Connect with us

Asia

ဂျပန်တံငါသည်များ တောင်ပိုင်း Kurils ကျွန်းစု၌ ရေနေသတ္တဝါဖမ်းယူခွင့် ပရိုတိုကောကို ရုရှား ယာယီရပ်ဆိုင်း

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ရုရှားနှင့်ဂျပန် အဏ္ဏဝါဇီဝအရင်းအမြစ်များ ဖမ်းယူရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပရိုတိုကောကို ဂျပန်ဘက်က ဘဏ္ဍာရေးဆိုင်ရာတာဝန်ဝတ္တရားအားလုံး ဆောင်ရွက်ပြီးသည်အထိ ယာယီ ရပ်နားထားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ကြေညာခဲ့သည်။ သဘောတူညီချက် ညှိနှိုင်းမှုယာယီရပ်နားပြီးနောက် ဂျပန်တံငါသည်များကို ရုရှားနိုင်ငံ တောင်ပိုင်း Kurils ကျွန်းစု(ဂျပန်နိုင်ငံအခေါ် ‘မြောက်ပိုင်း ကျွန်းလေးကျွန်း’)အနီး ပင်လယ်ပြင်တွင် ရေနေသတ္တဝါဖမ်းယူခွင့်ကို တားမြစ်လိုက်ကြောင်း ဆိုသည်။၁၉၉၈ ခုနှစ် ရုရှား-ဂျပန် နှစ်နိုင်ငံ အဏ္ဏဝါဇီဝအရင်းအမြစ်များ ဖမ်းယူရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ပြဿနာရပ်များအတွက် နှစ်နိုင်ငံအစိုးရကြားပရိုတိုကော ရေးထိုးခဲ့ရာ ယင်းပရိုတိုကောကို အခြေခံသည့် အပြန်အလှန်လှုပ်ရှားမှုကို နှစ်ဖက် ငါးလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၏ အဓိက ဦးတည်ချက်အဖြစ် အစဉ်ထားရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ယင်းနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပရိုတိုကောသည် နှစ်နိုင်ငံအကျိုးစီးပွားချိန်ခွင်လျှာကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ပြီး တောင်ပိုင်း Kurils ကျွန်းစုအနီး ပင်လယ်ပြင်တွင် ဂျပန် တံငါသည်များက ရုရှားအတည်ပြုသော ပမဏအလိုက် ဖမ်းယူခွင့်ရကြောင်း ဆိုသည်။

ဂျပန်ဘက်က ပရိုတိုကော၌ သတ်မှတ်သည့် ငွေကြေးပမာဏကို ပေးချေရန် ရပ်တန့်လိုက်ပြီး ရုရှားနိုင်ငံ Sakhalinပြည်နယ်သို့ အခမဲ့နည်းပညာအကူအညီပေးရေး သက်ဆိုင်ရာ စာရွက်စာတမ်း လက်မှတ်ရေးထိုးမှုကို ရွှေ့ဆိုင်းလိုက်ကြောင်း၊ ၎င်းစာရွက်စာတမ်းများမှာ ရုရှား-ဂျပန်အစိုးရများကြားရှိ ဤပရိုတိုကော ထိရောက်စွာ လည်ပတ်နိုင်သော အစိတ်အပိုင်းများ ဖြစ်ကြောင်း Maria Zakharovaက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် အဆိုပါပရိုတိုကောကို ဂျပန်ဘက်က ဘဏ္ဍာရေးတာဝန်ဝတ္တရားများ အကောင်အထည်ဖော်ဆောင်သည်အထိ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းက မလွှဲသာသောကြောင့်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

——————————
(Chinese Version)

(国际)俄罗斯暂停执行有关允许日本渔民在南千
(国际)俄罗斯暂停执行有关允许日本渔民在南千岛群岛捕捞的协议
2022-06-08 00:48:32 分类: 政治法律
新华社莫斯科6月7日电(记者刘恺)俄罗斯外交部7日宣布暂停执行俄罗斯与日本关于在海洋生物资源捕捞领域合作的协议,直到日方履行所有财政义务。协议暂停后,日本渔民被禁止在俄罗斯南千岛群岛(日本称北方四岛)附近海域进行捕捞。
俄外交部发言人扎哈罗娃当天表示,1998年俄日两国就海洋生物资源捕捞领域合作的若干问题签署政府间协议,俄方一贯将基于该协议的互动视作双方渔业合作的重要方向之一。该协议建立在考虑两国利益平衡的基础上,允许日本渔民在南千岛群岛附近海域根据俄确定的配额进行捕捞。
扎哈罗娃说,日方“冻结”了协议规定的应付款项,推迟签署关于向俄罗斯萨哈林州提供无偿技术援助的相关文件,而这些文件是确保这一俄日政府间协议有效运行的组成部分。在当前形势下,俄方被迫作出暂停执行该协议的决定,直到日方履行所有财政义务。(完)
图说1:这是2021年4月16日在俄罗斯首都莫斯科拍摄的俄外交部大楼资料照片。 新华社发(叶甫盖尼·西尼岑摄)