Connect with us

Africa & Middle East

အမေရိကန်မှ ‘ရေနံ သိမ်းယူမှု’ ကို ဆန့်ကျင်ကန့်ကွက်ပြီး ‘ပင်လယ်ဓါးပြလုပ်ရပ်’ ဖြစ်သည်ဟု အီရန် ရှုတ်ချ

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အထင်ကရ အဇာဒီမျှော်စင် (Azadi Tower) အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်က ရေနံတင်သင်္ဘောတစ်စင်းမှ အီရန်ရေနံစိမ်းများ သိမ်းယူခြင်းအပေါ် ဆွစ်ဇာလန်မှတစ်ဆင့် ကန့်ကွက်ရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင် အီရန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်။

အဆိုပါ ‌ရေနံတင်သင်္ဘောတွင် အီရန်နိုင်ငံအလံချိတ်ဆွဲထားခြင်းဖြစ်ပြီး ရုရှားကုမ္ပဏီမှ လည်ပတ်ကြောင်းနှင့် သတင်းအချက်အလက်များအရ တူရကီနိုင်ငံသို့ ဦးတည်မောင်းနှင်သည်ဟု သိရပြီး ယခင်လက ဂရိနိုင်ငံရေပိုင်နက်သို့ရောက်ရှိကာ ဂရိဘက်မှ ထိန်းချုပ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် ဂရိရေပိုင်နက်တွင် ဆက်လက်ရှိနေကြောင်း သိရသည်။ အဆိုပါ ရေနံတင်သင်္ဘောတွင် အီရန်ရေနံစိမ်း တန်ချိန် ၁၁၅,၀၀၀ ခန့် တင်ဆောင်ထားကြောင်းနှင့် ရေနံတင်သင်္ဘောမှ တင်ဆောင်ထားသော ရေနံစိမ်းများကို အမေရိကန်သို့ ပို့ဆောင်ရန် အမေရိကန်က ဂရိအား တောင်ဆိုထားကြောင်း လူအများ၏ ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။

အီရန်နှင့် အမေရိကန်တို့သည် ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြသည်။ နှစ်ဖက်စလုံးက တစ်ဖက်နိုင်ငံမြို့တော်တစ်ခုစီတွင် အကျိုးစီးပွား ဆိုင်ရာ ကိုယ်စားလှယ်ရုံးများ ထားရှိကြောင်းနှင့် ၎င်းတို့သည် ဝါရှင်တန်ရှိ ပါကစ္စတန် သံရုံးနှင့် အီရန် မြို့တော် တီဟီရန်ရှိ ဆွစ်ဇာလန် သံရုံးတွင် ဖြစ်ကြောင်း သိရသည်။

အဆိုပါရေနံတင်သင်္ဘောကို ချက်ချင်းပြန်လွတ်ပေးရန် အီရန်နိုင်ငံဘက်က တောင်းဆိုထားကြောင်းနှင့် သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများအား သိမ်းယူခြင်းမပြုရကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်ကို ကိုးကား၍ အစ္စလာမ်မစ်သတင်းအေဂျင်စီ (IRNA) က မေ ၂၇ ရက်တွင် ဖော်ပြထားသည်။ အမေရိကန်အစိုးရက နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာရေကြောင်းဆိုင်ရာ သဘောတူညီချက်များကို အဆက်မပြတ်ချိုးဖောက်နေသည့်အပေါ် အီရန်က အထူးဂရုပြုမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်တရားရေးရာဌာနက အဆိုပါရေနံတင်သင်္ဘောတွင် အီရန်ရေနံတင်ဆောင်ထားသည်ဟု ယခင်ကတည်းက အသိပေးခဲ့ကြောင်း ဂရိရေကြောင်းသယ်ယူပို့ဆောင်ရေးဌာနပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ‌ဖော်ပြထားသည်။ ရေနံတင်သင်္ဘော ထိန်းသိမ်းခံရခြင်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ချိုးဖောက်ခြင်း သို့မဟုတ် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်ပေါ်လာသလားဆိုသည်မှာမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
ယခုနှစ် ဖေဖော်ဝါရီတွင် အဆိုပါရေနံတင်သင်္ဘောအပါအဝင် ရုရှားရေနံတင်သင်္ဘော ၅ စင်းသည် အမေရိကန်မှ ပိတ်ဆို့အရေးယူထားသည့် ရုရှားနိုင်ငံပိုင်ဘဏ် Promsvyazbank နှင့် ပတ်သက်မှုရှိခြင်းကြောင့် အရေးယူခံခဲ့ရပြီး ရေနံတင်သင်္ဘော လည်ပတ်သည့် ရုရှားကုမ္ပဏီလည်း ယခုလ ၈ ရက်တွင် အမေရိကန်မှ ပိတ်ဆို့အရေးယူခြင်းခံခဲ့ရသည်။ ယခုလ ၂၅ ရက်တွင် အမေရိကန်အစိုးရက အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ဆက်စပ်မှုရှိသည့် “ရေနံမှောင်ခို” ကွန်ရက်ကိုလည်း ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

