Connect with us

Asia

စီးပွားရေးအကျပ်အတည်းကြားတွင် သီရိလင်္ကာ တိရစ္ဆာန်ရုံများရှိ တိရစ္ဆာန်များ အစာကျွေးရန် ငွေကြေးပြတ်လပ်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Dehiwala တိရစ္ဆာန်ရုံ၌ ငှက်ကုလားအုတ်တစ်ကောင်အား ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းကြားထဲတွင် တိရစ္ဆာန်ရုံများရှိ တိရစ္ဆာန်များအား နေ့စဉ်အစားအစာများ ထောက်ပံ့ပေးရန် ရန်ပုံငွေကုန်ဆုံးသွားကြောင်း တောရိုင်းတိရစ္ဆာန်ဝန်ကြီးဌာနအား သတ္တဗေဒဌာနက အကြောင်းကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။နိုင်ငံခြားခရီးသွားဧည့်သည်များ နှင့် ပြည်တွင်းလာရောက်လည်ပတ်သူများ ကျဆင်းလာခြင်းကြောင့် ရန်ပုံငွေပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Dehiwala တိရစ္ဆာန်ရုံ၌ ရေမြင်းတစ်ကောင်အား ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရက ခွဲဝေသတ်မှတ်ပေးသည့် နှစ်စဉ်ဘတ်ဂျက်ငွေကြေးသည် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။

တောရိုင်းတိရစ္ဆာန်ဝန်ကြီးဌာနက တိရစ္ဆာန်များကို အစာကျွေးမွေးရေးအတွက် ငွေကြေးခွဲဝေမှုများ ပေးရန် ဘဏ္ဍာရေးဌာန နှင့် ဆွေးနွေးတိုင်ပင်ရန် အဆင့်ဆင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ Dehiwala တိရစ္ဆာန်ရုံသည် အာရှရှိ သက်တမ်းရင့် တိရစ္ဆာန်ရုံများအနက် တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ တိရစ္ဆာန် အများအပြားစုစည်းထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် ဆေးဝါး ၊ လောင်စာ နှင့် အစားအစာ ကဲ့သို့သော အခြေခံလိုအပ်ချက်များ ချို့တဲ့မှုများ ဖြစ်စေသည့် နိုင်ငံခြားငွေကြေးလဲလှယ်မှု ပြတ်လပ်ခြင်းကြောင့် အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်း ရင်ဆိုင်တွေ့ကြုံနေရကြောင်း သိရသည်။ (Xinhua)

————————
(English Version)

Sri Lankan zoos run out of money to feed animals amid economic crisis
COLOMBO, June 7 (Xinhua) — Sri Lanka’s Department of Zoology has informed the Wildlife Ministry that it has run out of funds to provide daily food to animals in zoos amid the South Asian country’s ongoing economic crisis, local media have reported.
Department officials, quoted by media reports, said that there has been a severe shortage of funds due to the declining number of foreign tourists and local visitors.
They said the money allocated by the government in its yearly budget had also been running out.
The wildlife ministry had told the officials that steps would be taken to consult with the treasury to provide financial allocations to feed the animals.
Sri Lanka’s Dehiwala Zoological Garden, one of the oldest zoos in Asia, has a substantial collection of worldwide animals.
Sri Lanka is suffering one of its worst economic crises due to a foreign exchange shortage, which has led to lack of essentials such as medicines, fuel and food. ■
Photo 1 – An ostrich is seen at Dehiwala Zoological Garden in Colombo, Sri Lanka, June 5, 2022. (Xinhua/Tang Lu)
Photo 2 – A hippo is seen at Dehiwala Zoological Garden in Colombo, Sri Lanka, June 5, 2022. (Xinhua/Tang Lu)
Photo 3 – Flamingos are seen at Dehiwala Zoological Garden in Colombo, Sri Lanka, June 5, 2022. (Xinhua/Tang Lu)