Connect with us

International Organizations

ကုလသမဂ္ဂက ဘက်စုံအပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးနေစဉ် အသက်ကယ်ဆယ်ရေးအတွက် လက်တွေ့ကျသော အစီအမံများကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်း ဂူတာရက်စ်ပြော

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၈ ရက်တွင် မြို့တော်ကိဗ်သို့ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၈ ရက်တွင် မြို့တော် ကိဗ်၌ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ပြီး မာရီယူပိုးလ်ရှိ ဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးနေစဉ် အသက်ကယ်ဆယ်ရေးအတွက် လက်တွေ့ကျသော အစီအမံများကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဂူတာရက်စ်အနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခအတွင်း ၎င်း၏ ရပ်တည်ချက်နှင့် အကျပ်အတည်းဖြေလျှော့ရေးအတွက် ညှိနှိုင်းကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ကျင်းပသောပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ မာရီယူပိုးလ်ရှိ Azovstal သံ၊ သံမဏိစက်ရုံသည် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ခံနေရပြီး ယူကရိန်းအနေဖြင့် မာရီယူပိုးလ်ရှိ နေထိုင်သူများ ရွှေ့ပြောင်းရန် ကိစ္စရပ်နှင့်ပတ်သက်၍ ရုရှားနှင့် “အရေးပေါ်ဆွေးနွေးမှု” လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ဂူတာရက်စ်၏ ပါဝင်မှုက ယင်းကိစ္စရပ်များတွင် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေး တွန်းအားပေးလုပ်ဆောင်ရာတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံ၏ ထိရောက်မှုကို ထိန်းသိမ်းရေး၊ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲ‌ရေး၊ အရပ်သားများအား စားဝတ်နေရေးထောက်ပံ့ရန်အတွက် လုံခြုံရေးစင်္ကြံဖွင့်လှစ်ပေးခြင်း အပါအဝင် အသက်ကယ်ဆယ်ရေးနှင့် ဒုက္ခခံရမှု လျှော့ချရေးအတွက် လက်တွေ့ကျသော အစီအမံများကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ရုရှားသို့ သွားရောက်စဉ် ရုရှားသမ္မတ ဗလာတီမာပူတင်က အခြေခံအားဖြင့် ကုလသမဂ္ဂနှင့် ကြက်ခြေနီအနေဖြင့် Azovstal သံ၊ သံမဏိစက်ရုံရှိ အရပ်သားများ ရွှေ့ပြောင်းရန် ကိစ္စရပ်တွင် ပါဝင်ရန် သဘောတူခဲ့ပြီး သက်ဆိုင်ရာအဖွဲ့များက ယင်းအဆိုပြုချက်ကို အကောင်အထည်ဖော်နိုင်ရန် တိုင်ပင်ဆွေးနွေးနေကြကြောင်း ဂူတာရက်စ်က ဆိုသည်။
ထို့ပြင် ကုလသမဂ္ဂအနေဖြင့် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးရေး၊ ယူကရိန်းတွင် စစ်ပွဲပြီးကာလ ပြန်လည်ထူထောင်ရေးနှင့် ယူကရိန်းဆိပ်ကမ်းများအပေါ် ရုရှားပိတ်ဆို့မှု ဖြေလျှော့ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂသည် ယူကရိန်းနိုင်ငံအတွင်းရှိ ပြည်သူ ၃.၄ သန်းကို လူသားချင်းစာနာ‌ထောက်မှုဆိုင်ရာ အကူအညီပေးအပ်ခဲ့ပြီး သြဂုတ်လတွင် ၈.၇ သန်းအထိ ကူညီပေးနိုင်ရန် စီစဉ်ထားကြောင်း ဂူတာရက်စ်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရုရှား-ယူကရိန်း အကျပ်အတည်း တာဆီးရန်နှင့် ချုပ်ငြိမ်းရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ပဋိပက္ခသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နိုင်ငံတကာဥပဒေအရ ငြိမ်းချမ်းရေး ရယူရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဂူတာရက်စ်က ဧပြီ ၂၇ ရက်တွင် ရုရှားခရီးစဉ်ပြီးဆုံးခဲ့ပြီး ယူကရိန်းသို့ ရောက်ရှိခဲ့သည်။ ပူတင်က ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံမြို့တော် မော်စကို၌ ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ရုရှားအနေဖြင့် ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းရန်၊ သံတမန်လမ်းကြောင်းမှတဆင့် သဘောတူညီချက်ရရှိရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

………………………
(Chinese Version)
古特雷斯:联合国推动全面停火的同时将力求采取措施挽救生命
新华社基辅4月28日电乌克兰总统泽连斯基28日在乌首都基辅与到访的联合国秘书长古特雷斯举行会晤,双方讨论了马里乌波尔人员撤离等问题。古特雷斯说,联合国在推动全面停火的同时将继续力求采取现实措施挽救生命。
据乌克兰总统网站当天发布的消息,泽连斯基在会晤后举行的联合记者会上感谢古特雷斯对乌俄冲突的立场以及为缓和局势进行的斡旋努力。他说,马里乌波尔亚速钢铁厂仍在遭受轰炸,乌方愿意就马里乌波尔人员撤离问题与俄方进行“紧急会谈”,希望古特雷斯的参与对人员撤离问题发挥有效作用。
古特雷斯表示,联合国在推动全面停火的同时将继续力求采取现实措施挽救生命、减少痛苦,包括维持有效的人道主义走廊、实现局部停火、为平民和物资补给提供安全通道。古特雷斯说,他访问俄罗斯期间,俄总统普京原则同意联合国和红十字国际委员会参与亚速钢铁厂平民撤离,相关方正在就落实这一提议进行密集磋商。
此外,双方还讨论了联合国增加对乌人道主义援助、联合国参与乌战后重建和解除俄罗斯对乌港口封锁等问题。
另据联合国网站消息,古特雷斯在联合记者会上还表示,联合国已向乌境内340万人提供人道主义援助,计划到8月底将这一数字提高到870万。他说,联合国安理会未能竭力防止和结束俄乌冲突,这场冲突必须结束并按照联合国宪章和国际法原则实现和平。
古特雷斯是27日结束对俄罗斯的访问后抵达乌克兰的。普京26日在俄首都莫斯科与古特雷斯举行会谈时表示,俄方不会拒绝与乌克兰进行谈判,并希望通过外交途径达成协议。(参与记者:李东旭、李铭、尚绪谦)(完)
图说- 4月28日,乌克兰总统泽连斯基(右)在乌首都基辅与到访的联合国秘书长古特雷斯举行会晤。新华社发(乌克兰总统办公室供图)