Connect with us

Africa & Middle East

အမေရိကန် စစ်တပ်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခိုးယူတူးဖော်ထားသည့် ရေနံများအား နောက်ထပ်တစ်ကြိမ် ရွှေ့ပြောင်းသယ်ဆောင်နေကြောင်း ဆီးရီးယား မီဒီယာ ဖော်ပြ

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်စ် တောင်ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်များစုဝေးရာနေရာ အဆောက်အဦအပျက်အစီးများကြား ဖြတ်သန်းသွားလာသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် ဩဂုတ် ၂၁ ရက်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခိုးယူတူးဖော်ထားသည့် ရေနံများအား အီရတ်နိုင်ငံအတွင်းသို့ ထပ်မံ ရွှေ့ပြောင်း သယ်ဆောင်လျက်ရှိကြောင်း ဆီးရီးယားသတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြခဲ့သည်။ယင်းနေ့တွင် အမေရိကန်တပ်များက ဆီတင်ကား ၁၃၇ စီးရှိသော ယာဉ်အုပ်စုဖြင့် ဆီးရီးယားတွင် ခိုးယူတူးဖော်ထားသော ရေနံများကို နှစ်သုတ်ခွဲ၍ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်စခန်းအခြေစိုက်ရာနေရာသို့ ရွှေ့ပြောင်းသယ်ယူမည်ဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆီးရီးယားသတင်းအေဂျင်စီက ဖော်ပြထားသည်။

လက်ရှိ၊ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဒေသအများအပြားကို “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)”က ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)”ကို ဆီးရီးယားကာ့ဒ်လက်နက်ကိုင်“ပြည်သူကာကွယ်ရေးတပ်ဖွဲ့”က အဓိက ဦးဆောင်ခြင်းဖြစ်ရာ အမေရိကန်ဦးဆောင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ “အစ္စလာမ်မစ်” နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့၏ အားပေးထောက်ခံမှုကို ရရှိထားသည်။ ယခုနှစ်များတွင် ဆီးရီးယားအစိုးရက အမေရိကန်တပ်များသည် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ရေနံခိုးယူတူးဖော်မှုနှင့် ပြောင်းရွှေ့သယ်ယူပို့ဆောင်မှုများ ပြုလုပ်နေသည်ဟု ကြိမ်ဖန်များစွာ စွပ်စွဲပြောကြားထားသည်။ (Xinhua)

————————————-

叙利亚媒体:美军在叙东北部再次转运盗采石油

新华社大马士革8月21日电 据叙利亚通讯社21日报道,美军当天再次转运在叙东北部盗采的石油至伊拉克境内。
叙通社援引当地消息人士的话报道说,美军当天通过137辆油罐车组成的车队,将在叙盗采的石油分两批转运至伊拉克境内的美军基地。
目前,叙东北部多地由“叙利亚民主军”掌控。“叙利亚民主军”主要由叙库尔德武装“人民保护部队”领导,得到美国主导的打击极端组织“伊斯兰国”国际联盟支持。近年来,叙政府多次指控美军在叙东北部盗采并转运石油。
图1:2021年9月23日,在叙利亚首都大马士革城南的巴勒斯坦难民聚居区——耶尔穆克难民营,行人从建筑废墟间走过。新华社发(阿马尔•萨法尔贾拉尼摄)