Connect with us

Politics, Law & Military

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က သက်ဆိုင်ရာ အဖွဲ့များအားလုံး သဘောတူညီချက်မရရှိမီ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု မပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) ၏ မကြာသေးမီက ကျင်းပခဲ့သည့် အစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်ကို တရားဝင်အကြောင်းအရာပုံစံ အနေဖြင့်ဆွေးနွေးရန် တတိယအကြိမ် ဆုံးဖြတ်မှုနှင့် ပတ်သက်၍ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့က နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လက်တွေ့ကျကျ လုပ်ဆောင်ကာ သက်ဆိုင်ရာအစိုးရများကြား ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို နှောက်ယှက်ခြင်းမဟုတ်ဘဲ ထောက်ခံရမည်ဖြစ်ပြီး ၎င်းတို့က သက်ဆိုင်ရာ အဖွဲ့များအားလုံး သဘောတူညီချက်မရရှိမီ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု မပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၇ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အကြံပြုချက်အရ IAEA က အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နျူကလီးယားပစ္စည်းလွှဲပြောင်းခြင်းနှင့် အာမခံကြီးကြပ်ရေးစသည့်အကြောင်းအရာများ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အပေါ် သက်ရောက်မှုပြဿနာများ” ဆွေးနွေးရန် သီးသန့် တရားဝင်အကြောင်းအရာဆွေးနွေးမှု ပုံစံဖြင့်ဆောင်ရွက်ခြင်း တတိယအကြိမ် ဘုံသဘောတူညီချက် ရရှိခဲ့သည်။ ယင်းဆုံးဖြတ်ချက်က သုံးနိုင်ငံ၏ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နျူကလီးယားအစ္စည်းလွှဲပြောင်းခြင်းကိစ္စရပ်များအပေါ် အထူးအာရုံစိုက်ဂရုပြုကြောင်း ပေါ်လွင်နေသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုသည် နျူကလီးယား ပြန့်ပွားမှုအန္တာရာယ်၊ နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေးစနစ်ကို ထိခိုက်စေမည်ဖြစ်ပြီး စစ်ရေးယှဉ်ပြိုင်မှုကို မြှင့်တက်စေကာ ဒေသတွင်း မတည်ငြိမ်မှုကိုဖြစ်ပေါ်စေမည်ဟု တရုတ်နိုင်ငံက အကြိမ်ကြိမ်အလေးထားပြောကြားခဲ့သည်ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ သုံးနိုင်ငံနျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ အာမခံကြီးကြပ်ရေးကိစ္စက နိုင်ငံတကာနျူကလီးယား မပြန့်ပွားရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုရှိရာ အေဂျင်စီအဖွဲ့ဝင်နိုင်ငံအားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသောကြောင့် အေဂျင်စီအဖွဲ့ဝင်နိုင်ငံအားလုံးမှ အတူဆွေးနွေးညှိနှိုင်းဆုံးဖြတ်သင့်သည်။ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျတို့က နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လက်တွေ့ကျကျ လုပ်ဆောင်ကာ သက်ဆိုင်ရာအစိုးရများကြား ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို နှောက်ယှက်ခြင်းမဟုတ်ဘဲ ထောက်ခံရမည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့များအားလုံး သဘောတူညီချက်မရရှိမီ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု မပြုသင့်ကြောင်း ၎င်းကဆိုသည်။

နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကို အခြေခံသည့် အပြည်ပြည်ဆိုင်ရာ မပြန့်ပွားရေးစနစ်ကို အတူကာကွယ်ရန်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် သုံးနိုင်ငံနျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွင် တက်ကြွစွာပါဝင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

————————

(Chinese Version)

外交部:在各方达成共识之前美英澳不应开展核潜艇合作

新华社北京6月7日电(记者马卓言)针对国际原子能机构日前召开理事会,第三次决定以正式议题形式讨论美英澳核潜艇合作问题一事,外交部发言人赵立坚7日在例行记者会上回答提问时表示,美英澳应切实履行核不扩散义务,支持而不是阻挠政府间讨论进程,在各方达成共识之前不应开展核潜艇合作。

赵立坚说,在中方主张下,国际原子能机构理事会第三次以协商一致方式决定设置单独的正式议题,专门讨论“美英澳核潜艇合作所涉核材料转让及其保障监督等影响《不扩散核武器条约》各方面的问题”。这充分反映国际社会对三国核潜艇合作所涉武器级核材料转让问题的高度关注和严重关切。

赵立坚说,中方多次强调,美英澳核潜艇合作构成严重核扩散风险,冲击国际核不扩散体系,加剧军备竞赛,破坏地区和平稳定。三国核潜艇合作涉及的保障监督问题对国际核不扩散体系有重要影响,关乎机构所有成员国利益,应由机构所有成员国共同讨论决定。美英澳应切实履行核不扩散义务,支持而不是阻挠上述政府间讨论进程,在各方达成共识之前不应开展核潜艇合作。

“中方呼吁机构所有成员国支持并积极参与机构关于三国核潜艇合作的讨论,共同捍卫以《不扩散核武器条约》为基石的国际核不扩散体系,维护国际和平与安全。”他说。