Connect with us

Africa & Middle East

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားစစ်တပ်ပြော

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ဖေဖော်ဝါရီ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်အနီးတစ်ဝိုက်ဒေသကို အစ္စ‌ရေးက ဧပြီ ၂၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဆီးရီးယားစစ်သား ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဆီးရီးယားစစ်တပ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ၀၀ နာရီ ၄၁ မိနစ်တွင် အစ္စရေးစစ်တပ်က ဒမတ်စကပ်စ်အနီးတစ်ဝိုက် နေရာများကို ပစ်မှတ်ထား၍ ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း၊ ဆီးရီးယားလေကြောင်း ကာကွယ်ရေးစနစ်က တိုက်ခိုက်လာသည့် ဒုံးကျည်အများစုကို ပစ်ခတ်တားဆီးနိုင်ခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီ၏ ကိုးကားဖော်ပြချက်အရ သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်တပ်မှ ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် အခြားဆုံးရှုံးမှုလည်းရှိကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်အခြေစိုက် “ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့”၏ ပြောကြားချက်အရ အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသတွင် ပေါက်ကွဲမှု ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း နှင့် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအပြင် စစ်ဘက်ဆိုင်ရာနေရာအများအပြားနှင့် လက်နက်ခဲယမ်းများ သိုလှောင်ရာစခန်းလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ဆီးရီးယားတွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အစ္စရေးတပ်ဖွဲ့များက အီရန်တပ်ဖွဲ့အဆောက်အဦများကို တိုက်ခိုက်သည်ဟု အကြောင်းပြပြီး ဆီးရီးယားနိုင်ငံအတွင်းသို့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဆီးရီးယားနှင့် အီရန် အစိုးရတို့က ဆီးရီးယားတွင် အီရန်အခြေစိုက်တပ်မရှိကြောင်း ငြင်းဆိုထားသည်။  (Xinhua)

…………………………………………….
Chinese Version)
叙利亚军方说以色列空袭致4名军人死亡
新华社大马士革4月27日电(记者郑一晗 汪健)叙利亚军方27日发表声明说,以色列当天凌晨对叙首都大马士革周边地区发动的空袭造成4名军人死亡、3人受伤。
叙利亚通讯社援引该声明说,当地时间27日零时41分,以色列向大马士革周边“部分地点”发动导弹袭击,叙防空系统拦截并击落大部分来袭导弹。此次空袭导致叙军方4人死亡、3人受伤,还造成一定物质损失。
另据总部设在英国的“叙利亚人权观察组织”消息,以军空袭过程中大马士革周边地区发生了至少12次爆炸,除人员伤亡外,多个军事地点和武器弹药库被摧毁。
叙利亚内战爆发后,以军多次以打击伊朗军事设施为由空袭叙利亚境内目标。叙利亚和伊朗政府均否认伊朗在叙有驻军。(完)
图说- 这是2月9日在叙利亚大马士革郊区拍摄的在空袭中受损的建筑。新华社发(阿马尔·萨法尔贾拉尼摄)