Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အာဆီယံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အာဆီယံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း၊ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့များမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရကမြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အာဆီယံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းအား ဇွန် ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရကမြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အာဆီယံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong အား ဇွန် ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာ ချန်းဟိုင် (ယာ) က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆော့ခွန်း (လယ်) နှင့် အာဆီယံ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong ထံသို့ လှူဒါန်းပေးအပ်မှုသက်သေခံလက်မှတ် လွှဲပြောင်းပေးအပ်နေသည်ကို ဇွန် ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့က အပြန်အလှန် ဖေးမကူညီကာ အခက်အခဲကို အတူကျော်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယခုအချိန်ထိ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၅၁ သန်း ပံ့ပိုးပေးခဲ့ပြီး ပြည်တွင်း ကာကွယ်ဆေး ပုလင်းသွင်းထုတ်လုပ်ရေးအတွက် ကူညီခဲ့သလို ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ ပံ့ပိုးရေးအတွက် အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရိက အာဆီယံ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး ကတိကဝတ်ညီလာခံတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား အာဆီယံမှတစ်ဆင့် ကာကွယ်ဆေးနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးဝါးအလုံးရေ ၁ သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုအကြိမ် တရုတ်နိုင်ငံသည် အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၂ သန်း ထပ်မံ ပေးအပ်ခဲ့သဖြင့် အာဆီယံ၏ အခန်းကဏ္ဍအတွက် တရုတ်နိုင်ငံ၏ မြင့်မားသော အရေးပါမှုနှင့် မြန်မာနိုင်ငံအတွက် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးရာတွင် တရုတ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်ကို အပြည့်အဝ ရောင်ပြန်ဟပ်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော ဦးတည်ချက်ဖြစ်ရာ ယခုအချိန်ထိ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံသို့ ကာကွယ်ဆေး သန်း ၆၀၀ ကျော် ပံ့ပိုးပေးထားကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းရန်၊ “တရုတ်-အာဆီယံ ကျန်းမာရေးအကာအကွယ်” ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို အကောင်အထည်ဖော်ရန်၊ အာဆီယံနှင့် ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ ကပ်ရောဂါအလွန် ပြန်လည်နာလန်ထူရေးကို တွန်းအားပေးရန်၊ “မိသားစု ဥယျဉ်ကြီး ၅ ခု” အတူတည်ဆောက်ရန် အတွက် အာဆီယံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြန်လည် ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် အာဆီယံ၏ သဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကို ထောက်ခံကြောင်း၊ အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားအနေဖြင့်လည်း အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးမှုကို တရုတ်နိုင်ငံမှ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်နေသော အကူအညီများကို လမ်းကြောင်းအမျိုးမျိုးမှ တစ်ဆင့် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည် စတင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အာဆီယံနှင့် အခြားသော မိတ်ဆွေအစုအဖွဲ့များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရက်ဆော့ခွန်းက ၎င်းသည် ပြီးခဲ့သည့်လတွင် အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆွေးနွေးပွဲကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အကူအညီပေးရေး မူဘောင်နှင့် ပတ်သက်၍ သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ဆေး ခွဲဝေရေး လုပ်ငန်းအဖွဲ့က ယခုအကြိမ် တရုတ်နိုင်ငံသည် အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပေးပို့သည့် ကာကွယ်ဆေး