Connect with us

Europe

ဥရောပတိုက် ဒေသသုံးပုံနှစ်ပုံနီးပါး၌ မိုးခေါင်မှု သို့မဟုတ် မိုးခေါင်မှုကြုံတွေ့နိုင်သောအန္တရာယ်ရှိနေ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာခန့်အကွာရှိ Puiseux-Pontoise တွင် ပြင်းထန်သောမိုးခေါင်မှုကြောင့် ခြောက်သွေ့နေသည့် နေကြာခင်းအား သြဂုတ် ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဥရောပတိုက်၏ ဒေသသုံးပုံနှစ်ပုံခန့်၌ မိုးခေါင်မှု သို့မဟုတ် မိုးခေါင်မှုကြုံတွေ့နိုင်သော အန္တရာယ်ရှိနေကြောင်းနှင့် အချို့ဒေသရှိ မိုးခေါင်ရေရှားမှုအခြေအနေသည် သြဂုတ်လမှစတင်၍ ဆက်တိုက်ဆိုးဝါးလာရာ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ရေအားလျှပ်စစ်နှင့် စိုက်ပျိုးရိတ်သိမ်းမှုများအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ဥရောပကော်မရှင် ပူးတွဲသုတေသနဌာနမှ သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

အဆိုပါပူးတွဲသုတေသနဌာန၏ ဥရောပတိုက် မိုးခေါင်ရေရှားမှု စောင့်ကြည့်ရေးဝက်ဘ်ဆိုက်က မိုးရွာသွန်းမှု၊ မြေဆီလွှာအစိုဓာတ်နှင့် အပင်များ၏အလင်းမှီစု အစာချက်လုပ်ခြင်းစသည့် အချက်အလက်များကိုအခြေခံ၍ မိုးခေါင်ရေရှားမှုအဆင့်ကို အကဲဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်၏ သြဂုတ် ၂၂ ရက်က ထုတ်ပြန်သည့် လစဉ်အစီရင်ခံစာ ဖော်ပြချက်အရ ဥရောပတိုက်ရှိ ဒေသများ၏ ၄၇ ရာခိုင်နှုန်းခန့်သည် မိုးခေါင်ရေရှားမှု အန္တရာယ်နှင့် ကြုံတွေ့ရန် နီးစပ်နေသည့် သတိပေးချက် အခြေအနေတွင် ရောက်ရှိနေကြောင်းနှင့် ၁၇ ရာခိုင်နှုန်းသည် မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် သတိပေးချက် အခြေအနေတွင် ရောက်ရှိနေပြီး ဇူလိုင်လတွင် ၁၁ ရာခိုင်နှုန်းထက် မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဥရောပတိုက်၏ မိုးခေါင်ရေရှားမှုသည် ပြီးခဲ့သည့် နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး ယခုနှစ်၏ မိုးခေါင်မှုအခြေအနေသည် ၂၀၁၈ ခုနှစ်ထက်ကျော်လွန်နိုင်သည်ဟု ဥရောပကော်မရှင် ပူးတွဲသုတေသနဌာနမှ မိုးလေဝသပညာရှင်များက ယခုရက်ပိုင်းတွင် သတိပေးထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
欧洲近三分之二地区干旱或有干旱风险
新华社北京8月24日电 欧洲联盟委员会联合研究中心22日发布的一份报告显示,欧洲近三分之二地区发生干旱或面临干旱风险,部分地区旱情自8月以来持续恶化,已影响到内河航运、水力发电和农业收成。
该联合研究中心的欧洲干旱观测网站根据降雨量、土壤湿度和植物光合作用吸收光能水平等数据评估干旱程度。这家网站22日发布的月度报告显示,欧洲47%的地区处于干旱预警状态,即面临干旱风险;17%地区处于干旱警报状态,即已陷入干旱,高于7月份的11%地区。
欧盟委员会联合研究中心的气象学家近日警告,2018年的欧洲旱情是过去500年内最严重的一次,但今年旱情很可能超过2018年的水平。
A dried sunflower field is seen as a severe drought hits France, in Puiseux-Pontoise, about 30 km northwest of Paris, France, Aug. 18, 2022. (Xinhua/Gao Jing)