Connect with us

Europe

ရုရှားက ယူကရိန်းအား မေ ၉ ရက်တွင် စစ်ကြေညာမည်မဟုတ်ဟု ငြင်းဆို၊ ရုရှား-ယူကရိန်းပဋိပက္ခသည် အချိန်တိုအတွင်း ပြီးဆုံးမည်မဟုတ်ဟု ယူကရိန်း ပြော

ရုရှားနိုင်ငံ မြို့တော်မော်စကို၌ စစ်ရေးပြလေ့ကျင့်မှုတွင် ပါဝင်သည့်စစ်ဘက်သုံးယာဉ်များအား မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)

ရုရှားက မေ ၉ ရက် မဟာမျိုးချစ်စစ်အောင်ပွဲနေ့တွင် တစ်မျိုးသားလုံးစစ်ရေးလှုပ်ရှားမှု ကြေညာမည်ဟူသော သတင်းမှာ “မယုံနိုင်စရာ” အခြေအမြစ်မရှိသည့် စကားသက်သက်သာဖြစ်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက မေ ၄ ရက်တွင် ဖော်ပြခဲ့သည်။ ရုရှားက မေ ၉ ရက်တွင် ယူကရိန်းအားစစ်ကြေညာမည်မှာ ဖြစ်နိုင်ပါသလားဟု သတင်းထောက်တစ်ဦးကမေးမြန်းရာတွင် Peskov က “ဖြစ်နိုင်ခြေလုံးဝမရှိပါ” ဟု ထပ်မံအလေးထားပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခသည် အချိန်တိုအတွင်း အဆုံးသတ်နိုင်မည်မဟုတ်ဘဲ ၄င်းမှာအချက်များစွာပေါ် မူတည်နေကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကော်စီ အတွင်းရေးမှူး Oleksiy Danilov ၏ပြောကြားချက်ကို ကိုးကား၍ Ukrinform သတင်းဌာန က ဖော်ပြထားသည်။

——အမေရိကန်နှင့် နေတိုးတို့က လက်နက်ပေးပို့ခြင်းဖြင့် ယူကရိန်းကို အားပေးနေကြောင်းနှင့် ယူကရိန်သို့ ထောက်ပံ့သည့် လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် နေတိုးအဖွဲ့၏ သယ်ယူပို့ဆောင်ရေးယာဉ်များ သည် ယူကရိန်းနယ်မြေအတွင်း တွေ့ရှိပါက ရုရှားအနေဖြင့် တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောကြားခဲ့သည်။ယူကရိန်းအရှေ့တောင်ပိုင်းမြို့ မာရီယူပိုးလ်သည် ရုရှား၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး မာရီယူပိုးလ်မြို့၏ Azovstal စက်ရုံအတွင်းရှိ ယူကရိန်းစစ်သားများကို ပိတ်ဆို့ထားနိုင်ကြောင်း Shoigu က ပြောကြားခဲ့သည်။

—— ယူကရိန်းတွင် လက်နက်ကြီးနှင့် သံချပ်ကာယာဉ်များ အလုံအလောက်မရှိသောကြောင့် လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုဖြင့် မာရီယူပိုးလ်၏ ပိတ်ဆို့မှုကို မဖြေရှင်းနိုင်ကြောင်း Danilov က ပြောကြားခဲ့သည်ဟု Ukrinform သတင်းဌာနက မေ ၄ ရက်တွင် ကိုးကားဖော်ပြထားသည်။

—— မေ ၃ ရက်တွင် လူပေါင်း ၁၅၆ ဦးသည် Azovstal စက်ရုံမှ ထွက်ခွာခဲ့ကြောင်းနှင့် လက်ရှိတွင် အရပ်သားရာချီသည် Azovstal စက်ရုံအတွင်းကျန်ရစ်နေဆဲဖြစ်ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Irina Vereshchuk ၏ပြောကြားချက်ကို ကိုးကား၍ Ukrinform သတင်းဌာနက မေ ၄ ရက်တွင် ဖော်ပြထားသည်။

