Connect with us

Social

အခက်အခဲများကို အတူကျော်ဖြတ်ကြမည်- မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများက လူမှုရေးတာဝန်များအား တစ်ထောင့်တစ်နေရာမှ ထမ်းဆောင်ကြ

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ကိုဗစ်-၁၉ ကပ်ရောဂါ ၃ နှစ်နီးပါး ဖြစ်ပွားခြင်းနှင့် အခြားသော အကြောင်းရင်းအမျိုးမျိုးကြောင့် တစ်ကမ္ဘာလုံးငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်မားမှုများ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အလားတူ ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းများနှင့်ရင်ဆိုင်နေရကြောင်း၊ ယခု ၃ နှစ်နီးပါးကြာ ကာလတွင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု အထည်ချုပ်လုပ်ငန်းများသည် ရှင်သန်ရပ်တည်ရေး အခက်အခဲအမျိုးမျိုးကို ကျော်လွှားရင်း ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကြိုးစားရုန်းကန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအသင်း (China Enterprises Chamber of Commerce in Myanmar )မှ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူစားသုံးမှုအားလျော့သွားခြင်း၊ နိုင်ငံရေးအကြောင်းရင်း၊ ရာသီဥတုအကြောင်းတရားများကြောင့် လာမည့်လပိုင်းများတွင် စက်ရုံများ၌ အော်ဒါမပြည့်မှုများနှင့် ဆိုးဝါးစွာကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်လုပ်ငန်းများက လူမှုရေးလုပ်ငန်းများ၊ စက်ရုံဝန်ထမ်းများ၏မိသားစုအခြေအနေများကို အထူးဂရုပြုလျက်ရှိရာ ရပ်ကွက်ကျေးရွာနှင့် ဝန်ထမ်းမိသားစုများ၏ အခက်အခဲကို သိရှိရကာ ရပ်ကွက်နေလူထုနှင့်ဝန်ထမ်းမိသားစုများအား ငွေကြေးသော်လည်းကောင်း၊ ဆန်၊ ဆီစသည့် စားသောက်ကုန်ပစ္စည်းများကိုသော်လည်းကောင်း နည်းလမ်းအသွယ်သွယ်ဖြင့် တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ထိုသို့လူမှုတာဝန်များအား ထမ်းဆောင်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကြသည့် ကုမ္ပဏီများအနက် Kaixi ( Myanmar )Fashion Co.,Ltd ၊ Handa(Yangon)Garment Co.,Ltd ၊ Hanboom(Myanmar)Garment Co.,Ltd ၊ Tian Yu International Co.,Ltd ၊ TianJin Golden Mountain Trade Co.,Ltd ၊ Costec International Co.,Ltd စသည့်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————————-

中缅胞波,共克时艰|在缅中资企业主动践行企业社会责任

记者从缅甸中国商会纺织服装分会了解到,持续近三年的疫情,及其它各种因素导致的全球通胀,物价上升,缅甸也面临同样的问题及困难,近三年在缅投资的中资服装企业克服各种困难求生存,谋发展,保缅甸就业的方针!虽然因全球消费疲软,政治因素,季节原因,接下来几个月工厂面临订单严重不足,但在缅中资纺织服装企业家时刻关注社区,及员工工厂家庭生活情况,了解到社区村民及员工家庭困难后,通过不同形式如发放现金,米油等物资补贴社区民众,及员工家用。
典型的企业有以下几个:
凯熙(缅甸)服饰有限公司 Kaixi ( Myanmar )Fashion Co.,Ltd
恒田(仰光)制衣有限公司 Handa(Yangon)Garment Co.,Ltd
恒博(缅甸)服饰有限公司 Hanboom(Myanmar)Garment Co.,Ltd
天宇国际有限公司 Tian Yu International Co.,Ltd
TianJin Golden Mountain Trade Co.,Ltd
科思特国际有限公司 Costec International Co.,Ltd

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.