Connect with us

China

ဂျပန်၏ အပျက်သဘောဆောင်သော လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်းက အထူးဂရုပြုသတိသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို မေ ၂၅ ရက်က တွေ့ရစဉ်(Photo from the Foreign Ministry website)

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဂျပန်သည် နျူကလီးယားလက်နက်မပြန့်ပွားရေးသဘောတူစာချုပ်၏ နျူကလီးယားလက်နက်ကင်းစင်သောစာချုပ်ပါနိုင်ငံဖြစ်ပြီး ကာလကြာရှည်စွာ နျူးကလီးယားလက်နက်၏ ထိခိုက်ဒဏ်ရာရရှိခဲ့သောနိုင်ငံဟု မိမိကိုယ်ကို ယူဆထားသော်လည်း လက်တွေ့တွင် အမေရိကန်၏ “နျူကလီးယားအကာအကွယ်”ကို ခံစားနေသည့်အပြင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ကို ဖောက်ဖျက်သည့် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” မူဝါဒကို ပြည်တွင်း၌ဆွေးနွေးခွင့်ပြုရာ ဂျပန်၏ အပြောနှင့်အလုပ်ကွဲလွဲမှုရှိသော လုပ်ရပ်က အလွန်ပင် ရိုးသားမှုမရှိကြောင်းနှင့် ဂျပန်၏ အပျက်သဘောဆောင်သော လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်းက အထူးဂရုပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ယခုကာလများအတွင်း ဂျပန်နိုင်ငံရေးသမားများက နျူကလီးယားပိုင်ဆိုင်ရေးအဆိုကို ကြိမ်ဖန်များစွာ ပြောကြားခဲ့ရာ အမေရိကန်နှင့် “နျူကလီးယားမျှဝေသုံးစွဲရေး”၊ အမေရိကန်နျူကလီးယားလက်နက်တင်သွင်းရေးအကြောင်းအရာများကို ပြောကြားခဲ့သည်။ မေ ၂၃ ရက်က ဂျပန်နှင့် အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် နှစ်ဖက်စလုံးက ဂျပန်အတွက် အမေရိကန်ဟန့်တားပေးနိုင်မည့် အရှိန်အဝါတိုးချဲ့ခိုင်မာလာရေး နှစ်နိုင်ငံ သက်ဆိုင်ရာတွေ့ဆုံဆွေးနွေးမှုယန္တရား ခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက သက်ဆိုင်ရာသတင်းအချက်အလက်များကို သတိပြုမိပြီး ယင်းအပေါ် အလေးအနက် စိုးရိမ်မိကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ နျူကလီးယား မပြန့်ပွားရေး သဘောတူညီချက်အရ နျူကလီးယားလက်နက်ကင်းစင်သော စာချုပ်ပါနိုင်ငံက အခြားမည်သည့်နိုင်ငံမှ နျူကလီးယားလက်နက်များ တိုက်ရိုက်(သို့) သွယ်ဝိုက် လက်ခံခြင်း၊ နျူကလီးယားလက်များ၏ ထိန်းချုပ်ပိုင်ခွင့်ကို လက်ခံခြင်း မပြုလုပ်ရန် ကတိပြုထားသည်။ အကယ်၍ ဂျပန် နှင့် အမေရိကန် တို့က “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” လုပ်ဆောင်ပါက နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်၏ စည်းမျဉ်းကို ချိုးဖောက်ရာရောက်သည့်အပြင် နျူကလီးယားပြန့်ပွားမှုနှင့် နျူကလီးယားပဋိပက္ခဖြစ်နိုင်ခြေကို တိုးမြင့်စေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျပန်သည် နျူကလီးယားမပြန့်ပွားရေးစာချုပ်၏ နျူကလီးယားလက်နက်ကင်းစင်သော စာချုပ်ပါနိုင်ငံအနေဖြင့် မိမိ၏ နယ်ချဲ့မှုသမိုင်းကို လေးလေးနက်နက် ဆန်းစစ်ခြင်းမရှိသည့်အပြင် ကာလကြာရှည်စွာ နျူးကလီးယားလက်နက်၏ ထိခိုက်ဒဏ်ရာရရှိသောနိုင်ငံအဖြစ် မိမိကိုယ်ကို ယူဆပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို တွန်းအားပေးကြောင်း၊ နျူကလီးယား ပြန့်ပွားမှုကို ဆန့်ကျင်ကြောင်း ဆိုကာ လက်တွေ့တွင် အမေရိကန်၏ “နျူကလီးယားအကာအကွယ်”ကို ခံစားနေသူဖြစ်သည်။ ထို့ပြင် အမေရိကန်၏ နျူကလီးယားလက်နက် ဦးစွာအသုံးပြုသည့် မူဝါဒ စွန့်လွှတ်ခြင်းကို ဆန့်ကျင်ဟန့်တားပြီး လက်ရှိတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ကို ဖောက်ဖျက်သည့် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” မူဝါဒကို ဂျပန်ပြည်တွင်း၌ ဆွေးနွေးခွင့်ပြုထားသည်။ ဂျပန်၏ အပြောနှင့်အလုပ်ကွဲလွဲမှုရှိသော လုပ်ရပ်က အလွန်ပင် ရိုးသားမှုမရှိကြောင်း ဝမ်းဝန်ပင်း ကဆိုသည်။
မကြာသေးမီက ဂျပန်သည် ၎င်းကိုယ်တိုင် ကတိပြုထားသည့် “နျူကလီးယားလက်နက်ကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြန်လည်ပြင်ဆင်ရန် ပြောင်ပြောင်တင်းတင်း ဆွေးနွေးခဲ့သည့်အပြင် နျူကလီးယားမပြန့်ပွားရေးစာချုပ် စီစစ်ဆွေးနွေးခြင်း အစည်းအဝေးတွင် တင်ပြသည့် အမျိုးသားအစီရင်ခံစာတွင် ဆက်စပ်အသုံးအနှုန်းများကို ဖျက်ပစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းက ဂျပန်၏ အပျက်သဘောဆောင်သော လုပ်ရပ်များကို အထူးဂရုပြုသတိထားထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ ဂျပန်သည် နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အမှန်တကယ် တာဝန်ယူမည့် သဘောထားရှိပါက နျူကလီးယားလက်နက်ကင်းစင်သော နိုင်ငံ၏ တာဝန်ဝတ္တရားကို လက်တွေ့ကျကျ လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းမှ ကတိပေးခဲ့သည့် “နျူကလီးယား ကင်းရှင်းရေး အခြေခံမူ ၃ ရပ်”ကို ဆက်လက်လိုက်နာကာ မည်သည့်နည်းလမ်းမှ နျူကလီးယားလက်နက်ရရှိရန် ကြံစည်ကြိုးပမ်းမှု မပြုသင့်ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့အလျောက် ဂျပန်အနေနဲ့ အမေရိကန်မှ လက်ကိုင်ထားတဲ့ စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို စွန့်လွှတ်ဖို့ တွန်းအားပေးပြီး အမျိုးသားလုံခြုံရေးဝါဒမှာ နျူကလီးယား လက်နက်ပါဝင်မှု လျှော့ချဖို့ လုပ်ဆောင်ရမှာဖြစ်တယ်။ ကမ္ဘာနဲ့ ဒေသတွင်း မဟာဗျူဟာ ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုအတွက် နျူကလီးယားလက်နက် ဖျက်သိမ်းရေးတာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်တယ်” ဟု ၎င်းကပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

