Connect with us

Social, Education & Health

ဆောင်းဦးလလယ် လမုန့်ပွဲတော်အကြိုကာလ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”အား စာသင်ကျောင်းများတွင် ဆက်လက်ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ်ကို စက်တင်ဘာလ ၄ ရက်က BoWen School ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါအစီအစဉ် အခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ BoWen School မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့် ၊ ဒုတိယကျောင်းအုပ်ကြီး Yan Lili နှင့် ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် ကျောင်းခန်းမဆောင်၌ ဆောင်းဦးလလယ် လမုန့်ပွဲတော် အကြောင်းအရာများဖြစ်သည့် “ဆောင်းဦးကောက်နှံ”၊ “တမ်းတတယ်ဆို တမ်းတလိုက်ပါ” နှင့် “လဗိမာန်နန်း” အစရှိသော ဗီဒီယိုများကို ထုတ်လွှင့်ပြသပြီး တရုတ်ပြည်သူများ လမုန့်ပွဲတော် ကျင်းပပြုလုပ်ကြသည့် မြင်ကွင်းများနှင့် လမုန့်ပွဲတော်၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ဒဏ္ဍာရီပုံပြင်များကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် ပွဲအစီအစဉ်တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေးအကြောင်းအရာများ ပါဝင်သော “Fujian Puppetry” ၊ “Sanxingdui: Rediscovering a Lost Civilization” နှင့် “The Travelling Cinema” တရုတ်မှတ်တမ်းရုပ်ရှင် ၃ ကားကို ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားပေါင်း ၄၀၀ ကျော်တို့က စာသင်ခန်း ၁၆ ခန်း၌ အသီးသီး ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဤပွဲအစီအစဉ်တွင် ပါဝင်ကြသော မြန်မာကျောင်းသားများ တရုတ်ယဉ်ကျေးမှုအကြောင်းကို ပျော်ရွှင်စွာ သင်ယူလေ့လာနိုင်ရန်အတွက် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဦးသူဖြေစနစ် ဗဟုသုတအမေးအဖြေကဏ္ဍနှင့် စိတ်ဝင်စားဖွယ် “ခန့်မှန်းကာ အဖြေရှာ” အစီအစဉ်များကိုလည်း စီစဉ်ကျင်းပခဲ့ရာ ကျောင်းသူ/ကျောင်းသားများကလည်း ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တရုတ်ရုပ်ရှင်ကြည့်ရှုခြင်းသည် တရုတ်ယဉ်ကျေးမှုလေ့လာခြင်းတစ်မျိုး ဖြစ်သလို ဆောင်းဦးလလယ် လမုန့်ပွဲတော်သည် တရုတ်လူမျိုးတို့၏ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ပြန်လည်ဆုံစည်းခြင်း၊ သင့်မြတ်ခြင်းနှင် သာယာကောင်းမွန်သောဘဝကို လိုလားတောင့်တခြင်းဟူသော ခံစားချက်ကို ဖော်ဆောင်ခြင်းဖြစ်သည့် ဆောင်းဦးလလယ် လမုန့်ပွဲတော် အကြိုကာလ အခါသမယတွင် တရုတ်ယဉ်ကျေးမှုစင်တာက BoWen School ၌ တရုတ်မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့် တရုတ်ယဉ်ကျေးမှုများအား ကျောင်းသူ/ကျောင်းသားများနှင့်အတူ ပျော်ရွှင်စွာ လေ့လာခံစားခြင်းသည် စာသင်ကျောင်းအတွင်း ယဉ်ကျေးမှုသင်ယူလေ့လာရေးကဏ္ဍကို ပို၍စုံလင်ကြွယ်ဝစေသလို အပြန်အလှန်နားလည်မှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပို၍ တိုးပွားစေကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.