Connect with us

Politics, Law & Military

အမေရိကန်က အကြီးဆုံး ဟက်ကာအင်ပါယာ၊ လျှို့ဝှက်စောင့်ကြည့်ရေးအင်ပါယာ၊ လျှို့ဝှက်ချက်များ ခိုးယူရေးအင်ပါယာဖြစ်ကြောင်း ကျောက်လိကျန်းပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရ၏ သက်ဆိုင်ရာဌာနများက ခေတ်မီသော ကွန်ရက်စောင့်ကြည့်မှုနည်းပညာများကို အသုံးချကာ ပြည်သူများအား အချိန်ကြာမြင့်စွာ၊ ခွဲခြားမှု၊ အတိုင်းအဆမရှိဘဲ စောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် အကြီးဆုံး ဟက်ကာအင်ပါယာ၊ လျှို့ဝှက်စောင့်ကြည့်ရေးအင်ပါယာ၊ လျှို့ဝှက်ချက်များ ခိုးယူရေးအင်ပါယာဖြစ်ကြောင်းနှင့် အမေရိကန်၏ လုပ်ရပ်ကို အမေရိကန်ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဆန့်ကျင်မည်မှာ မုချဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးဗျူရိုက ဥပဒေကို ရှောင်လွှဲ၍ အမေရိကန်ပြည်သူအားလုံးနီးပါးကို စောင့်ကြည့်နေတဲ့ ကွန်ရက်စောင့်ကြည့်ရေးစနစ်ကို ထူထောင်ထားကြောင်း အမေရိကန် ဂျော့ဂ်ျတောင်းတက္ကသိုလ် ကိုယ်ရေးကိုယ်တာနှင့် နည်းပညာစင်တာက စစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။ တရုတ်အနေနဲ့ အဲဒီအပေါ် ဘယ်လိုမှတ်ချက်ပြုပါသလဲ” ဟု မေးမြန်းခဲ့သည်။

အမေရိကန်အစိုးရ၏ သက်ဆိုင်ရာဌာနများက ခေတ်မီသော ကွန်ရက်စောင့်ကြည့်ရေးနည်းပညာများကို အသုံးချကာ ပြည်သူများအား အချိန်ကြာမြင့်စွာ၊ ခွဲခြားမှု၊ အတိုင်းအဆမရှိဘဲ စောင့်ကြည့်နေသည့် ဆိုးရွားသော လုပ်ရပ်ကို အထက်ပါ အစီရင်ခံစာက အသေးစိတ် ထုတ်ဖော်ခဲ့ကြောင်း ကျောက်လိကျန်းကဆိုသည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးဗျူရိုက ကန်ဒေါ်လာ ၃ ဘီလီယံခန့် အကုန်ကျခံပြီး အမေရိကန်ရှိ အရွယ်ရောက်သူ ၇၅ ရာခိုင်နှုန်း၊ ပြည်နယ် နှင့် ဒေသပေါင်း ၅၀ ရှိ အသုံးပြုသူ ၂၁၈ သန်းကျော်ကို စောင့်ကြည့်သည့် စောင့်ကြည့်ရေးစနစ်ကို ထူထောင်ခဲ့သည်။ ထို့ပြင် ယင်းအဖွဲ့အစည်းက အမေရိကန်နယ်စပ်ရှိ အဖော်မဲ့ ဒုက္ခသည်ကလေးများကို “ပြုစုစောင့်ရှောက်ခြင်း” အဆိုဖြင့် ယင်းကလေးငယ်များ၏ မိသားစုဝင် ၄၀၀ နီးပါး ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆိုသည်။
အမေရိကန်သက်ဆိုင်ရာအစိုးရဌာနက အကြောက်တရားကင်းမဲ့စွာ ရနိုင်သမျှ အခွင့်အရေးများဖြင့် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းနေသော်လည်း အမေရိကန်ဥပဒေမှ ထိထိရောက်ရောက် ချုပ်နှောင်ခြင်းမရှိကြောင်း ကျောက်လိကျန်းကဆိုသည်။ ယင်းအပေါ် အမေရိကန်မီဒီယာနှင့် နိုင်ငံတကာ မီဒီယာများက ဒေါသထွက်ကြောင်း ဖော်ပြခဲ့ပြီး ယင်းအဖွဲ့အစည်း၏ နှစ်ပေါင်းများစွာ လည်ပတ်ခဲ့သော ကြီးမားသည့် စောင့်ကြည့်ရေးကွန်ရက်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု ခက်ခဲရခြင်းမှာ အမေရိကန်တရားစီရင်ရေးစနစ်တွင် တစ်စုံတစ်ရာ လစ်ဟင်းမှုရှိနေခြင်းကို စိုးရိမ်မိကြောင်း သက်ဆိုင်ရာမီဒီယာများက ဖော်ပြခဲ့သည်။

