Connect with us

ASEAN

မြန်မာနိုင်ငံအရေး ဖြေရှင်းမှုအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် ၃ ရပ်အား ဝမ်ရိက ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် နှင့် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း တွေ့ဆုံစဉ်(ဆင်ဟွာ)

ပုဂံ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနှင့် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ တွေ့ဆုံကာ မြန်မာအရေးနှင့် ပတ်သက်၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ပရက်ဆော့ခွန်းက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ် အခြေအနေများကို မိတ်ဆက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကြားဝင်ဖြန်ဖြေပေးမှုများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြောင်း ဝမ်ရိက ချီးကျူးပြောဆိုခဲ့ပြီး ယင်းကိစ္စရပ်အပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် ၃ ရပ်ကို အလေးထားပြောကြားခဲ့သည်။

ပထမအချက်မှာ မြန်မာနိုင်ငံကို အခြေခံဥပဒေနှင့်ဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးသင့်မြတ်မှု စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့်အာဆီယံပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံသက်ဆိုင်ရာဘက်ပေါင်းစုံက နိုင်ငံအခင်းအကျင်းနှင့်ပြည်သူ့အကျိုးစီးပွားကို အလေးထားကာ သင့်လျော်ပြီး လက်တွေ့ကျသော ၊ အပြန်အလှန်အလျှော့ပေးနားလည်မှုရှိသောအနေအထားနှင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားမှုဖြင့် တည်ငြိမ်အေးချမ်းရေးကို စောလျဉ်းစွာ ဖော်ဆောင်ရန် အားပေးကြောင်း ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူထံ ပြန်အပ်ရေးမျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံတို့မှ ပူးတွဲတွန်းအားပေးလုပ်ဆောင်ကာ မြန်မာနိုင်ငံအခြေအနေနှင့်လျော်ညီသော၊ မြန်မာ့သွင်ပြင်လက္ခဏာရှိသော ဖွံ့ဖြိုးရေး လမ်းစဉ်ကို ရှာဖွေနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တတိယအချက်မှာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး၏ အခြေခံမူနှင့် ဓလေ့ထုံးတမ်းများဖြစ်သည့် “အာဆီယံနည်းလမ်း”ကို ခိုင်မာစွာ လက်ကိုင်ကာ တည်ငြိမ်ပြီး နှောက်ယှက်မှုဖယ်ရှားကာ စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ “သဘောတူညီချက် ၅ ချက်” ကို အပြုသဘောဆောင် အကောင်အထည်ဖော်ပြီး အာဆီယံ၏ ပြည့်စုံသော စည်းလုံးညီညွှတ်မှုနှင့် အဓိက ဦးဆောင်အနေအထားကို ထိန်းသိမ်းရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

#China, #Myanmar, #WangYi, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #မြန်မာ, #ဝမ်ရိ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(Chinese Version)
王毅谈中方对解决缅甸问题的三个期待
新华社缅甸蒲甘7月3日电(记者张东强)当地时间2022年7月3日,国务委员兼外长王毅在缅甸蒲甘同柬埔寨副首相兼外交大臣布拉索昆就缅甸局势交换意见。
布拉索昆介绍了作为东盟缅甸问题特使访缅情况。王毅赞赏柬埔寨接任东盟轮值主席国以来积极斡旋缅甸问题,重点阐述了中方在此问题上的三个期待。
一是期待中国东盟共同推动缅甸在宪法和法律框架下持续推进政治和解,鼓励缅各党派以国家大局和人民利益为重,理性务实、互让互谅,兼顾各方合理诉求,早日恢复稳定、实现和平。
二是期待中国东盟共同推动缅甸重启民主转型进程,实现还政于民愿景,探索符合缅甸国情、具有缅甸特色的政治发展道路。
三是期待东盟秉持“东盟方式”,坚持不干涉内政、协调一致的基本原则和传统,保持定力,排除干扰,耐心协调,建设性落实东盟“五点共识”,维护东盟整体团结和主导地位。(完)
7月3日,中国国务委员兼外长王毅(左)在缅甸蒲甘出席澜湄合作第七次外长会期间同缅甸外长温纳貌伦举行双边会谈。新华社记者 张东强 摄