Connect with us

North America

ဘိုင်ဒန်က ယူကရိန်းအား ကူညီရန် အမေရိကန်လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေ ဒေါ်လာ ၃၃ ဘီလီယံ တောင်းဆို

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံသို့ ကာကွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဧပြီ၂၈ ရက်တွင် လွှတ်တော်သို့ “၂၀၂၂ ဘဏ္ဍာနှစ် အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ” အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို အတည်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဘိုင်ဒန်က အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားရာတွင် လွှတ်တော်အနေဖြင့် ယင်းရန်ပုံငွေကို အမြန်ဆုံးအတည်ပြုပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဘိုင်ဒန်က ရုရှားအာဏာပိုင်များ၏ ပိုင်ဆိုင်မှု သိမ်းယူနိုင်စွမ်းကို တိုးမြှင့်နိုင်သည့် ဥပဒေတစ်ရပ်သတ်မှတ်ရန် လွှတ်တော်သို့ အဆိုပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းသိမ်းယူရောင်းချရသည့် ရန်ပုံငွေများဖြင့် ယူကရိန်းအားထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ချက်အရ “၂၀၂၂ ဘဏ္ဍာနှစ်အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ”ထဲမှ ဒေါ်လာ ၂၀.၄ ဘီလီယံကို ယူကရိန်းအား စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီပေးပို့ရန်နှင့် ဥရောပတိုက်လုံခြုံရေးအားကောင်းစေရန်အတွက် အမေရိကန်နှင့် နေတိုးမဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့ရန်၊ ထို့ပြင် ယူကရိန်းအစိုးရမှ အကျပ်အတည်းကိုင်တွယ်ရန်နှင့် အခြေခံ ဝန်ဆောင်မှုများအတွက် ဒေါ်လာ ၈.၅ ဘီလီယံ ထောက်ပံ့ရန်နှင့် ဒေါ်လာ ၃ ဘီလီယံကို ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်မှုနှင့် လယ်သမားများ စားသောက်ကုန်စိုက်ပျိုးရာတွင် ဖြစ်ပေါ်လေ့ရှိသော အရှုံးနှင့် စာသုံးသူများ၏ကုန်ကျစရိတ်လျှော့ချရန် ထောက်ပံ့ငွေ ဒေါ်လာသန်း ၅၀၀ နှင့် အခြားရန်ပုံငွေကိုမူ ဘိုင်ဒန်အစိုးရ၏ “ကာကွယ်ရေးထုတ်ကုန်ဥပဒေ”အရ ကာကွယ်ရေးကိရိယာနှင့် မော်တော်ကားများ တိုးချဲ့ထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းများအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(Chinese Version)
拜登要求美国国会批准330亿美元补充资金用于援助乌克兰
新华社华盛顿4月28日电(记者邓仙来)美国总统拜登28日要求国会批准总额为330亿美元的“2022财年紧急补充资金”,用于向乌克兰提供安全、经济和人道援助。
拜登当天在白宫发表讲话,要求国会尽快批准这笔资金。此外,他将向国会提出一项综合立法提案,建议以立法形式增强美国没收俄罗斯寡头资产的执法能力,并用变卖这些资产所得资金支持乌克兰。
根据白宫发布的说明,“2022财年紧急补充资金”中204亿美元用于向乌克兰提供军事和安全援助,并支持美国与北约盟国和伙伴合作加强欧洲安全;85亿美元经济援助用于帮助乌克兰政府应对危机和提供基本服务;30亿美元用于保证全球粮食安全并为乌克兰人提供人道援助;5亿美元用于支持美国国内粮食生产,降低农民种植粮食的风险以及消费者的成本;还有一部分资金用于支持拜登政府动用《国防生产法》扩大生产制造国防设备和汽车等所需的原料。(完)
图说-  4月11日,美国总统拜登(左二)准备在华盛顿白宫发表讲话。新华社记者刘杰摄