Connect with us

International Organizations

ယူကရိန်းနှင့် ရုရှားတို့မှ လယ်ယာထွက်ကုန်နှင့် ဓာတ်မြေသြဇာများတင်ပို့ခြင်းက ကုန်စည်ဈေးကွက် တည်ငြိမ်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ဂူတာရက်စ်ပြောကြား

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ တူရကီအမျိုးသားကာကွယ်ရေးတက္ကသိုလ် ပင်လယ်နက် လယ်ယာထွက်ကုန် ပြင်ပတင်ပို့ရေး ပူးပေါင်းညှိနှိုင်းရေးဌာန၌ သြဂုတ် ၂၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တက်ရောက်စဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လယ်ယာထွက်ကုန်နှင့် ဓာတ်မြေသြဇာများ ပိုမိုတင်ပို့ခြင်းသည် ကုန်စည်ဈေးကွက်တည်ငြိမ်ရေးနှင့် ဈေးနှုန်းလျှော့ချရေးအတွက် အလွန်အရေးပါကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က သြဂုတ် ၂၀ ရက်တွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ အစ္စတန်ဘူလ်၌ ပြောကြားခဲ့သည်။ ဂူတာရက်စ်က ထိုနေ့တွင် Marmara ပင်လယ်ရှိ လယ်ယာထွက်ကုန်တင်ဆောင်ထားပြီး စစ်ဆေးရန် စောင့်ဆိုင်းနေသောသင်္ဘောများ ဆိုက်ကပ်ရာဆိပ်ကမ်းသို့ သွားရောက်ပြီး ပင်လယ်နက် လယ်ယာထွက်ကုန် ပြင်ပတင်ပို့ရေး ပူးပေါင်းညှိနှိုင်းရေးဌာနအဖွဲ့ဝင်များ၏ စစ်ဆေးမှုဆိုင်ရာအဆင့်များ မိတ်ဆက်ခြင်းကို နားထောင်ခဲ့ကြောင်းနှင့် ယင်းနောက်တွင် အစ္စတန်ဘူလ်ရှိ တူရကီအမျိုးသား ကာကွယ်ရေးတက္ကသိုလ်အတွင်းရှိ ပင်လယ်နက် လယ်ယာထွက်ကုန် ပြင်ပတင်ပို့ရေး ပူးပေါင်းညှိနှိုင်းရေးဌာနသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
古特雷斯:更多粮食和化肥从乌俄运出有助于平稳大宗商品市场
新华社照片,伊斯坦布尔,2022年8月21日
8月20日,在位于土耳其伊斯坦布尔的土耳其国防大学内的黑海粮食外运联合协调中心,联合国秘书长古特雷斯出席新闻发布会。
联合国秘书长古特雷斯20日在土耳其最大城市伊斯坦布尔说,从乌克兰和俄罗斯运出更多的粮食和化肥,对于进一步平稳大宗商品市场和降低物价至关重要。据土耳其国防部消息,古特雷斯当天来到马尔马拉海一个停泊等待检查的运粮船的港口,听取黑海粮食外运联合协调中心成员关于检查步骤的介绍,随后访问了设在位于伊斯坦布尔的土耳其国防大学内的黑海粮食外运联合协调中心。
新华社记者 沙达提 摄