Connect with us

Asia

အာရှ-ပစိဖိတ်ဒေသ ကပ်ရောဂါ အခြေအနေ ဆိုးဝါးနေဆဲဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မကြာသေးမီက အာရှ-ပစိဖိတ်ဒေသတွင် ကပ်ရောဂါ အခြေအနေ ဆိုးဝါးနေဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ သောင်းချီရှိနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင်လည်း တစ်ကျော့ပြန်ရောဂါဖြစ်ပွားမှုလည်း မြင့်တက်လာနေပြီဖြစ်သည်။

ဧပြီ ၂၂ ရက်တွင် တောင်ကိုးရီးယားနိုင်ငံ၌ တစ်ရက်အတွင်း အတည်ပြုလူနာ ၈၁,၀၅၈ ဦးထပ်တိုးရာ စုစုပေါင်းအတည်ပြုလူနာ ၁၆,၇၅၅,၀၅၅ ဦးအထိရှိလာပြီး သေဆုံးသူများအနေဖြင့် ၂၀၆ ဦးထပ်တိုးခဲ့ရာ စုစုပေါင်းသေဆုံးသူအရေအတွက် ၂၁,၈၇ ဦးရှိကြောင်း တောင်ကိုးရီးယား ဗဟိုကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ ဧပြီ ၁၈ ရက်ကတည်းက တောင်ကိုးရီးယားသည် နှာခေါင်းစည်းတပ်ဆင်ခြင်းမှအပ အခြားလူစုလူဝေးနှင့် အကြီးစား ပွဲလမ်းသဘင် စုဝေးမှုစသည့် ကိုဗစ်ရောဂါထိန်းချုပ်မှုဆိုင်ရာ အကန့်အသတ်များကို ရုတ်သိမ်းခဲ့သည်။ တောင်ကိုးရီးယား Gachon University၏တွဲဖက်ဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာဆေးပညာပါမောက္ခက လက်ရှိအချိန်တွင် “ဖြေလျှော့ခြင်း” သည် မသင့်လျော်ကြောင်းနှင့် ကပ်ရောဂါသည် လုံးဝပြီးဆုံးသွားခြင်းမရှိဘဲ အချိန်မရွေးတစ်ကျော့ပြန်မြင့်တက် လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ကူးစက်ရောဂါစီမံခန့်ခွဲမှုစင်တာမှ ဧပြီ ၂၂ ရက်က ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာ ၂၁,၈၀၈ ဦးနှင့် သေဆုံးသူ ၁၂၈ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၄,၁၂၈,၀၃၈ နှင့် သေဆုံးသူ ၂၇,၅၂၀ ရှိကြောင်း သိရသည်။

အင်ဒိုနီရှားနိုင်ငံတွင်မူ မကြာသေးမီက ကပ်ရောဂါဖြစ်ပွားမှု လျော့ကျသွားရာ ဧပြီ ၂၂ ရက်တွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ၆၅၁ ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၆,၀၄၃,၂၄၆ ဦး၊ သေဆုံးသူ ၂၅ ဦးထပ်မံရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၅၆,၀၄၀ ဦးရှိကြောင်း သိရသည်။ အင်ဒိုနီးရှားရှိ ပြည်သူအများစုတွင် ကာကွယ်ဆေး သို့မဟုတ် ယခင်ကူးစက်မှုမှ ပဋိပစ္စည်းကိုယ်ခံစွမ်းအားရှိထားကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Sadikin က ဧပြီ ၁၈ ရက်၌ ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသား ၉၉.၂ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါပိုးခံနိုင်စွမ်းရှိပြီး ယခင်နှစ် ဒီဇင်ဘာလ၏ ၈၈.၆ ရာခိုင်နှုန်းထက် မြင့်တက်လာကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ သိရသည်။

