Connect with us

Asia

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)၏ ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်း ဘက်စုံစီးပွားဖြစ် စတင်လည်ပတ်

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ရှိသော ကာရော့ရေအားလျှပ်စစ် စက်ရုံအား ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

China Three Gorges Corporation (CTG) က အဓိကရင်းနှီးမြှုပ်နှံဖော်ဆောင်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ပါကစ္စတန် ကာရော့ ရေအားလျှပ်စစ်စက်ရုံ သည် ဇွန် ၂၉ ရက်က စတင်၍ ဘက်စုံစီးပွားဖြစ်လည်ပတ်ပြီဖြစ်ကြောင်း သိရသည်။ရေအားလျှပ်စစ်စက်ရုံ ဘက်စုံစီးပွားဖြစ် စတင်လည်ပတ်သည့်အထိမ်းအမှတ်အခမ်းအနားတွင် ပါကစ္စတန် ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကော်မရှင် ဦးဆောင်ညွှန်ကြားရေးမှူး Munawar Iqbal က ကိုဗစ်ကပ်ရောဂါ၏သက်ရောက်မှုများကို China Three Gorges Corporation (CTG) ကျော်လွှားပြီး ကာရော့ ရေအားလျှပ်စစ်စက်ရုံဘက်စုံ လည်ပတ်နိုင်သည့် ရည်မှန်းချက်ကို အဆင်ပြေချောမွေ့စွာရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ပါကစ္စတန်အတွက် အရေးပေါ်လိုအပ်နေသော သန့်စင်စွမ်းအင်ကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ China Three Gorges Corporation(CTG)အနေဖြင့် ကုမ္ပဏီလုပ်ငန်း၏ လူမှုတာဝန်များကို တက်တက်ကြွကြွထမ်းဆောင်ခဲ့သလို ယင်းဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အကူအညီများပေးခဲ့ရာ ၎င်းအနေဖြင့် ပါကစ္စတန်အစိုးရကိုယ်စား China Three Gorges Corporation (CTG) ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ရှိသော ကာရော့ရေအားလျှပ်စစ်စက်ရုံအား ဇွန် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်အစိုးရအနေဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အတူပူးပေါင်းတည်ဆောက်ရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း Munawar Iqbal က ပြောကြားခဲ့သည်။

အခမ်းအနားတွင် China Three Gorges Corporation(CTG) နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကုမ္ပဏီ ဥက္ကဋ္ဌ ဝူစိန့်လျန့်က ကာရော့ ရေအားလျှပ်စစ်စက်ရုံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဦးစားပေး ဖော်ဆောင်သော စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းနှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ၏ အဓိက စီမံကိန်းတစ်ခု ဖြစ်ရာ တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ၏ အမာခံချစ်ကြည်ရေး၏အမှတ်သညာဖြစ်ကြောင်း ၊ စက်ရုံ ဘက်စုံလည်ပတ်ကာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ခြင်းက CPEC စွမ်းအင်တည်ဆောက်မှု၏ အသီးအပွင့်တစ်ခုထပ်တိုးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာရော့ ရေအားလျှပ်စစ်စက်ရုံသည် ပါကစ္စတန်နိုင်ငံကို နှစ်စဉ် ဈေးနှုန်းချိုသာသော လျှပ်စစ်များ ၃.၂ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်ပေးမည်ဖြစ်ရာ ယင်းဒေသရှိ လူပေါင်း ၅ သန်း၏ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းမှာ ပါကစ္စတန်၏လျှပ်စစ်ဓါတ်အားလိုအပ်ခြင်း၊ စွမ်းအင်ဖွဲ့စည်းမှုကောင်းမွန်အောင် ပြုပြင်ခြင်း၊ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဝူစိန့်လျန့်က ပြောကြားခဲ့သည်။

ကာရော့ ရေအားလျှပ်စစ်စက်ရုံသည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ကာရော့ဒေသတွင် တည်ရှိရာ Jhelum မြစ်ကြောင်းလှေကားထစ် ရေအားလျှပ်စစ်စီမံကိန်း၏ စတုတ္ထအဆင့် ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဧပြီတွင် စီမံကိန်းကို စတင်ခဲ့ရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁.၇၄ ဘီလီယံခန့်ရှိပြီး စက်တပ်ဆင်ပြီးစွမ်းအင်ပမာဏ စုစုပေါင်း ကီလိုဝပ် ၇၂၀,၀၀၀ ရှိလာပြီဖြစ်သည်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီးနောက် နှစ်စဉ်ကျောက်မီးသွေးအသုံးပြုမှု တန်ချိန် ၁.၄ သန်း ချွေတာနိုင်မည်ဟု ခန့်မှန်းထားရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၃.၅ သန်း လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————–
(Chinese Version)
中巴经济走廊首个水电投资项目全面投入商业运营
2022-06-30 10:59:27
新华社伊斯兰堡6月30日电(记者姜江)由中国三峡集团为主投资开发的中巴经济走廊首个水电投资项目——巴基斯坦卡洛特水电站6月29日全面投入商业运营。
在水电站全面投入商业运营宣布仪式上,巴基斯坦私营电力和基础设施委员会常务董事穆纳瓦尔·伊克巴尔表示,三峡集团克服新冠疫情影响等困难,顺利达成卡洛特水电站全面投产运营的目标,为巴基斯坦带来急需的清洁能源。三峡集团还积极践行企业社会责任,为当地社区可持续发展提供帮助。他代表巴政府向三峡集团表示感谢。
伊克巴尔说,巴基斯坦政府将继续落实中巴经济走廊能源合作目标,推进共建“一带一路”合作。
三峡国际能源投资集团有限公司董事长吴胜亮在致辞时表示,卡洛特水电站是中巴经济走廊优先实施能源合作项目和“一带一路”重点项目,象征着中巴两国的铁杆友谊,其全面投产是中巴经济走廊能源建设的又一丰硕成果。
吴胜亮说,卡洛特水电站每年将向巴基斯坦提供32亿度廉价清洁电能,满足当地500万人用电需求,对缓解巴基斯坦电力短缺、改善能源结构、促进经济可持续发展起到重要作用。
卡洛特水电站位于巴基斯坦旁遮普省卡洛特地区,是杰赫勒姆河梯级水电规划的第四级。项目于2015年4月破土动工,总投资约17.4亿美元,总装机72万千瓦,投产后预计每年可节约标准煤约140万吨,减少二氧化碳排放350万吨。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.