Connect with us

Politics, Law & Military

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် ခန့်အပ်ခံရသူ ဂျွန်လီ

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံရသော John Lee အားတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ မေ ၈ ရက် (ဆင်ဟွာ)

မေ ၈ ရက်တွင် ကျင်းပသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၌ ဂျွန်လီ သည် ဟောင်ကောင်၏အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။ဂျွန်လီ၏ ဇာတိမှာ ကွန်တုန်းပြည်နယ်၊ ဖန်းယွိ ဖြစ်ပြီး ၁၉၅၇ ခုနှစ် ဒီဇင်ဘာတွင် ဟောင်ကောင်၏ အခြေခံလူတန်းစား သာမန်မိသားစုမှ မွေးဖွားခဲ့သည်။ ၎င်းသည် ပညာသင်ယူစဉ် ပညာအရည်အချင်း ထူးချွန်စွာဖြင့် အခြေခံပညာကို Sham Shui Po ရှိ Five Districts Business Welfare Association School တွင် သင်ယူခဲ့ပြီး အလယ်တန်းကို Wah Yan College, Kowloon တွင် တက်ရောက်ခဲ့သည်။

ဂျွန်လီ သည် ၁၉၇၇ ခုနှစ်တွင် ဟောင်ကောင်ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်သည့် သက်တမ်းနှစ် ၃၀ ကာလအတွင်း ၎င်းက ရဲအုပ်ကြီး၊ရဲရေးရာ လက်ထောက်ဒါရိုက်တာ၊ ရဲရေးရာ အဆင့်မြင့် လက်ထောက်ဒါရိုက်တာ၊ရဲရေးရာ လက်ထောက်ဒါရိုက်တာ (စီမံခန့်ခွဲရေး) အဖြစ် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ ဦးဆောင်မှုအောက်တွင် ဟောင်ကောင်ရဲတပ်ဖွဲ့သည် တစ်ချိန်က နာမည်ကြီးခဲ့သည့် ပြစ်မှုကြီးများကို ဖြေရှင်းနိုင်ခဲ့သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ဂျွန်လီသည် လုံခြုံရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရပြီး ရဲတပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်သည့် ကာလကို အဆုံးသတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်တွင် နိုင်ငံတော်ကောင်စီမှ ခန့်အပ်မှုအရ လုံခြုံရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအုပ်ချုပ်ရေးဆိုင်ရာအထွေထွေ ညွှန်ကြားရေးမှူးချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရ
သည်။

မကြာသေးမီနှစ်များတွင် “Hong Kong protests” ဖြင့် ရင်ဆိုင်ရာတွင်လည်ကောင်း ၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအကောင်အထည်ဖော်ရာတွင်လည်ကောင်း၊ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် ပြည့်စုံကောင်းမွန်ရေးနှင့် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးစသော အဓိကကိစ္စရပ်များတွင် ဂျွန်လီသည် ခိုင်မာသောရပ်တည်မှု၊ တာဝန်ယူမှု၊ ပြည်သူများနှင့် လက်တွေ့ကျကျ ထိတွေ့မှုတို့ဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် ဟောင်ကောင်၏ အခြေခံ အကျိုးစီးပွားများကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဟောင်ကောင်ပြည်သူလူထုတစ်ရပ်လုံ၏ ထောက်ခံမှုနှင့် လေးစားမှုကို ရရှိခဲ့သည်။

ဂျွန်လီသည် ၂၀၂၂ ခုနှစ် ဧပြီတွင် အစိုးရအုပ်ချုပ်ရေးဆိုင်ရာအထွေထွေ ညွှန်ကြားရေးမှူးချုပ် ရာထူးမှနုတ်ထွက်ကာ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမှာ နိုင်ငံအပေါ် သစ္စာစောင့်သိမှု၊ ဟောင်ကောင်အပေါ် ချစ်မြတ်နိုးမှုနှင့် ပြည်သူအပေါ် ထားသောတာဝန်ဝတ္တရားများကြောင့် ဖြစ်ပြီး အနာဂတ်တွင် ပိုမိုကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည်ကို ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျွန်လီက ကြေညာထားသည့်ရွေးကောက်ပွဲ ပလပ်ဖောင်းတွင်
ပါရှိသော အဓိကမူဝါဒ လေးခုမှာ အစိုးရ၏ အုပ်ချုပ်မှုစွမ်းရည်ကို အားကောင်းစေကာ စည်းလုံးညီညွတ်စွာဖြင့် ပြည်သူများ၏အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ ထိရောက်သော အစီအစဉ်များဖြင့်
နေထိုင်ရာနေရာများ ပိုမိုထောက်ပံ့
ပေးခြင်း၊ ဘက်စုံ
ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ဖန်တီးခြင်း၊ အများပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ကာ လူငယ်လူရွယ်များအား
အဆင့်မြင့် အခွင့်အလမ်းများ တိုး
မြှင့်ပေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ဂျွန်လီသည် ဂီတပညာကို စိတ်ဝင်စားသူ ဖြစ်သည်။ ၎င်းသည် ဇနီးဖြစ်သူ Janet Lam နှင့် ၁၉၈၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

新闻人物:香港特区第六任行政长官人选李家超
官人选李家超
新华社香港5月8日电(记者查文晔)在8日举行的香港特别行政区第六任行政长官选举中,李家超当选为香港特区行政长官人选。
李家超籍贯广东番禺,1957年12月出生于香港一个基层家庭,小学就读深水埗五邑工商总会学校,中学就读于九龙华仁书院,成绩优异。
1977年,李家超加入香港警队,任职见习督察。在30多年的警队生涯中,他先后担任总警司、警务处助理处长、警务处高级助理处长、警务处副处长(管理)等职务。在他领导下香港警方曾破获多起轰动一时的大案。
2012年9月,李家超被任命为保安局副局长,结束警队生涯。2017年7月,经国务院任命,李家超出任保安局局长。2021年6月,李家超被国务院任命为香港特区政府政务司司长。
近年来,在应对“修例风波”、实施香港国安法、完善香港选举制度、抗击新冠疫情等重大事件中,李家超立场坚定、尽责担当、务实亲民,全力维护国家主权、安全、发展利益,全力维护香港根本利益,赢得广大香港市民的支持和尊重。
2022年4月,李家超辞去政务司司长职务并正式报名参加第六任行政长官选举。他表示,决定参选是出于对国家的忠诚、对香港的热爱和对市民的负责,有信心在未来迎接公职生涯中的最大挑战。
李家超公布的竞选政纲主要含四大政策纲要,包括强化政府治理能力,团结一致为民解困;精简程序多管齐下,提供更多安居之所;全面提升竞争实力,创造持续发展空间;同建关爱共融社会,增加青年上流机会。
李家超爱好音乐,1980年与妻子林丽婵结婚,育有两子。
编辑:孟洁