Connect with us

Europe

သမ္မတသက်တမ်းသစ်အတွင်း ပြင်သစ်နိုင်ငံအား ပိုမိုအင်အားကြီးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မက်ခရွန်ကပြောကြား

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်အား အယ်လီဇေးနန်းတော်၌ တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မေ ၈ ရက် (ဆင်ဟွာ)

ပြင်သစ်သမ္မတ ရာထူးအပ်နှင်းခြင်းအခမ်းအနားကို မေ ၇ ရက်က အယ်လီဇေးနန်းတော်တွင် ကျင်းပခဲ့သည်။ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် မက်ခရွန်က လာမည့်သမ္မတသက်တမ်း ၅ နှစ်အတွင်း ပြင်သစ်နိုင်ငံအတွက် ပြောင်းလဲမှုအသစ်များ ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်းနှင့် ပြင်သစ်နိုင်ငံအား ပိုမိုလွတ်လပ်အားကောင်းပြီး ဥရောပငြိမ်းချမ်းရေးလမ်းစဉ်သစ်များကို တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ရာထူးအပ်နှံခြင်း အခမ်းအနားကို ထိုနေ့ ၁၁ နာရီတွင် အယ်လီဇေးနန်းတော်၌ ကျင်းပခဲ့သည်။ မက်ခရွန်က သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း ပြင်သစ်နိုင်ငံ အခြေခံဥပဒေကောင်စီ ဥက္ကဋ္ဌ Laurent Fabius က ကြေညာခဲ့သည်။

မက်ခရွန်က ၎င်း၏ သမ္မတသက်တမ်းသစ် ၅ နှစ်ကာလအတွင်း “ပြင်သစ် ၂၀၃၀” ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အတည်ပြုမည်ဖြစ်ကြောင်း ပြင်သစ်အား စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ နည်းပညာနှင့် တီထွင်ဖန်တီးမှု အင်အားကြီးနိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ရာထူးအပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

မက်ခရွန်က အနာဂတ်တွင် အစိုးရ၏အဓိကလုပ်ငန်းဆောင်တာမှာ အလုပ်အကိုင် အခွင့်အလှမ်းကို မျှမျှတတ ခွဲ‌ဝေပေးခြင်း၊ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ဂေဟစနစ် အသွင်ပြောင်းလဲရေးစသည်တို့ ပါဝင်ကြောင်း၊ အနာဂတ်မျိုးဆက်များအတွက် “နေထိုင်ရန်ပိုမိုအဆင်ပြေသော ကမ္ဘာကြီး”ဖန်တီးပေးရန် ဥတုရာသီပြောင်းလဲမှုကို ဆက်လက်ကိုင်တွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးထိန်းသိမ်းရန် အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ပြင်သစ်သည် ရုရှား-ယူကရိန်း ပဋိပက္ခ ပိုမိုပြင်းထန်မှုကို တားဆီးရန် ဥရောပသမဂ္ဂအပိုင်းမှ ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီးတွင် “ဥရောပတိုက်ငြိမ်းချမ်းရေးသစ်”ကို ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မက်ခရွန်သည် ယခင်သက်တမ်းအတိုင်း ရာထူးအပ်နှင်းခြင်းအပြီးတွင် ဂျာမနီသို့ သွားရောက်လည်ပတ်ရန် ရွေးချယ်ထားကြောင်း အယ်လီဇေးနန်းတော်က ကြေညာခဲ့သည်။ မက်ခရွန်က ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့် မေ ၉ ရက်တွင် ဘာလင်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

မာခရွန်သည် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် ၎င်း၏ ပထမဆုံးနိုင်ငံအဖြစ် ဂျာမနီနိုင်ငံသို့ သွားရောက်ရန် ရွေးချယ်ခဲ့ကြောင်း Elysee နန်းတော်က ကြေညာခဲ့သည်။သူသည် ဂျာမနီအဓိပတိ Scholz နှင့် တွေ့ဆုံရန် မေလ ၉ ရက်တွင် ဘာလင်မြို့သို့ သွားရောက်မည်ဖြစ်သည်။

လက်ရှိ သမ္မတ မက်ခရွန်သည် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ထောက်ခံမဲအများစုဖြင့် ပြန်လည်ရွေးကောက်ခံရကြောင်း ပြင်သစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်စီက ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
马克龙:在总统新任期里让法国更强大
新华社巴黎5月7日电(记者唐霁)法国总统就职典礼7日在总统府爱丽舍宫举行,连任成功的马克龙表示,希望新的五年任期里给法国带来全新变化,让法国变得更加强大和独立,推动新的欧洲和平。
就职典礼于当天11时在爱丽舍宫节日大厅举行。法国宪法委员会主席法比尤斯宣布2022年总统选举的正式结果,马克龙获得连任。
马克龙在就职典礼上说,在新的五年任期里,他将通过“法国2030”投资计划,让法国成为农业、工业、科学和创造力强国。
马克龙提出,政府未来工作重点涉及充分就业和分配公平、教育和医疗改革、生态转型等。他说,法国将继续致力于应对气候变化的挑战,为后代留下一个“更宜居的星球”。他同时强调,将加大对恐怖主义的打击力度、维护网络安全。
马克龙还说,法国将继续在欧盟层面努力,避免俄乌冲突进一步升级,并努力构建“新的欧洲和平”。
爱丽舍宫宣布,同上一任期一样,马克龙选择德国作为其就职典礼后第一个出访的国家,他将于5月9日前往柏林与德国总理朔尔茨举行会晤。
法国宪法委员会4月27日宣布,现任总统马克龙在法国总统选举第二轮投票中获得多数选票,获得连任。现年44岁的马克龙于2017年5月在总统选举第二轮投票中战胜对手,首次当选法国总统。(完)
图说- 5月7日,在法国巴黎爱丽舍宫,法国总统马克龙在就职典礼上致辞。新华社发(朱利安·马蒂亚摄)