ရေနံတင်သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများကို ဂရိကုမ္ပဏီတစ်ခုမှလည်ပတ်သည့် အခြားသင်္ဘောတစ်စင်းသို့ လွှဲပြောင်းပြီး အမေရိကန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်အများအပြားက မေ ၂၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

မေ ၂၇ ရက်နေ့အထိ အမေရိကန်နှင့် ရုရှားတို့မှ သက်ဆိုင်ရာ အစီရင်ခံစာများကို တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။
ရေနံတင်သင်္ဘောသည် မူလက ရုရှားနိုင်ငံ အလံကိုချိတ်ဆွဲခဲ့ပြီး မေ ၁ ရက်တွင် အီရန်နိုင်ငံအလံ ပြောင်းလဲချိတ်ဆွဲခဲ့ကြောင်း မီဒီယာများက ဖော်ပြထားသည်။ ဂရိက ဥရောပသမဂ္ဂမှ ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့်ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်သည်ဟုအကြောင်းပြ၍ ရေနံတင်သင်္ဘောကို ဧပြီလတွင် ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် သင်္ဘော၏ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သံသယရှိခြင်းကြောင့် ရေနံတင်သင်္ဘောကို ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ရေနံတင်သင်္ဘောက ဂရိရေပိုင်နက်တွင် အဘယ်ကြောင့် ဆက်လက်ရှိနေသည်ကို မသိရသေးကြောင်း ဖော်ပြထားသည်။

အမေရိကန်တရားရေးရာ၏ တောင်းဆိုချက်အရ ဂရိနိုင်ငံသည် ရေနံတင်သင်္ဘောပေါ်ရှိ အီရန်ရေနံကို အမေရိကန်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဂရိဆိပ်ကမ်းရဲဌာန ပြောကြားချက်ကို ကိုးကား၍ AFP က မေ ၂၅ ရက်တွင် ဖော်ပြထားသည်။

ရေနံတင်သင်္ဘောသည် ဆိုးဝါးသော ရာသီဥတုနှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဂရိ‌ရေပိုင်နက်သို့ ရောက်ရှိခဲ့ပြီး သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများကို သိမ်းယူခြင်းက “စံတင်လောက်သော ပင်လယ်ဓါးပြ လုပ်ရပ်” ပင်ဖြစ်ကြောင်း အီရန်ဆိပ်ကမ်းနှင့် ရေကြောင်းအဖွဲ့က ထိုနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………
(Chinese Version)
伊朗抗议美国“扣油” 斥其“海盗行为”
新华社北京5月28日电 伊朗外交部27日召见瑞士驻伊朗大使,经由瑞方抗议美国方面“没收”一艘油轮上装载的伊朗原油。
这艘油轮悬挂伊朗国旗,由俄罗斯企业运营,据信将驶往土耳其,上月在希腊海域一度遭希腊方面扣押,目前仍停留在希腊海域。多家媒体近几天援引不同人士的话报道,这艘油轮载有大约11.5万吨伊朗原油,美方已要求希腊方面协助将油轮上的原油运往美国。
伊朗与美国在1979年伊朗伊斯兰革命后断绝外交关系,双方在对方首都互设利益代表处,分别位于华盛顿的巴基斯坦大使馆和伊朗首都德黑兰的瑞士大使馆。
伊朗伊斯兰共和国通讯社27日援引伊朗外交部最新声明报道,伊方要求立即释放这艘油轮、不得扣留船上货物。声明说,伊方对美国政府“持续违反国际法和国际海事公约”深表关切。
前一天,路透社援引希腊航运部门消息人士的话报道,美国司法部先前通知希腊方面,这艘油轮上载有伊朗原油。暂时不清楚油轮遭扣留是因为违反针对俄罗斯的制裁还是针对伊朗的制裁。
今年2月,包括这艘油轮在内的5艘俄罗斯船只因为关联美方制裁对象俄罗斯工业通讯银行而遭制裁,运营油轮的俄罗斯企业本月8日遭美方制裁。本月25日,美国政府宣布制裁所谓与伊朗伊斯兰革命卫队下属“圣城旅”有关的“石油走私”网络。
多名消息人士26日告诉媒体,油轮上的货物已经转移至另外一艘由希腊企业运营的船只,将驶往美国。
截至27日,美国和俄罗斯方面没有回应相关报道。
多家媒体报道,这艘油轮原本悬挂俄罗斯国旗,5月1日改为悬挂伊朗国旗。希腊方面4月扣留油轮的理由是违反欧洲联盟对俄罗斯的制裁规定,随后因船只所属有疑义而释放油轮。暂时不清楚油轮为何后来一直停留在希腊海域。
法新社25日援引希腊港口警方的话报道,应美国司法部门的要求,希腊将把油轮上的伊朗石油移交美国。
伊朗港口与海事组织同一天说,油轮因恶劣天气和出现技术问题驶入希腊沿海,扣押船上货物是“典型的海盗行为”。(郑昊宁)