——ရုရှားသည် တိကျမှုမြင့်မားသော ဝေဟင်နှင့်ရေပြင်ပစ်ဒုံးကျည်များဖြင့် ယူကရိန်းနိုင်ငံတွင်းရှိ ရထားဘူတာ၏ လျှပ်စစ်ဆွဲအားပံ့ပိုးမှုစနစ် ၆ ခုကို ဖျက်ဆီးခဲ့သည်။ ဒွန်းဘတ်စ်ဒေသရှိ ယူကရိန်းစစ်တပ်သည် ယင်းဘူတာရုံများမှတစ်ဆင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သည့် လက်နက်များ ရရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၆ စီး၊ ရဟတ်ယာဉ် ၁၁၂ စင်း၊ မောင်းသူမဲ့လေယာဉ် ၇၀၆ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၈၇ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၈၀၇ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၃၂၁ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၂၇၉ လက်၊ စစ်ဘက်သုံးအထူးယာဥ် ၂,၆၀၉ စီး ရှိပြီဖြစ်ကြောင်း သိရသည်။

——ယူကရိန်းအစိုးရ၏ မိမိကိုယ်ကိုကွဲလွဲမှုများ ဖြစ်ပေါ်နေသည့် ရပ်တည်ချက်က စေ့စပ်ညှိနှိုင်းမှုအတွင်း အပြုသဘောဆောင်သော တိုးတက်မှုရရှိနိုင်ရေးမှာ မယုံနိုင်ဖွယ်ဖြစ်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက မေ ၄ ရက်တွင် ဖော်ပြခဲ့သည်။ အနောက်တိုင်းပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ပြောကြားရာတွင် အမေရိကန်၊ ဥရောပနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုသည် နှစ်ဖက်စလုံးပေါ် သက်ရောက်မှုရှိနိုင်သည်ဟု အလေးထားပြောကြားခဲ့သည်။ ယင်းပိတ်ဆို့အရေးယူမှုများက ရုရှားအပေါ် ထိခိုက်မှုဖြစ်ပေါ်စေခဲ့သော်လည်း တစ်ချိန်တည်းတွင် ပိတ်ဆို့အရေးယူမှုလုပ်ဆောင်သည့် တစ်ဖက်အတွက်လည်း ပြင်းထန်သည့် စတေးမှု ဖြစ်ပေါ်စေသည်။

—— ယူကရိန်း Interfax သတင်းဌာန ဖော်ပြချက်အရ ရုရှားစစ်တပ်က မေ ၃ ရက်တွင် ယူကရိန်းအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသရှိ ဘူတာအများအပြားကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

—— ယူကရိန်း-ရုရှား ပဋိပက္ခဖြစ်ပွားပြီးကတည်းက ယူကရိန်းသည် နိုင်ငံတကာဘဏ္ဍာရေးအကူအညီ ယူရို ၄.၅ ဘီလီယံ ရရှိခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာပင် ကမ္ဘာ့ဘဏ်က ယူကရိန်းသို့ ငွေကြေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ခဲ့သည်။ ယင်းကူညီမှုကို ယူကရိန်းမှ ပြန်လည်ပေးဆပ်ရန်မလိုအပ်ကြောင်း သိရသည်။

——မေ ၃ ရက် ညနေပိုင်တွင် ရုရှားစစ်တပ်က ယူကရိန်း၏ Lviv ၊ Zakarpatska oblast ၊ Kirovohradska oblast စသည့်ဒေသများကို တိုက်ခိုက်ခဲ့ကြောင်း Ukrinform သတင်းဌာန က ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် Lviv ဒေသအချို့နေရာများတွင် ရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်စေခဲ့ကြောင်း Lviv မြို့တော်ဝန် Andriy Sadovyi က ထိုနေ့တွင် ဆိုရှယ်မီဒီယာ၌ ရေသားခဲ့သည်။

—— ဘီလာရုဇ်က ၎င်း၏ ကာကွယ်ရေးတပ်ဖွဲ့များအား ဖြစ်ပေါ်လာတတ်သည့် အကျပ်အတည်းအပေါ် ပြင်ဆင်မှု နှင့် တုံ့ပြန်နိုင်မှုကို အကဲဖြတ်ရန် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဘီလာရုဇ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စစ်ဆေးမှုသည် ဥရောပနှင့် ဘီလာရုဇ်အိမ်နီးချင်းနိုင်ငံများအပေါ် မည်သည့် ခြိမ်းခြောက်မှုမျှဖြစ်စေနိုင်မည်မဟုတ်ကြောင်း လည်း ဖော်ပြထားသည်။ (Xinhua)

