Connect with us

International Organizations

ယူကရိန်း အကျဉ်း‌ထောင်တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရှိ ယူကရိန်းစစ်သုံ့ပန်းများထိန်းချုပ်ထားသည့် အကျဉ်းထောင် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအချက်အလက်ရှာဖွေစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရန်ဆုံးဖြတ်လိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ဒွန်းနက်စ်ဒေသ Olenivka ရှိ ယူကရိန်းစစ်သုံ့ပန်းများထိန်းချုပ်ရာ အကျဉ်းထောင်တစ်ခုသည် ဇူလိုင် ၂၉ ရက်တွင် တိုက်ခိုက်ခံရပြီး ယူကရိန်းစစ်သုံ့ပန်း ၅၀ နီးပါးသေဆုံးခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။ ရုရှားနှင့် ယူကရိန်းတို့ကမူ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြန်အလှန် စွပ်စွဲထားကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)
联合国将就乌克兰被俘人员拘留所遭袭事件成立事实调查组
联合国秘书长古特雷斯3日说,他决定就乌克兰顿涅茨克地区一个关押乌克兰被俘人员的拘留所遭袭事件成立联合国事实调查组。 据报道,顿涅茨克地区奥列尼夫卡一个关押乌克兰被俘人员的拘留所7月29日遭到袭击,造成至少50名乌方人员死亡。俄罗斯和乌克兰互相指责对方发动了此次袭击。
图说 – 新华社照片,联合国,2022年8月4日 8月3日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者招待会时回答媒体提问。 新华社记者 谢锷 摄