ပြီးခဲ့သည့်သုံးလအတွင်း ဂျပန်နိုင်ငံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမှာ ၁၀,၇၀၀ ခန့်ထပ်တိုးခဲ့ပြီး ပြီးခဲ့သည့်လတွင် သေဆုံးမှု ၂,၀၀၀ ခန့်ရှိရာ တစ်ရက်လျှင် ပျမ်းမျှသေဆုံးမှု ဆယ်ဂဏန်းအထိ ရှိနေသည်။ မတ် ၂၂ ရက် ကပ်ရောဂါထိန်းချုပ်မှု အကန့်အသတ်ဖြေလျော့ပြီးချိန်မှစ၍ ဂျပန်တွင် တစ်ရက်အတွင်း ထပ်တိုး အတည်ပြုလူနာ အရေအတွက်သည် ၅၀,၀၀၀ ဝန်းကျင်တွင် ရှိနေသည်။ ဂျပန်တွင် ဧပြီ ၂၁ ရက်က ကိုဗစ်ရောဂါအတည်ပြုလူနာ ၄၇,၁၃၁ ဦး ထပ်တိုးလာခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၇,၅၄၃,၆၀၉ ဦး၊ သေဆုံးသူ ၅၂ ဦးထပ်တိုးကာ စုစုပေါင်း သေဆုံးသူ ၂၉,၂၂၂ ဦးရှိကြောင်း NHK ရုပ်သံမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံတွင် အတည်ပြုလူနာထပ်တိုးမှု လျော့နည်းနေသည်မှာ သီတင်းပတ်များစွာ ဆက်တိုက်ရှိနေသော်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာ ၂,၀၆၇ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိရာ ယခင်ရက်ထက် ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လက်ရှိ အိန္ဒိယတွင် မြင့်တက်နေသည့် ကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ မည်သည့် ဗီဇပြောင်းရောဂါပိုး ဖြစ်သည်ကို မသိနိုင်သေးကြောင်းနှင့် အိန္ဒိယကျန်းမာရေးဌာနက သက်ဆိုင်ရာစစ်ဆေးမှုများ အားဖြည့်ပြုလုပ်ရန် တောင်းဆိုထားသည်။ အိန္ဒိယနိုင်ငံသည် ဧပြီလအစောပိုင်းတွင် ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခဲ့သည်။ လက်ရှိ ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာမှုအတွက် မြို့တော်နယူးဒေလီရှိ နေထိုင်သူများအား နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်ရန် အမိန့်ချထားပြီး မလိုက်နာပါက အပြစ်ပေးခံရမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်ရောဂါအတည်ပြုလူနာ အရေအတွက်သည် ၁၀၀ အောက်သို့ ကျဆင်းသွားခဲ့သည်။ သီရိလင်္ကာ ကျန်းမာရေး ဝန်ကြီးဌာနသည် ပြင်ပတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ခြင်းကို ဖျက်သိမ်းရန် ဧပြီ ၁၈ ရက်က ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိတွင်မူ ပြည်တွင်း ကျန်းမာရေးကုသမှု အခြေအနေများ ဆိုးဝါးလာမှုကြောင့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ ဆက်လက် တပ်ဆင်သင့်ကြောင်း နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအသင်းက ယူဆထားသည်။ နိုင်ငံတွင်း လူအများအပြား စုဝေးမှုများရှိနေခြင်းကြောင့် ပြင်ပ၌ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ခြင်း အစီအမံကို ပြန်လည်စတင်မည်ဖြစ်ကြောင်း သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာနက ၂၁ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
综合消息:亚太多国新冠疫情仍严峻
新华社首尔4月22日电综合新华社驻亚太地区记者报道:近期,亚太多国新冠疫情仍然严峻,一些国家单日新增确诊病例仍以万为单位,有的国家出现疫情反弹。
韩国中央防疫对策本部22日通报,韩国单日新增新冠确诊81058例,累计确诊16755055例;新增死亡病例206例,累计死亡21873例。从18日起,除要求室外戴口罩外,韩国解除公众聚集场所营业限时、私人聚会限员、大规模活动和集会等限制措施。韩国嘉泉大学附属医院感染内科教授严仲植认为,当前“躺平”不妥,疫情没有完全结束,病毒正“蠢蠢欲动”,疫情随时可能反弹。
根据泰国疫情管理中心22日发布的数据,泰国单日新增21808例确诊病例,新增死亡病例128例,累计确诊4128038例,累计死亡27520例。
印度尼西亚近期日增确诊病例数呈下降趋势,22日新增确诊651例,累计确诊6043246例;新增死亡病例25例,累计死亡156040人。印尼卫生部长布迪·萨迪金18日表示,印尼人已基本拥有从疫苗或先前感染中获得的抗体。根据印度尼西亚大学近期公布的血清学调查结果,99.2%的印尼人已具有新冠抗体,高于去年12月的88.6%的调查结果。
日本近3个月新增新冠死亡病例约10700例,近1个月新增死亡病例约2000例,日均新增死亡病例数十例。从3月22日起全面解除防疫行政限制措施后,该国日增新冠确诊病例数维持在5万例左右。据日本广播协会电视台统计,日本21日新增新冠确诊病例47131例,累计确诊7543609例;新增死亡51例,累计死亡29222例。
印度卫生部21日表示,在连续数周日增新冠确诊病例维持较低水平后,过去24小时新增确诊病例2067例,较前一日跃升65%;新增死亡病例40例。目前印度尚未确定引发病例激增的是哪种毒株,卫生部已要求地方卫生部门加强基因组测序。印度于4月初放松疫情防控,针对近期疫情反弹,首都新德里要求民众在公共场所必须戴口罩,否则将被处罚。
南太平洋岛国萨摩亚疫情日趋严重,累计确诊病例数已逼近7000例,累计死亡13例。萨摩亚卫生部宣布收紧旅行限制,要求从21日起,所有飞往萨摩亚的旅客在登机前均需接种疫苗第三针。自3月17日起,萨摩亚一直在实行不同级别的全国性封锁,目前仍禁止外国人入境,但允许萨摩亚公民及一些急需的工人入境。
近期,斯里兰卡日增新冠确诊病例数降至100例以内。斯里兰卡卫生部18日曾决定取消户外强制戴口罩规定,但该国医务人员协会认为,鉴于当前国内医疗条件恶化,民众应继续戴口罩。斯卫生部21日宣布恢复户外强制戴口罩的要求,原因是该国存在大量人员参加的公共集会。(执笔记者:周思雨;参与记者:杜白羽、华义、赵旭、毛鹏飞、吴长伟、张永兴、车宏亮、任芊、汪奥娜)(完)