……………………………….
(Chinese Version)
最新动态:俄否认5月9日对乌克兰宣战 乌称冲突不会在短期内结束
新华社北京5月4日电 综合新华社驻外记者报道:据塔斯社4日报道,俄总统新闻秘书佩斯科夫当天表示,关于俄罗斯将于5月9日卫国战争胜利日宣布军事总动员的消息“不可信”“纯属无稽之谈”。当有记者问道俄罗斯是否有可能在5月9日对乌克兰宣战时,佩斯科夫再次强调“一点(可能)都没有”。乌克兰国家通讯社4日援引乌克兰国家安全与国防委员会秘书丹尼洛夫的话表示,乌俄冲突不会在短期内结束,其持续时间取决于很多因素。

——俄罗斯国防部长绍伊古在4日召开的会议上说,美国和北约正在通过提供武器为乌克兰“打气”,乌克兰境内出现的载有援乌武器弹药的北约运输工具将被俄方视为合法打击目标。绍伊古说,乌克兰东南部城市马里乌波尔处于俄军控制之下,马里乌波尔亚速钢铁厂内的乌军已被牢牢封锁。

——乌克兰国家通讯社4日援引丹尼洛夫的话报道,乌克兰缺乏足够的重型武器和装甲车,现在不可能通过军事行动解除俄方对马里乌波尔的封锁。

——乌克兰国家通讯社4日援引乌克兰副总理韦列修克的话报道,在前一日的撤离行动中,共有156人从亚速钢铁厂撤离至扎波罗热市,目前仍有数百名平民滞留在亚速钢铁厂内。

——俄罗斯国防部发言人科纳申科夫4日通报说,俄军使用高精度远程空基和海基武器摧毁了乌境内几座火车站的6处电力牵引站,顿巴斯地区的乌克兰军队通过这些火车站获得美国和欧洲国家生产的武器弹药。他说,自发起特别军事行动以来,俄军共摧毁乌军146架飞机、112架直升机、706架无人机、287套防空导弹系统、2807辆坦克和其他装甲车、321台多管火箭炮、1279门野战火炮和迫击炮、2609辆特种军用车辆。

——塔斯社4日报道,俄总统新闻秘书佩斯科夫就俄乌谈判情况表示,乌克兰政府自相矛盾的立场无法让人相信双方谈判能够取得积极进展。谈到西方制裁时,佩斯科夫强调,美国、欧洲国家等对俄制裁是一把双刃剑。这些制裁试图对俄罗斯造成伤害,但同时施加制裁的一方也将付出沉重代价。

——据乌克兰国际文传电讯社报道,乌国家铁路公司董事会主席亚历山大·卡梅申3日称,乌中部和西部地区的多处火车站当天遭到俄军袭击,但未造成人员伤亡。

——据乌克兰国家通讯社报道,乌总理什梅加尔3日在内阁会议上表示,乌俄冲突以来,乌方已收到45亿欧元的国际金融援助。仅过去一周,世界银行就向乌方提供了5亿美元的金融援助。这些援助属于赠款,无需乌克兰偿还。

——据乌克兰国家通讯社报道,当地时间3日傍晚,乌克兰的利沃夫州、外喀尔巴阡州、基洛沃格勒州等多地遭到俄军导弹袭击。利沃夫市市长萨多维伊当天在社交媒体发文称,袭击导致利沃夫市部分区域停水、停电。

——白通社4日援引白俄罗斯国防部消息说,白俄罗斯开始对该国武装力量进行突击检查,以评估部队对可能发生危机的准备情况和应对能力。该检查不会对欧洲或者白俄罗斯邻国构成任何威胁。(参与记者:黄河、李东旭、李铭、鲁金博)
图说- 5月4日,在俄罗斯首都莫斯科,参加阅兵活动彩排的军用车辆从市区驶过。新华社发(亚历山大摄)