Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မြို့တော်ရှိ ဟိုတယ်တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိ

နိုင်ရိုဘီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်ခုတွင် သြဂုတ် ၁၉ ရက် ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးသေဆုံးကာ ၁၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာကျန်းမာရေးဌာနက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အကြမ်းဖက်သမားများက ဗုံးများတပ်ဆင်ထားသော ကားနှစ်စီးကို ဖောက်ခွဲကာ မိုဂါဒစ်ရှူးရှိ Hayat ဟိုတယ် အပြင်ဘက်နံရံကို ဖျက်ဆီးခဲ့ပြီး ဟိုတယ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ ဓားစာခံများစွာကို ဖမ်းဆီးခဲ့ကြောင်း ဆိုမာလီယာ ကျန်းမာရေးဝန်ကြီး Adan က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ ဆိုမာလီယာ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများနှင့် ဟိုတယ်ဇုန်တွင် နာရီ ၃၀ ကြာ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆိုမာလီယာရဲတပ်ဖွဲ့များက ဟိုတယ်ဧရိယာကို ထိန်းချုပ်နိုင်ခဲ့ပြီး ဓားစာခံများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ Al-Shabab အကြမ်းဖက်အဖွဲ့က အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
索马里首都一酒店遭恐袭致21人死亡117人受伤
新华社内罗毕8月21日电摩加迪沙消息:索马里卫生部21日发表声明,证实19日晚在索首都摩加迪沙一家酒店发生的恐怖袭击已造成21人死亡、117人受伤。
索卫生部长阿丹在声明中说,武装分子引爆两枚汽车炸弹,炸毁摩加迪沙哈亚特酒店外墙,闯入酒店并劫持多名人质。索军方与袭击者在酒店区域展开30小时交火。目前索军方已控制酒店区域并救出人质。索极端组织“青年党”20日宣称实施了上述袭击。(完)
8月21日,警察在索马里摩加迪沙遇袭酒店附近警戒。 新华社发(哈桑•阿里•埃勒米摄)