Connect with us

International Organizations

ရုရှား-ယူကရိန်း ပဋိပက္ခ ချုပ်ငြိမ်းရေး အလားအလာ မှေးမှိန်နေကြောင်း ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးထိန်းသိမ်းမှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary DiCarlo က ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ဆက်စပ်အကြောင်းအရာများ ပြောကြားနေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (Loey Felipe/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အားတက်စရာဖြစ်သည့် စားနပ်ရိက္ခာဆိုင်ရာ သဘောတူညီချက် ရရှိသွားပြီဖြစ်သော်လည်း ရုရှားနှင့်ယူကရိန်း၏ ပဋိပက္ခမှာ ချုပ်ငြိမ်းရန် အရိပ်အယောင် မရှိသေးကြောင်း ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Rosemary DiCarlo က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကျင်းပနေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Loey Felipe/UN Photo/Handout via Xinhua)

DiCarlo သည် ယင်းနေ့တွင် ကျင်းပသော ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲတွင် အစည်းအဝေးတက်ရောက်သူများအား ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ဆုံးအခြေအနေများကို ပြောကြားခဲ့သည်။
ယခုကာလများတွင် ပင်လယ်နက် စားနပ်ရိက္ခာတင်ပို့ရေးသဘောတူညီချက်ကို ပြန်လည်ဖော်ဆောင်ခြင်းသည် ပဋိပက္ခကြားမှ “အလင်းရောင်ခြည်တစ်စင်း” ဖြစ်ရာ ၎င်းမှာ “ဘက်ပေါင်းစုံက လူသားမျိုးနွယ်တို့ ဆင်းရဲဒုက္ခ အကျပ်အတည်းများကို ဖြေလျှော့ရန် ကြိုးပမ်းရာတွင် ဆွေးနွေးညှိနှိုင်းမှု၏ ဖြစ်နိုင်ခြေ”ကို ဖော်ပြခြင်း ဖြစ်ကြောင်း ၊ ကုလသမဂ္ဂအနေဖြင့် ယင်းသဘောတူညီချက်အကောင်အထည်ဖော်ဆောင်ရေးကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် DiCarlo က ဤပဋိပက္ခသည် ကမ္ဘာတစ်ဝန်းလုံးအပေါ် သက်ရောက်မှု “အထူးသိသာထင်ရှား” ကြောင်း ၊ ပဋိပက္ခအချိန်ကြာမြင့်လေ ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများက အထူးသဖြင့် ဆောင်းရာသီကျရောက်ခါနီးအချိန်တွင် ပို၍ သိသာကြောင်း ပြောကြားခဲ့သည်။

“စားနပ်ရိက္ခာနှင့်ဓါတုဓါတ်မြေဩဇာကဏ္ဍမှာ အားတက်ဖွယ်ရာ တိုးတက်မှုတွေ ရရှိခဲ့သော်လည်း အဓိပ္ပါယ်ရှိတဲ့ သံတမန်ရေးကြိုးပမ်းမှုဖြင့် စစ်ပွဲချုပ်ငြိမ်းရန် ပြန်လည်ကြိုးပမ်းတဲ့ အလားအလာက မှေးမှိန်နေတယ်။ အဲဒီအပေါ် ကျွန်မတို့ အထူးဂရုပြုမိနေဆဲဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပင်လယ်နက်ဆိပ်ကမ်း လယ်ယာထွက်ကုန် ပြည်ပတင်ပို့ရေးကိစ္စနှင့်စပ်လျဉ်း၍ ဇူလိုင် ၂၂ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှားနှင့် ယူကရိန်းတို့က တူရကီနှင့် ကုလသမဂ္ဂတို့နှင့်အတူ သက်ဆိုင်သောသဘောတူညီချက်များ အသီးသီးကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ သဘောတူညီချက်အကြောင်းအရာများတွင် အစ္စတန်ဘူလ်၌ ကုလသမဂ္ဂညှိနှိုင်းရေးစင်တာနှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရန် လုံခြုံမှုအာမခံရေး တည်ဆောက်ခြင်းတို့ ပါဝင်ရာ ရုရှား-ယူကရိန်း နှစ်ဘက်စလုံးက မည်သည့်ဘက်ကမဆို လယ်ယာထွက်ကုန်သယ်ယူပို့ဆောင်မည့်သင်္ဘောရေယာဉ်များကို မတိုက်ခိုက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
(乌克兰局势)联合国副秘书长:结束俄乌冲突前景黯淡
2022-07-30 07:27:55 分类: 其他
新华社联合国7月29日电(记者王建刚)联合国负责政治和维和事务的副秘书长迪卡洛29日表示,尽管达成了“令人鼓舞的”粮食协议,俄罗斯与乌克兰的冲突仍然没有结束的迹象。
迪卡洛在当天举行的安理会乌克兰问题公开会上向与会者通报了俄乌冲突最新进展。她说,最近关于恢复黑海粮食出口的协议是冲突中的“一道亮光”,这表明“各方在寻求减轻人类苦难方面进行对话是可能的”,联合国正在尽一切努力支持该协议的实施。
迪卡洛同时表示,这场冲突对全球的影响“非常明显”。冲突持续的时间越长,其后果就越明显,尤其是在冬季来临之际。“尽管在粮食和化肥方面取得了令人鼓舞的进展,但恢复有意义的外交努力以结束战争的前景黯淡,我们仍对此深切关注。”
俄罗斯、乌克兰22日就黑海港口农产品外运问题在土耳其伊斯坦布尔分别与土耳其和联合国签署相关协议。协议内容包括在伊斯坦布尔建立联合协调中心并确保粮食运输安全,俄乌双方同意任何一方都不攻击运送农产品的船只等。(完)
1. 7月29日,在位于纽约的联合国总部,联合国负责政治和维和事务的副秘书长迪卡洛在安理会乌克兰问题公开会上发表讲话。 新华社发(联合国供图/洛伊斯·费利普)
2. 这是7月29日在位于纽约的联合国总部拍摄的安理会乌克兰问题公开会现场。新华社发(联合国供图/洛伊斯·费利普)