Connect with us

Politics, Law & Military

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ထိုင်ဝမ်သို့သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်ပြောကြား

ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ )

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက ထိုင်ဝမ်သို့သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၂ ရက်တွင် ဖြေကြားခဲ့ကြောင်း သိရသည်။သတင်းထောက်တစ်ဦးက “အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး Eric Holcomb က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လျက်ရှိရာ တရုတ်နိုင်ငံအနေနဲ့ ယင်းအပေါ် ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွင်း အရေးကြီးဆုံး၊ အကဲဆတ်ဆုံးနှင့် အဓိကအကျဆုံးကိစ္စရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား မည်သည့်ပုံစံ၊ မည်သည့်အမည်ဖြင့် တရားဝင်ဆက်ဆံမှုမျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အင်ဒီယားနား ပြည်နယ်အုပ်ချုပ်ရေးမှူး Holcomb က ထိုင်ဝမ်သို့သွားရောက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်ဘက်သို့ အလေးအနက် အရေးဆို၍ အမေရိကန် သက်ဆိုင်ရာ အင်အားစုများအနေဖြင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာရန်နှင့် ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံမှု ပုံစံအားလုံးကို ရပ်တန့်ရန် တရုတ်က တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
外交部发言人就美国印第安纳州州长窜台答记者问
新华社北京8月22日电外交部发言人22日就美国印第安纳州州长窜台答记者问。
有记者问:美国印第安纳州州长霍尔科姆正窜访中国台湾地区。请问中方对此有何评论?
发言人说,台湾是中国领土不可分割的一部分。台湾问题始终是中美关系中最重要最敏感最核心的问题。中方一贯坚决反对美以任何形式、任何名义与台开展官方交往,已就印第安纳州州长霍尔科姆窜台向美方提出严正交涉。中方敦促美有关方面恪守一个中国原则和中美三个联合公报规定,停止与台一切形式官方往来。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.