Connect with us

North America

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၄,၆၀၀ ကျော် ရှိသည်ဟု ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမျိုးသားရင်ပြင်တွင် သွားလာနေသူများအား မတ်လ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄,၆၃၉ ဦး ရှိပြီဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC)၏ ဇူလိုင် ၂၇ ရက် နောက်ဆုံး ထုတ်ပြန်သည့် ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။ ယင်းစင်တာမှ ပြုစုထားသော ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီး၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူ အရေအတွက်တွင် အမေရိကန်နိုင်ငံသည် ထိပ်ဆုံးမှ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးဖော်ပြသည့်ကိန်းဂဏန်းများအရ နယူးယောက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အီလီနွိုက်ပြည်နယ်တို့သည် မျောက်ကျောက်ရောဂါကူးစက်မှုအများဆုံး ပြည်နယ် ၃ ခု ဖြစ်ပြီး ၎င်းတို့အနက် နယူးယောက်ပြည်နယ်တွင် ၁,၂၂၈ ဦး ရှိကြောင်း သိရသည်။
စစ်ဆေးနိုင်သည့်ပမာဏများလာခြင်း၊ ဒေသအသီးသီး ရောဂါဖြစ်ပွားမှုအစီရင်ခံမှုစနစ် တိုးတက်လာခြင်းနှင့် ရောဂါပိုး ဆက်လက်ပြန့်ပွားလာခြင်းများနှင့်အတူ အမေရိကန်၏ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဦးရေ ဆက်လက်များပြားလာမည် ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC) ဒါရိုက်တာ Rochelle Warrenskiက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန် ပြည်သူ့ကျန်းမာရေးပညာရှင်က ရောဂါစစ်ဆေးမှုစွမ်းရည်ပြည့်စုံမှုမရှိသေးခြင်းကြောင့် အမေရိကန်၏ လက်တွေ့ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေသည် တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် များနိုင်ကြောင်း၊ ရောဂါပိုးပြန့်ပွားမှု ဆိုးရွားလာခြင်းနှင့်အတူ လူအများအပြား ကူးစက်မည့်အန္တရာယ် ပို၍ တိုးလာနိုင်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

အမေရိကန်တွင် ကလေးငယ်နှစ်ဦး မျောက်ကျောက်ရောဂါဖြစ်ပွားခဲ့ကြောင်းကို CDCက ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့ပြီး လက်ရှိတွင် ကလေးငယ်နှစ်ဦးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်ကာ ဗိုင်းရပ်စ်ပိုးသတ်ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်သတင်းမီဒီယာများ၏ဖော်ပြချက်များအရ ယင်းနိုင်ငံတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါကူးစက်မှုကို ပထမဆုံးတွေ့ရှိရကြောင်း CDCအရာရှိက ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ပြီး ကလေးနှင့်မိခင်ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကလေးတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အမျိုးသား ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ အင်စတီကျု (NIAID) ဒါရိုက်တာ Anthony Fauci က မျောက်ကျောက်ရောဂါသည် ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များ အပါအဝင် လူထုအတွက် “ပြင်းထန်သောအန္တရာယ်” ဖြစ်စေနိုင်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မျောက်ကျောက်ရောဂါသည် နိုင်ငံနှင့်ဒေသပေါင်း ဒါဇင်နှင့်ချီ၍ ပျံ့နှံ့လာခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

………………………………….

(Chinese Version)
美国报告超4600例猴痘病例
2022-07-28 15:28:24 分类: 医药卫生
新华社洛杉矶7月27日电(记者谭晶晶)美国疾病控制和预防中心27日更新的数据显示,美国已累计报告4639例猴痘病例,在该机构统计的全球本次猴痘疫情各国病例数中居于首位。
图为2022年3月29日,行人走在美国首都华盛顿的国家广场。(新华社记者刘杰摄)
最新数据显示,纽约州、加利福尼亚州、伊利诺伊州是全美报告猴痘病例数最多的3个州。其中,纽约州的病例数达1228例。
美疾控中心主任萝谢尔·沃伦斯基日前表示,随着检测量增加、各地病例报告系统改进以及病毒持续传播,美国的猴痘病例数还会继续增加。
有美国公共卫生专家指出,由于检测能力不足,美国实际猴痘病例数可能远高于官方统计数据。随着病毒传播加剧,更多人面临的感染风险增加。
美疾控中心22日确认,美国已发现两例儿童感染猴痘病毒病例。目前两名儿童情况良好,正在接受抗病毒药物治疗。
此外,据美国媒体报道,美疾控中心官员23日确认,美国发现首例孕妇感染猴痘病例。这名孕妇已成功分娩,她和新生儿情况良好,孩子并未感染猴痘病毒。
美国国家过敏症和传染病研究所所长福奇26日表示,猴痘对包括孕妇和儿童在内的群体构成“严重风险”。
世界卫生组织总干事谭德塞23日宣布,在数十个国家和地区传播的猴痘疫情已构成“国际关注的突发公共卫生事件”。