အလုံးရေ ၂ သန်းကို မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ထိရောက်ပြီး တရားမျှတသော နည်းလမ်းဖြင့် ပေးပို့ရန် ခက်ခဲသည့် နေရာများသို့ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ယခုအကြိမ် အာဆီယံဗဟိုပြုလုပ်ဆောင်မှုသည် ၎င်း၏ ကတိကဝတ် ကျေပွန်ခဲ့ကြောင်းနှင့် အာဆီယံအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်သော” နည်းလမ်းဖြင့် မြန်မာနိုင်ငံကို ပုံမှန်အနေအထားပြန်ဖြစ်အောင် ကူညီပေးရန် အာဆီယံက မျှော်လင့်ထားပြီး အာဆီယံ၏ သဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကို တွန်းအားပေးပြီး မြန်မာနိုင်ငံ လက်ရှိအခြေအနေကို ကောင်းမွန်စေရန်၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးအတွက် အပြန်အလှန် ယုံကြည်မှု ထူထောင်‌ရေး အခွင့်အလမ်း ဖန်တီးပေးရန်၊ မြန်မာပြည်သူများ၏ ချမ်းမြေ့ပျော်ရွှင်ခြင်းကို တိုးမြှင့်ပေးရန် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် တွန်းအားပေးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mr. Ekkaphab Phanthavong က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီ အများဆုံးပေးအပ်နေသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား အာဆီယံမှတစ်ဆင့် ကာကွယ်ဆေးနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပစ္စည်းများ ဆေးဝါးအလုံးရေ ၁ သန်း ပံ့ပိုးပေးပြီးနောက် ယခုအကြိမ် တရုတ်နိုင်ငံသည် အာဆီယံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၂ သန်း ထပ်မံ ပေးအပ်ခဲ့ခြင်းဖြစ်
သည်။ အာဆီယံအပေါ် ပံ့ပိုးကူညီမှုနှင့် ယုံကြည်မှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ ၎င်းမှာ အာဆီယံအနေဖြင့် ဒေသတွင်း အထူးသဖြင့် မြန်မာနိုင်ငံပြည်သူများ၏လိုအပ်ချက်ကို ဆက်လက်အာမခံ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အာဆီယံ၏ ဆွေးနွေးမှုမိတ်ဖက်များကလည်း တရုတ်နိုင်ငံကဲ့သို့ အာဆီယံသို့ အကူအညီများ ပိုမိုပေးအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်၍ အာဆီယံမှ မြန်မာနိုင်ငံအား ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီက “တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရ”သော ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာမှု၊ ကြားနေမှု၊ တရားမျှမှုနှင့် လွတ်လပ်မှု အခြေခံမူကို လက်ကိုင်ပြီး အကူအညီပေးရေးပစ္စည်းများကို မြန်မာနိုင်ငံ နေရာအသီးသီးရှိ လိုအပ်သော ပြည်သူများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆော့ခွန်း နှင့် အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong ထံသို့ လှူဒါန်းပေးအပ်မှုသက်သေခံလက်မှတ် လွှဲပြောင်းပေးအပ်သည်။ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကာကွယ်ဆေးများ မကြာမီကာလအတွင်း ပို့ဆောင်ရောက်ရှိမည် ဖြစ်သည်။ (Xinhua)

………………………….
(Chinese Version)

中国政府向东盟提供援缅新冠肺炎疫苗交接仪式举行
中国驻缅甸大使馆
6月30日,中国政府向东盟提供援缅新冠肺炎疫苗交接仪式在中国驻缅甸大使馆举行,中国驻缅甸大使陈海、东盟缅甸问题特使、柬埔寨副首相兼外交大臣布拉索昆、东盟副秘书长艾格帕出席并致辞,缅甸卫生部副部长兼东盟对缅人道主义援助缅方工作组副主席埃吞、东盟等国家驻缅使馆及联合国驻缅机构代表出席。
陈海在致辞中表示,疫情暴发以来,中国和缅甸一直守望相助、共克时艰。中方迄已向缅甸提供5100万剂疫苗,协助缅方实现疫苗本土灌装生产,开辟防疫物资输缅绿色通道。去年8月,王毅国务委员兼外长在“支持东盟对缅甸开展人道主义援助认捐大会”上宣布通过东盟向缅提供100万剂疫苗等援助。此次中方通过东盟再次向缅提供200万剂疫苗援助,充分体现了中方对东盟的重视,以及对缅人道主义援助工作的支持。
东盟是中国开展抗疫合作的重点方向,中方迄已向东盟国家提供超过6亿剂疫苗。中方将同东盟继续深化中国—东盟全面战略伙伴关系,落实“中国东盟健康之盾”合作倡议,同东盟开展抗疫合作,促进疫后复苏,共同构建“五大家园”。中方支持东盟落实“五点共识”,推进缅和解进程,支持柬埔寨发挥好东盟轮值主席国作用,开展对缅人道主义援助工作。中国对缅友好政策始终面向缅全体人民,中国将继续通过多种渠道向缅提供急需帮助,并同东盟等友好各方一道,为缅甸国家转型进程发挥建设性作用。
布拉索昆表示,我同东盟秘书长林玉辉上月共同主持东盟对缅人道主义援助磋商会,就援助框架达成共识。此次中方通过东盟援缅的200万剂疫苗,将由疫苗分发工作组同缅甸卫生部合作,以高效、公正方式向缅难以到达的地区分发。中方此次援助践行了对东盟中心地位的承诺,衷心感谢中方对东盟的支持。东盟希望帮助缅甸以“缅甸所有、缅甸主导”方式回归常态,推进落实东盟“五点共识”,推动对缅人道主义援助,帮助改善缅甸现状,为各方建立互信创造条件,改善缅甸人民福祉。
艾格帕表示,中国是向缅甸和东盟提供抗疫援助最多的伙伴。继去年中方通过东盟向缅提供100万剂疫苗和防疫物资等援助后,中方此次再次经东盟援缅200万剂疫苗。感谢中方对东盟的支持和信任,这让东盟有能力持续保障域内特别是缅民众需求。希望更多东盟对话伙伴像中国一样向东盟伸出援手,支持东盟灾害管理人道主义援助协调中心工作。东盟对缅人道主义援助将以广泛包容、“一个也不落下”为宗旨,秉持人道、中立、公正和独立原则,把援助物资送至缅甸各地有需要民众。