外交部:日方相关消极动向值得国际社会保持高度警惕

外交部发言人汪文斌5月25日表示,日本作为《不扩散核武器条约》无核武器缔约国,长期以核武器受害国自居,在实践中却享受着美国的“核保护伞”,现在又纵容国内讨论违反《不扩散核武器条约》的“核共享”政策,日方这种自相矛盾的做法极其虚伪。日方相关消极动向值得国际社会保持高度警惕。

当日例行记者会上,有记者问:近期,日本政客频频发表拥核言论,妄言要同美国“核共享”,引入美核武器。23日,日美领导人会谈后发表联合声明称,双方将确保美对日延伸威慑的可靠性和韧性,巩固关于延伸威慑的双边对话机制。

汪文斌说,中方注意到有关报道,对此表示严重关切。根据《不扩散核武器条约》规定,无核武器缔约国承诺不直接或间接从任何让与国接受核武器或对这种武器的控制权。如果日本与美“核共享”,将违反《不扩散核武器条约》规定,加剧核扩散与核冲突风险。

汪文斌说,日本作为《不扩散核武器条约》无核武器缔约国,在未能深刻反省侵略历史的同时,长期以核武器受害国自居,唱着推进核裁军、反对核扩散的高调,在实践中却享受着美国的“核保护伞”,反对和阻挠美国放弃首先使用核武器政策,现在又纵容国内讨论违反《不扩散核武器条约》的“核共享”政策,日方这种自相矛盾的做法极其虚伪。近期,日本公然讨论修改自身承诺的“无核三原则”,甚至在向《不扩散核武器条约》审议大会提交的最新版国家报告中删除了相关表述,日方相关消极动向值得国际社会保持高度警惕。

汪文斌说,如果日方真的在国际安全与军控问题上采取负责任态度,就应该切实履行作为无核武器国家的义务,继续遵守自身承诺的“无核三原则”,不得以任何形式寻求核武器。“作为美国的盟国,日方还应该推动美方摈弃冷战思维,切实降低核武器在国家安全政策中的作用,承担起核裁军特殊、优先责任,为维护全球和地区的战略平衡与稳定做出应有的贡献。”(记者马卓言)