“စီးပွားဖြစ် အကျိုးစီးပွားနှင့် ‘အမျိုးသားလုံခြုံရေး’ ဟုအမည်ခံ၍လုပ်ဆောင်သော အလားတူအဖွဲ့အစည်းတွေ အမေရိကန်မှာ ဘယ်လောက်ရှိပါသလဲ။ အဆိုပါ အစီရင်ခံစာမှာ ထုတ်ဖော်ခဲ့တာက ရေခဲတောင်ရဲ့ အစွန်းအဖျားသာဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
“အမေရိကန်ဟာ ထိပ်တန်းဟက်ကာအင်ပါယာ၊ လျှို့ဝှက်စောင့်ကြည့်ရေးအင်ပါယာ၊ လျှို့ဝှက်ချက်တွေ ခိုးယူရေး အင်ပါယာဖြစ်တယ်” ဟုကျောက်လိကျန်းကဆိုသည်။ အမေရိကန်အစိုးရ သက်ဆိုင်ရာဌာနသည် သာမန်နိုင်ငံသားများကို သံသယရှိသူကဲ့သို့ စောင့်ကြည့်ရုံသာမက အမေရိကန် မဟာမိတ်နှင့် မိတ်ဖက်များအပါအဝင် ကမ္ဘာ့နေရာအနှံ့၌ လုပ်ဆောင်ရန်လည်း ကြိုးပမ်းနေကြောင်း၊ ယင်းမှာ ငြင်းဆို၍မရသော ဖြစ်ရပ်မှန်ဖြစ်သလို အမေရိကန်၏ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသော လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းမျဉ်းစည်းကမ်းအပေါ် သရော်စရာဖြစ်ပြီး အမေရိကန်၏ လုပ်ရပ်ကို အမေရိကန်ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဆန့်ကျင်မည်မှာ မုချဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………
赵立坚:美国是头号黑客帝国、监听帝国、窃密帝国
外交部发言人赵立坚7月25日说,美国政府有关部门一直利用先进的网络监控技术,长时间、无差别、无底线监控民众。美国是头号黑客帝国、监听帝国、窃密帝国。美方行径必将遭到美国民众和国际社会越来越多的抵制。
当日例行记者会上,有记者问:日前,美国乔治城大学隐私与技术中心发布调查报告,称美国入境和海关执法局建立监控系统,绕过法律近乎全息监控美国公民。中方对此有何评论?
赵立坚说,美国政府有关部门一直利用先进的网络监控技术,长时间、无差别、无底线监控民众。上述报告详细揭露了这一恶劣行径。美国入境和海关执法局建立监控系统,耗资近30亿美元,覆盖美国75%成年人、50个州和地区超过2.18亿用户。此外,该局还打着所谓“照顾”美国边境无人陪伴的难民儿童的幌子,逮捕了至少400名这些儿童的家庭成员。
赵立坚表示,美国有关政府部门肆无忌惮、无孔不入地搜集民众个人信息,但没有受到美国法律的有效约束。不少美国媒体和国际媒体对此表达了愤怒。有关媒体还担忧,该局经营多年的庞大监控网络之所以长期难以得到有效监管,在于美国法律体系存在漏洞。
“在商业利益和所谓‘国家安全’驱动下,美国类似的机构还有多少?该报告所曝光出来的,恐怕只是冰山一角。”他说。
“美国是头号黑客帝国、监听帝国、窃密帝国。”赵立坚说,这个报告再次证明,美国政府有关部门不仅把普通公民变成了嫌疑人,还企图把全球各地包括美国的盟友和伙伴都尽收网底。这是无可辩驳的事实,也是对美方一向自我吹嘘人权、法治和规则的绝妙讽刺。“美方行径必将遭到美国民众和国际社会越来越多的抵制。”(记者孙楠)