇူလိုင် ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
最新动态:“北溪-1”管道恢复供气 俄方说未关闭与乌克兰谈判的大门
2022-07-21 23:19:40
新华社北京7月21日电综合新华社驻外记者报道:“北溪-1”天然气管道21日结束为期10天的维护,于当天早上恢复供气。俄罗斯总统新闻秘书佩斯科夫说,俄罗斯和乌克兰依然有对话机会,俄方从未说过要关闭谈判大门。
——据俄罗斯媒体报道,俄罗斯对“北溪-1”天然气管道进行技术维护后于21日早上恢复向德国供气。北溪天然气管道公司发言人说,目前每天的供气量为6700万立方米,实现满负荷运转还需要一段时间。德国能源监管机构联邦网络局负责人克劳斯·穆勒当天在社交媒体上表示,预计目前供气量只有满负荷的30%左右。俄罗斯总统新闻秘书佩斯科夫同日对媒体表示,俄方坚决否认有关俄利用天然气供应问题对有关国家施压的指责。
——据今日俄罗斯通讯社21日报道,佩斯科夫说,俄罗斯和乌克兰之间依然有对话机会,俄方从未说过要关闭谈判大门,但在当前形势下,俄罗斯与乌克兰之间的和谈毫无意义。谈判的最终结果取决于双方履行协议的意愿,但基辅当局没有这样的意愿。
——俄罗斯国防部发言人科纳申科夫21日通报说,俄军继续在顿涅茨克地区、哈尔科夫州、扎波罗热州等多个地区打击乌军。俄军16日使用高精度武器对敖德萨州康斯坦丁诺夫卡居民点一处乌军临时部署点实施的打击造成包括120名外国雇佣兵在内的600多名武装分子丧生,17日对尼古拉耶夫市一处乌军临时部署点进行的高精度打击造成320余名武装分子丧生。
——乌克兰总统府网站20日发布总统泽连斯基的声明说,乌克兰驻其他国家代表一直在努力寻求获得有效的防空系统。据乌克兰国家通讯社21日援引乌各地军事部门的消息报道,俄军继续对苏梅、哈尔科夫、卢甘斯克、顿涅茨克等地区进行大规模炮击。在乌军阻击下,俄军未能在巴赫穆特方向突破,没有占领乌格列戈尔斯克发电厂。
——乌克兰国家银行行长舍夫琴科21日在新闻发布会上表示,2022年乌经济将缩水三分之一,如果黑海解除封锁,乌经济有望在2023至2024年恢复增长。(参与记者:陈畅、刘恺、赵冰、李铭、李东旭、谢宇智)(完)
1.这是4月28日在俄罗斯首都莫斯科拍摄的俄罗斯天然气工业股份公司办公大楼。新华社发(亚历山大摄)