Connect with us

Africa & Middle East

ဆိုမာလီနိုင်ငံ မြို့တော်၌ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံး

ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တွင် အသေခံကားဗုံးခွဲမှု ဖြစ်ပွားရာနေရာ၌ လုပ်ငန်းတာဝန်ဆောင်ရွက်နေကြသည့် လုံခြုံရေးဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော်ရှိ လူကြိုက်များသော ကမ်းခြေစားသောက်ဆိုင်တစ်ခု၌ ဧပြီ ၂၂ ရက် ညနေပိုင်းတွင် အသေခံဗုံးခွဲသူတစ်ဦးက ၎င်းကိုယ်တိုင်ဗုံးခွဲခဲ့ချိန်တွင် အနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ပြီး အခြား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Lido ကမ်းခြေတွင် မကြာသေးမီကမှ ဖွင့်လှစ်ခဲ့သည့် နာမည်ကြီးများမကြာခဏလာလေ့ရှိသော Pescatore ပင်လယ်စာစားသောက်ဆိုင်အသစ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Abdifitah Aden Hassan ကပြောကြားသည်။

ည၈:၄၀ နာရီတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြသော အခြား အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများအား အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာသော လုံခြုံရေးအရာရှိများက ဟန့်တားခဲ့ရကြောင်း ၎င်းကဆိုသည်။

ဆိုမာလီလွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးနှင့်အတူ ညနေစာစားရန် စားသောက်ဆိုင်အတွင်းရောက်ရှိနေသော ရဲမင်းကြီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ကြောင်း Aden က သတင်းထောက်များအား ပြောကြားခဲ့သည်။ “တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေကာမှု တိုက်ခိုက်မှုအတွင်း လူ၆ ဦး သေဆုံးပြီး အခြား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့ Aamin Ambulance Service မှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သေဆုံးတဲ့ အရပ်သား ၆ ဦး နဲ့ တခြားထိခိုက်ဒဏ်ရရှိသူ ၇ ဦး ကို ပေါက်ကွဲမှုဖြစ်ပွား တဲ့နေရာကနေ သယ်ဆောင်ပေးခဲ့ပါတယ်’’ ဟု Aamin Ambulance Service မှ ဒါရိုက်တာ Abdikadir Abdirahman က အခင်းဖြစ်ပွားရာနေရာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အရှေ့အာဖရိက၌ လှုပ်ရှားနေသော ဆိုမာလီအခြေစိုက် ဂျီဟတ်ဝါဒီအဖွဲ့ဖြစ်သော အယ်လ်ရှာဘတ်သည် မြို့တော်တွင် နောက်ဆုံးတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် အစိုးရအကြီးတန်းအရာရှိကြီးများအား ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
Suicide bomber kills at least three in Somali capital
MOGADISHU, April 23 (Xinhua) — At least three people were killed and eight others injured when a suicide bomber blew himself up at a popular beach restaurant in the Somali capital here on Friday evening.
Police spokesman Abdifitah Aden Hassan said the wounded were rushed to a hospital after the security forces controlled the new Pescatore Seafood restaurant, which recently opened on Lido Beach and is frequented by celebrities.
He said the security officers who rushed to the scene prevented other al-Shabab fighters who attempted to force their way into the restaurant after the blast, which happened at 8:40 p.m. (1740 GMT).
Aden told reporters that security forces rescued a police commissioner who was inside the restaurant for evening meals along with 11 members of the Somali Parliament. “An investigation is underway to establish the motive of the attack,” he said.
However, medical charity Aamin Ambulance Service said six people have been killed and seven others wounded in the attack.
“We carried (away) six dead civilians and seven others wounded from the blast scene,” Abdikadir Abdirahman, director of Aamin Ambulance Service, told reporters at the scene.
Al-Shabab, a Somalia-based jihadist group active in East Africa, has claimed responsibility for the latest attack in the capital, saying its fighters were targeting senior government officials. Enditem
Photo-Security members work at the site of a suicide car bombing in Mogadishu, Somalia, on Jan. 16, 2022.(Photo by Hassan Bashi/Xinhua)