Connect with us

International Organizations

ဒေသတွင်း အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုနှင့် ဦးဆောင်မှုကို လေးစားရန် တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုကို တက်ကြွစွာ ထောက်ခံပေးသင့်ကြောင်းနှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုနှင့် ဦးဆောင်မှုကို လေးစားသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စားလှယ် သိုက်ပင်းက ဇူလိုင် ၂၇ ရက်တွင်ပြောကြားခဲ့သည်။
သိုက်ပင်းက လုံခြုံရေးကောင်စီ၏ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းလုံခြုံရေးအတွက် ဒေသဆိုင်ရာ စီမံချက်များကို အားဖြည့်ထိန်းသိမ်းခြင်း” အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းသည် ဒေသတွင်း၌ ထူးခြားသော လွှမ်းမိုးမှုရှိကြောင်း၊ ဒေသတွင်း စိန်ခေါ်မှုများ ကိုင်တွယ်ရာတွင် ထူးခြားသော အားသာချက်ရှိကြောင်း ၎င်းကဆိုသည်။ အာဖရိကသမဂ္ဂ၊ အနောက်အာဖရိက နိုင်ငံများ စီးပွားရေး အကျိုးတူအသိုက်အဝန်းစသည့် အာဖရိကဒေသတွင်းနှင့် ဒေသခွဲအဖွဲ့အစည်းများသည် “အာဖရိက သေနတ်သံ ပပျောက်စေခြင်း” အဆိုပြုချက်ကို တွန်းအားပေး အကောင်အထည်ဖော်နေကြောင်း၊ ဥရောပသမဂ္ဂသည် ပါလက်စတိုင်း-အစ္စရေး၊ လစ်ဗျားစသည့် အများအာရုံစိုက်သော အရှေ့အလယ်ပိုင်းအရေးကို ဖြေရှင်းရန် တက်ကြွစွာတွန်းအားပေးလုပ်ဆောင်နေကြောင်း၊ ကာရေဘီယံ အကျိုးတူ အသိုက်အဝန်းကလည်း ဟေတီနိုင်ငံရေးလုပ်ငန်းစဉ်ကို တက်ကြွစွာ တွန်းအားပေးနေကြောင်း ၎င်းကဆိုသည်။
ဒေသတွင်းနိုင်ငံအသီးသီးက ပြောင်းရွှေ့၍မရသော အိမ်နီးချင်းများဖြစ်ပြီး တန်းတူညီမျှသော၊ ခွဲခြား၍မရနိုင်သော၊ အပြန်အလှန် အားကိုးရသော လုံခြုံရေး အကျိုးစီးပွားရှိကြောင်း သိုက်ပင်းကဆိုသည်။ ဒေသတွင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တန်းတူညီတူ အလေးထားခြင်း၊ ဒေသတွင်း နိုင်ငံများအကြား ကွဲလွဲမှု အငြင်းပွားမှုများကိုဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသင့်သည်။ တရုတ်နိုင်ငံက ဒေသတွင်းနိုင်ငံများအကြား ဆက်ဆံမှုနှင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရန် “အာဖရိကဦးချိုနှင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်” ကို အဆိုပြုပြီး ပထမအကြိမ်မြောက် အာဖရိကဦးချို ငြိမ်းချမ်းရေး အစည်းအဝေးကို ကျင်းပခဲ့သည်။
စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ကိုဗစ်ကပ်ရောဂါနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ ပျံ့နှံ့မှုကြောင့် ဒေသတွင်း အဖွဲ့အစည်းအများအပြားက စွမ်းဆောင်နိုင်မှုအင်အား မလုံလောက်ခြင်း၊ အရင်းအမြစ် အကန့်အသတ်ရှိခြင်းနှင့် ရင်ဆိုင်ရကြောင်း သိုက်ပင်းက ဆိုသည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသည် ဥရောပသမဂ္ဂ စသည့် ဒေသတွင်း အဖွဲ့အစည်းများအား ဝန်ထမ်းလေ့ကျင့်ရေး၊ အဖွဲ့အစည်းတည်ဆောက်မှု၊ ထောက်ပံ့ကူညီပေးမှု၊ ငွေအားထောက်ပံ့မှု စသည့်ကဏ္ဍများမှ အကူအညီ ပံ့ပိုးပေးခြင်း၊ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး စသည့် ဘက်စုံစွမ်းရည် မြှင့်တင်ရေးအတွက် အကူအညီပေးခြင်း၊ အထူးသဖြင့် ဥရောပသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ခန့်မှန်းနိုင်သော ရေရှည်ရန်ပုံငွေ ထောက်ပံ့ပေးရမည်ဖြစ်သည်။ လုံခြုံရေးကောင်စီအနေဖြင့် အခြေအနေပြောင်းလဲမှုအရ ဆူဒန်၊ တောင်ဆူဒန်၊ ဗဟိုအာဖရိက၊ ဆိုမာလီယာ၊ ကွန်ဂို (DRC) နှင့် အခြားသော အာဖရိကနိုင်ငံများထံ လက်နက်တင်ပို့ခြင်း ပိတ်ပင်မှုကို ရုပ်သိမ်းကာ ယင်းနိုင်ငံများ လုံခြုံရေးစွမ်းရည် မြှင့်တင်ရေးအတွက် အခြေအနေဖန်တီးပေးရမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မူဘောင်အောက်တွင် ဒေသဆိုင်ရာ ငြိမ်းချမ်းလုံခြုံ‌ရေး စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်ကာ အာဖရိကတိုက်၏ ငြိမ်းချမ်းလုံခြုံရေး ထိန်းသိမ်းနိုင်မှု အင်အားကို မြှင့်တင်ပေးခဲ့ကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိကတိုက် ငြိမ်းချမ်းတည်ငြိမ်ရေး အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
中方呼吁尊重区域组织主导权和领导力
新华社联合国7月27日电(记者王建刚)中国常驻联合国副代表戴兵27日说,联合国和国际社会要积极支持区域组织有关努力,尊重区域组织主导权和领导力。
戴兵在安理会“加强维护国际和平与安全的区域安排”阿里亚模式会议上作上述表示。他说,区域组织在本地区拥有独特影响,在应对地区挑战方面具有独特优势。非盟、西非国家经济共同体等非洲区域、次区域组织推动落实“消弭非洲枪声”倡议,阿盟积极推动解决巴以、利比亚等中东热点问题,加勒比共同体积极推动海地政治进程。
戴兵表示,区域各国是搬不走的邻居,拥有彼此平等、不可分割和相互依赖的安全利益。区域各国的合理安全关切要得到同等重视,区域国家间的分歧争端要坚持通过对话协商解决。中方提出“非洲之角和平发展构想”,举行首届非洲之角和平会议,就是推动区域国家增进对话,共促和平发展。
关于能力建设,戴兵表示,受新冠疫情和地缘冲突外溢影响,不少区域组织面临能力不足、资源有限问题。联合国和国际社会要在人员培训、机构建设、后勤援助、资金保障等方面向非盟等区域组织提供更多支持,帮助他们提升治理、发展、安全等综合能力,尤其要帮助非盟和平行动获得可预测、可持续的资金。安理会要根据形势变化,及时调整解除对苏丹、南苏丹、中非、索马里、刚果(金)等非洲国家的武器禁运措施,为这些国家提升安全能力创造条件。
戴兵说,中方在中非合作论坛框架下积极推进和平安全领域项目,提升非洲维护和平安全的能力。中方愿同各方一道,为实现非洲大陆的和平稳定贡献力量。(完)